နေပူဆာလှုံခြင်းကြောင့် မထင်မှတ်ဘဲ ရရှိနိုင်တဲ့ အံ့မခမ်း အကျိုးကျေးဇူး (၆) ခု

[email protected]

အပင်တွေပဲ နေရောင်ကနေ စွမ်းအင်တွေယူတတ်တာမဟုတ်ပါဘူး။ ကျွန်တော်တို့လို့ သတ္တဝါတွေဟာလည်း နေရောင်ခြည်ကနေပြီး စွမ်းအားတချို့ကို စုတ်ယူကာ ခန္ဓာကိုယ်အတွက် ကောင်းကျိုးတွေအဖြစ် ပြောင်းလဲနိုင်စွမ်းရှိတတ်ပါတယ်။ ရှေးတုန်းက လူကြီးတွေဆို မနက်ခင်း ၆ နာရီ မှ ၈ နာရီမထိုးခင်အချိန်လေးတွေမှာ နေရောင်ခြည်ထဲထွက်ပြီး နေပူဆာလှုံတတ်ကြတာ မြင်ဖူးကြမယ်ထင်ပါတယ်။ ဘာကြောင့်များဖြစ်မလဲ။ ဒီတစ်ခေါက်မှာတော့ သင်တို့အတွက် ကျန်းမာရေးဗဟုသုတအဖြစ် မနက်ခင်းနေရောင်ခြည်နဲ့ နေပူဆာလှုံခြင်းကြောင့် ရရှိလာနိုင်တဲ့ အံ့မခမ်းအကျိုးကျေးဇူး ၆ ခုအကြောင်ကို ဖော်ပြပေးမှာဖြစ်ပါတယ်။ ဆောင်းတွင်းကာလဆိုတာ နေပူဆာလှုံဖို့ အကောင်းဆုံးမဟုတ်လား။

(၁) သွေးတိုးလျော့ကျစေခြင်း

နေပူဆာလှုံခြင်းဟာ သွေးတိုးလျော့ကျစေတယ်ဆိုကြီး Edinburgh တက္ကသိုလ်မှ သုတေသီများက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ နေရောင်နဲ့အရေပြားထိလိုက်တာနဲ့ သွေးကြောတွေထဲကို nitric oxide ဆိုတဲ့ ဒြပ်ပေါင်းတစ်မျိုး ထုတ်လွှင့်ပေးလိုက်ပါတယ်။ အဲဒီ ဒြပ်ပေါင်းဟာ သွေးတိုးခြင်းကို လျော့ကျစေတာပဲဖြစ်ပါတယ်။ ဒါကြောင့် နှလုံးဖောက်တာ၊ လေဖြန်း၊ လေဖြတ်တာတွေ၊ ကင်ဆာဖြစ်နိုင်ချေရှိနေတဲ့ဆဲလ်တွေ အစရှိတာတွေကို လျော့ကျစေမှာပါ။

READ
ကိုယ်အလေးချိန်ကျလိုသူတွေ ရှိရမည့်စိတ်နေသဘောထား

(၂) အရိုးကျန်းမာရေး

နေပူဆာလှုံခြင်းနဲ့ အရိုးကျန်းမာရေးတို့ဟာလည်း ဆက်စပ်လျက်ရှိနေပါတယ်။ နေရောင်ကနေ ဗီတာမင် ဒီ ဓာတ် ရတယ်ဆိုတာကတော့ အားလုံးသိထားပြီးကြမှာပါ။ အဲဒီ ဗီတာမင် ဒီ ဓာတ်ဟာ အရိုးက ကယ်လ်ဆီယမ်နဲ့ ဖော့စဖောရပ်ဓာတ်တွေကို စုတ်ယူမှု အားကောင်းစေတာကြောင့် အရိုးတွေကို အားကောင်းစေမှာပါ။

[email protected]

