ချစ်သူတို့အတွက် နိုင်ငံပေါင်း(၁၁)နိုင်ငံကို ခုတ်မောင်းမယ့် ဒ်ါလာ၁.၂သန်းတန် သင်္ဘောခရီးစဉ်

Website-Six Star Cruises

လူကြိုက်များတဲ့ luxury ခရီးစဉ်တွေထဲ cruise ကြီးစီးကာ သွားရတဲ့ခရီးစဉ်တွေဟာ လူကုံထန်အသိုင်းအဝိုင်းကြားထဲ တော်တော်လေးကိုခေတ်စားလာခဲ့ကြပါတယ်။ ဒီတစ်ခေါက်ခရီးသွားကဏ္ဍအတွက် မိတ်ဆက်ပေးချင်တာကတော့ Six Star Cruises ဆိုတဲ့ ဇိမ်ခံသင်္ဘောကုမ္ပဏီမှ ခုတ်မောင်းမယ့် ဒေါ်လာ ၁.၂ သန်းတန် ခရီးစဉ်အကြောင်းပါ။

ဒေါ်လာ ၁.၂ မီလီယံဆိုတာ မြန်မာငွေနဲ့ဆိုရင်တော့ သိန်းပေါင်း ၁ သောင်း ၈ ထောင်နဲ့ ၅ ရာကျော်လောက်ရှိပါတယ်။ သိန်းပေါင်း ၁ သောင်း ၈ ထောင့် ၅ ရာနဲ့ ချစ်သူလေးလက်ကိုတွဲပြီး ၄ လအကြာ ကမ္ဘာပတ်ကြမယ်ဆိုရင်ရော? အစီအစဉ်အသေးစိတ်ကိုတော့ Six Star Cruises မှ ကိုးကားဖော်ပြပေးလိုက်ပါတယ်။

Website-Six Star Cruises

အပေါ်မှာပြောခဲ့တဲ့အတိုင်းပဲ စုံတွဲတွေအတွက် အထူးလုပ်ပေးထားတာဖြစ်ပြီး ဈေးနှုန်းကတော့ စုံတွဲတစ်တွဲကို ၁.၂ အမေရိကန်ဒေါ်လာ ကျသင့်မှာဖြစ်ပါတယ်။ အရင်ဆုံးကတော့ လန်ဒန်မှ သင်္ဘောစထွက်မယ့် ဒူဘိုင်းသို့ Emirates လေယာဉ်ကြီးရဲ့ First Class မှာ လိုက်ပါစီးနင်းရမှာပါ။ ရက်စွဲအတိအကျဆိုရင်တော ၂၀၂၁ နိုဝင်ဘာလ ၁၁ ရက်နေ့မှစကာ ၂၀၂၂ မတ်လ ၁၃ ရက်နေ့မှာ လန်ဒန်သို့ ပြန်ရောက်ပါမယ်တဲ့။

READ
ကမ္ဘာပေါ်က စိတ်လှုပ်ရှားပျော်ရွှင်ဖွယ် အကောင်းဆုံးမြို့ (၃၂)မြို့

ရက်ပေါင်းကတော့ စုစုပေါင်း ၁၂၃ ရက်ကြာမြင့်မှာဖြစ်ပြီး လန်ဒန်၊ တိုကျို၊ ဒူဘိုင်း၊ ဘန်ကောက်နဲ့ ဟောင်ကောင် အစရှိတဲ့ ကမ္ဘာ့နိုင်ငံပေါင်း ၁၁ နိုင်ငံကို ဖြတ်သန်းကာ ဆိပ်ကမ်းပေါင်း ၄၁ ခုတို့မှာရပ်နားမှာပါ။ တချို့နိုင်ငံတွေမှာဆိုရင်တော့ ညနေညနေအထိပါ အချိန်ပေးရပ်နားဦးမှာဖြစ်တဲ့အတွက် အချိန်ရရင်ရသလို လျှောက်လည်လို့လည်း ရဦးမှာဖြစ်ပါတယ်။ လည်ပတ်ဖို့ကိုလည်း ကိုယ်ပိုင်ဂျက်လေယာဉ်တွေ စီစဉ်ပေးခြင်း အနည်းဆုံး ကြယ်ငါးပွင့်မှ ကြယ်ခုနစ်ပွင့်ဟိုတယ်များတွင် တည်းခိုခြင်း၊ ခရီးစဉ်နဲ့စားသောက်ဆိုင်တွေ စီစဉ်ပေးခြင်းတို့ကိုလည်း လုပ်ဆောင်ပေးဦးမှာပါတဲ့။

Website-Six Star Cruises

ပင်လယ်သမုဒ္ဒရာထဲမှာဆိုရင်လည်း ခရီးသည်တွေဟာ ကမ္ဘာ့ luxurious အဖြစ်ဆုံး သသင်္ဘောကြီးသုံးစင်းပေါ်မှာ ခရီးထွက်နားနေရမယ်ဆိုတော့..

Website-Six Star Cruises
Website-Six Star Cruises
Website-Six Star Cruises

သင်္ဘောပေါ်က အိပ်ခန်းတွေကတော့ ဒီလိုပါ။ ၄,၄၄၃ စတုရန်းပေကျယ်ဝန်းပြီး အိပ်ခန်းနှစ်ခန်းနဲ့ ရေချိုးခန်းအိမ်သာအတွဲ ၂ ခန်းခွဲပါဝင်လို့နေပါတယ်။ ပီကာဆိုပန်းချီတွေ ချိတ်ဆွဲပေးထားပြီး စန္ဒရားလေးတောင် ပါသေးသတဲ့။ အခန်းတစ်ခန်းချင်းစီတိုင်းမှာ ကိုယ်ပိုင်ဝရံတာလေးပါတာကြောင့် နေပူဆာလှုံဖို့အတွက်လည်း အခွင့်သာစေမှာပါ။

READ
(၂၀၁၈)ခုနှစ်မြင်းပွဲသဘင်ဆီ ရိုးရာဓလေ့အတိုင်း အမိုးတပ်လှည်းနဲ့ခရီးထွက်လာကြသူများ
Website-Six Star Cruises
0
Website-Six Star Cruises

ဒီအပြင် ရေနွေးစိမ်ကန်တွေ၊ ချွေးထုတ်ခန်းတွေအပြင် စကျင်ကျောက်တဲ့ပြုလုပ်ထားတဲ့ အနှိပ်ခုံကြီးမှာ လဲလျောင်းပြီး spa လုပ်ပေးမယ့် ဝန်ဆောင်မှုတွေကလည်း အပြည့်။ ပိုက်ဆံလည်း ထပ်ပေးစရာမလိုဘူးတဲ့လေ။ ရေကူးကန်လည်းပါဝင်ဦးမှာမလို့ သင်္ဘောပေါ်ကခံစားခွင့်ကတော့ အပြည့်ပါပဲ။

Website-Six Star Cruises
Website-Six Star Cruises
Website-Six Star Cruises

Penny

SHARE