ထာဝရ လက်တွဲချင်တဲ့ စုံတွဲတွေ လိုက်နာရမည့် နည်းလမ်း(၆)ခု

ဘယ်သူမဆို ကိုယ်ချစ်တဲ့သူနှင့် ရှင်ကွဲကွဲရမယ့် အဖြစ်ဆိုးကို မလိုလားကြပါဘူး။ ဒါကြောင့် သင်တို့နှစ်ယောက် ဆက်ဆံရေးကို ထာဝရတည်မြဲစေမယ့် နည်းလမ်းများကို ဝေမျှလိုက်ပါသည်။

(၁) သင် အမြဲတမ်း မမှန်နိုင်ဘူးဆိုတာ လက်ခံထားပါ

အမြဲတမ်း ဘယ်သူမှ မမှန်နိုင်ပါဘူး။ ဒါကြောင့် သင် ထင်တာ၊ တွေးတာ၊ လုပ်တာတွေက အမြဲတမ်း မှန်တယ်လို့ ကြွေးကြော်ပြီး အငြင်းပွားစရာကိစ္စတွေကို မစတင်ပါနဲ့။ သင်တို့နှစ်ယောက်လုံး အလျော့မပေးချင်တဲ့အခါ အဲဒီအငြင်းအခုန်ကိစ္စဟာ ပြီးမှာမဟုတ်တော့ပါဘူး။

(၂) ပြသာနာတွေကို ဖုံးကွယ်မထားပါနဲ့

တစ်ယောက်ကို တစ်ယောက် ပွင့်ပွင့်လင်းလင်းပြောပြီး ရိုးသားခိုင်မြဲတဲ့ဆက်ဆံရေးတစ်ခုကို ထိန်းသိမ်းထားပါ။ သူ စိတ်အနှောင့်အယှက် ဖြစ်မှာ စိုးတဲ့ စိတ်နဲ့ သင့်ပြသာနာတွေကို သူ မသိအောင် ဖုံးကွယ်မထားနဲ့။ တစ်ယောက်ပြသာနာ ဖြစ်တဲ့အခါ အခြားတစ်ယောက်က ကူညီဖြေရှင်းပေးရမှာ စုံတွဲတွေရဲ့ တာဝန်ပါ။ ပြသာနာတွေကို မျှဝေပေးလိုက်တာဟာ တစ်ဝက်ခွဲပေးလိုက်တာနဲ့ အတူတူပါပဲ။ သင့်ပြသာနာတွေကို မဖုံးကွယ်မထားနိုင်တော့တဲ့ အချိန်ရောက်တဲ့အခါ သူဟာ သင့်ကို ၀န်ထုပ်ဝန်ပိုးဖြစ်အောင် လုပ်မိနေတဲ့သူလို့ တွေးတော့မှာပါ။

READ
သူ့ကိုစိတ်မ၀င်စားဘူးလို့တွေးမိစေတဲ့ သင့်ရဲ့အပြုအမူများ

(၃) အချိန်ပေးပါ

တစ်ယောက်က အလုပ်ကို အစောကြီး သွားရတယ်။ တစ်ယောက်က အလုပ်ကနေ နောက်ကျမှ ပြန်လာရတယ်။ ပိတ်ရက်တွေမှာလည်း တစ်ယောက်ကို တစ်ယောက် အချိန်မပေးနိုင်ပါဘူးဆိုရင်တော့ သင်တို့ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းဖို့ ခက်ခဲပါလိမ့်မယ်။ ဒါကြောင့် သင်တို့ဆက်ဆံရေးကို ခိုင်မြဲအောင် တစ်ယောက်ကို တစ်ယောက် အချိန်ပေးသင့်ပါတယ်။ စိတ်ဝင်စားစရာကောင်းပြီး ပျော်ရွှင်စရာကောင်းတဲ့အရာတွေကို နှစ်ယောက်အတူတူ လုပ်ဆောင်ပေးပါ။

(၄) ပြောင်းလဲဖို့ မကြိုးစားပါနဲ့

လူတစ်ယောက်ကို ပြောင်းလဲဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ပြီးတော့ လူတိုင်းမှာ အပြစ်အနာအဆာဆိုတာ ရှိပါတယ်။ သင့်အပြစ်အနာအဆာတွေရော သင့်လက်တွဲဖော်မှာ ရှိတဲ့ အပြစ်အနာအဆာတွေအားလုံးကို လက်ခံပေးပါ။ သင်တို့နှစ်ယောက်ရဲ့ မတူညီမှုတွေကိုလည်း တန်ဖိုးထားပါ။

(၅) အပေးအယူလုပ်ဖို့ မကြောက်ပါနဲ့

သင့်ကို ကိုးလလွယ်ပြီး မွေးပေးထားတဲ့ သင့်အမေနှင့်တောင် အမြဲတမ်း စိတ်သဘောထားမတိုက်ဆိုင်နိုင်ပါဘူး။ ဒါကြောင့် သူစိမ်းတစ်ယောက်ဖြစ်တဲ့ သင့်လက်တွဲဖော်နှင့် အမြဲတမ်း စိတ်သဘောထားတိုက်ဆိုင်ဖို့  မမျှော်လင့်ပါနဲ့။ ခိုင်မြဲတဲ့ဆက်ဆံရေးတစ်ခုကို ထိန်းသိမ်းထားချင်ရင် အပေးအယူလုပ်ပြီး ညှိုနှိုင်းတတ်အောင် သင်ထားသင့်ပါတယ်။

READ
သင့်ကောင်လေး သင့်ကိုတကယ်လက်ထပ်ဖို့အထိရည်ရွယ်ထားလား သိနိုင်တဲ့နည်းလမ်း(၆)ခု

(၆) စိတ်ထဲမထားပါနဲ့

သင့်ကို လူတစ်ယောက်က နာကျင်စေတိုင်း ပြန်ကလဲ့စားချေတာ သင့်အတွက် ကောင်းတဲ့ကိစ္စတစ်ခုမဟုတ်ပါဘူး။ သင့်ရည်းစားက သင့်ကို နာကျင်အောင် လုပ်မိတဲ့ကိစ္စတွေကို စိတ်ထဲ မှတ်ထားပြီး အခွင့်အခါသင့်တဲ့အခါ
ပြန်ကလဲ့စားချေဖို့ ကြိုးစားတာက သင်တို့ဆက်ဆံရေးကို အမှန်တကယ် ပျက်စီးစေပါလိမ့်မယ်။ ဒါကြောင့် ခွင့်လွှတ်တတ်အောင် သင်ယူပါ။ ပြီးတော့ မေ့ပစ်သင့်တာကို မေ့ပစ်လိုက်ပြီး ရှေ့ဆက်သွားပါ။

(Shwemom)

Ref: beautyandtips.com

SHARE