အိမ်ခေါင်မိုးထဲမှာ ကိုယ်လုံးကြီးဆန့်ထုတ်ပြီး အေးအေးလူလူအိပ်နေတဲ့ ဧရာမမြွေကြီး

အခုဖော်ပြမယ့် ဖြစ်ရပ်ကတော့ မြွေကြောက်သူတွေအဖို့ ကြက်သီးထဖွယ် နောက်ထပ် ဖြစ်ရပ်တစ်ခုပဲ ဖြစ်ပါတယ်။ ဘန်ကောက်မြို့ အိမ်တစ်အိမ်မှာ ကြောက်မက်ဖွယ်ရာ အရှည်(၁၉)ပေလောက်ရှိတဲ့ ဧရာမမြွေကြီးတစ်ကောင်ဟာ အိမ်ခေါင်မိုးကြားထဲ ကိုယ်လုံးကြီးဆန့်ပြီး အိပ်ပျော်နေတာကို တွေ့ရှိခဲ့ပါတယ်။ တွေ့ရတဲ့ အချိန်ကလည်း ညနက် သန်းခေါင် ည(၁) နာရီအချိန်ကြီးမှာပါ။

Photo: Facebook/ Bang Na Fire Department
Photo: Facebook/ Bang Na Fire Department

ဘန်ကောက်မြို့ရဲ့ ဘန်နန်းခရိုင် မီးသတ်ဌာနကတော့ မြွေကြီးနဲ့ ပတ်သက်လို့ အွန်လိုင်းပေါ်မှာ အခုလို တင်ထားပါတယ်။ “အမယ်လေးးးး… ကျွန်တော်တို့ စပါးအုံးကြီးတစ်ကောင်နဲ့ ပတ်သက်ပြီး သတင်းရခဲ့ပါတယ်။ စပါးအုံးကြီးက အိမ်ခေါင်မိုးပေါ်မှာ ရှိနေခဲ့တာပါ…”

Photo: Facebook/ Bang Na Fire Department

အိမ်ကို မီးသတ်ရဲဘော်တွေ ရောက်သွားတဲ့အခါမှာ မြွေကြီးဟာ ခေါင်မိုးတစ်လျှောက် ကိုယ်လုံးကို ဆန့်တန်းထားပြီး ခေါင်းက တံခါးနားမှာ၊ အမြီးက အခန်းရဲ့ အခြားတစ်ဖက်ဆီ ရောက်နေတာကို တွေ့လိုက်ရပါတယ်။ အခန်းက (၁၉)ပေလောက် ကျယ်ဝန်းတာကြောင့် မြွေကြီးအဖို့ ကောင်းကောင်း ဆန့်ထုတ်ပြီး အိပ်နေနိုင်တာပဲ ဖြစ်ပါတယ်။ “မြွေကြီးကို အောက်ချဖို့က တော်တော်လေး ခက်တယ်ခင်ဗျာ။ ပိုခက်တာက ဒီကောင်ကြီးကို အိတ်ထဲ ထည့်သယ်သွားဖို့ပဲ။ ဒါပေမယ့်လည်း ကျွန်တော်တို့ အောင်မြင်ခဲ့ပါတယ်။ အခုကစပြီး အိမ်ပိုင်ရှင် ကောင်းကောင်းမွန်မွန်နဲ့ အိပ်နိုင်ပါပြီ…” လို့ မီးသတ်ဌာနက ရေးသားခဲ့ပါတယ်။

READ
မိခင်ရဲ့ ဗိုက်ထဲကနေ သိသိသာသာ ခြေစွမ်းပြနေတဲ့ ကလေးငယ်
Photo: Facebook/ Bang Na Fire Department
Photo: Facebook/ Bang Na Fire Department

အိမ်ပိုင်ရှင်ဖြစ်တဲ့ သနကွန်ကတော့ ဖေ့စ်ဘုတ်ပေါ်မှာ မီးသတ်ဌာနကို ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ မြွေကြီးကိုတော့ မီးသတ်ဌာနကနေ သစ်တောဌာနကို ပို့ဆောင်ခဲ့ပြီး သစ်တောဌာနကနေ တဆင့် သဘာဝစားကျက်ထဲကို ပြန်လွှတ်ခဲ့ကြောင်း သိရပါတယ်။

Photo: Facebook/ Bang Na Fire Department
Photo: Facebook/ Bang Na Fire Department

လင်းလင်း (ShweMom)

Ref: coconuts

SHARE