(၃) ဦးနှောက်လုပ်ဆောင်မှုများ

နေရောင်ခြည်မှ အဓိကရတဲ့ ဗီတာမင် ဒီ ဓာတ်အနေနဲ့ နောက်ထပ် အကျိုးပြုတဲ့ ခန္ဓာကိုယ်လုပ်ငန်းစဉ်ကတော့ ဦးနှောက်ရဲ့လုပ်ဆောင်မှုတွေကို မြှင့်တင်ပေးပါသေးတယ်။ ဒါကိုတော့ Cambridge တက္ကသိုလ်မှ သိပ္ပံပညာရှင် David Llewellyn မှ ဦးဆောင်ကာ အင်္ဂလန်မှာ စစ်တမ်းတွေကောက်ယူခဲ့တာပါ။ အဓိကကတော့ hippocampus မှာရှိနေတဲ့ ဆဲလ်တွေရဲ့ဖွံ့ဖြိုးမှုတွေကို အားပေးတဲ့အတွက် မှတ်ဥာဏ်တွေကို ကောင်းစေမှာပါ။ ဒီအပြင် American Medical Association ဂျာနယ်မှာလည်း အယ်လ်ဇိုင်းမားဖြစ်ပွားတတ်တဲ့ သူတွေအနေနဲ့ တစ်နေကုန် မနက် ၉ နာရီမှ ည ၆ နာရီအထိ နေရောင်ခြည်ခံတာ ကြာလေ ရောဂါဖြစ်ပွားမှုနှုန်း ပိုနှေးလေ၊ စိတ်ဓာတ်ကျမှု ပိုလျော့ကျလေပါပဲတဲ့။

READ
သလဲသီးရဲ့ အကျိုးအာနိသင်(၉)မျိုး

(၄) စိတ်ဓာတ်ကျခြင်းကိုလျော့ကျစတဲ့နည်း

ဆောင်းတွင်းရောက်ရင် စိတ်ဓာတ်ကျခြင်းကိုပိုဖြစ်စေတယ်ဆိုတာ သင်သိပါသလား။ ဒီလို စိတ်ဖိဆီးမှုတွေကို လျှော့ချပေးနိုင်မယ့် လွယ်လွယ်ကူကူနည်းလမ်းကတော့ နေပူဆာလှုံတာပါပဲတဲ့။ နေရောင်ခြည်မှာပါဝင်တဲ့ သဘာဝဓာတ်တွေဟာ ဦးနှောက်မှာရှိနေတဲ့ ပျော်ရွှင်ခြင်းဟော်မုန်းတွေကို မြှင့်ပေးတာကြောင့်ုစိတ်ဖိဆီးမှုကို သက်သာစေပါတယ်တဲ့လေ။

Freepik-freepik

(၅) ညဖက်အိမ်ပျော်စေခြင်း

နေရောင်ခြည်ဖျော့လေးတွေ မျက်လုံးကို ထိတဲ့အခါ pineal gland ဆိုတဲ့ ဦးနှောက် gland ကို လှုံ့ဆော်ပေးပြီး အိပ်ပျော်ခြင်းကို ဖြစ်စေတဲ့ melatonin ဓာတ်ကိုလည်း ထုတ်လွှတ်ပေးတဲ့အတွက်ကြောင့် မှောင်တာနဲ့ အိပ်ချင်စိတ်ကို ဖြစ်ပေါ်စေမှာပါ။ အထူးသဖြင့် အသက်ကြီးပိုင်းတွေ အိပ်မပျော်တဲ့အခါမျိုးမှာ နေရောင်ခံခြင်းအားဖြင့် နှစ်ခြိုက်စွာ အိပ်ပျော်စေမှာပါ။

(၆) ကလေးများဖွံ့ဖြိုးမှုအတွက်

နေရောင်ထဲမှာပျော်ရွှင်စွာဆော့ကစားနေကျ ကလေးတွေ၊ ရင်ခွင်ပိုက်အရွယ်ဆိုရင်လည်း နေရေင်ခြည်နုနုနွေးနွေးလေးတွေ ခံပေးတာဟာ ကလေးတွေရဲ့ဖွံ့ဖြိုးကို အားကောင်းစေပါတယ်တဲ့။ အထူးသဖြင့် အရပ်ရှည်စေသတဲ့။

Penny

SHARE