ဘဝကြီးကို ပျော်ရွှင်ခြင်းတွေ တဖြည်းဖြည်းယုတ်လျော့လာစေတဲ့ နေထိုင်နည်း (၆) မျိုး

Pixabay

နေ့စဉ်ကျွန်တော်တို့လုပ်နေမိ၊ တွေးနေမိတဲ့နည်းလမ်းတွေဟာ တကယ်ပဲစိတ်ကိုပျော်ရွှင်စေရဲ့လား။ အမြဲတမ်းတီဗီထိုင်ကြည့်တဲ့လူဟာ အပြင်ကို ပုံမှန်ထက်ပိုပြီး ထွက်ပေးသင့်သလို အမြဲဆမ်းအလုပ်တွေနဲ့ပိနေသူတွေဟာလည်း စိတ်ဖိဆီးမှုလျော့ကျဖို့အတွက် ဝါသနာပါရာဖန်တီးမှုလေးတွေကို အားလပ်တဲ့အချိန်တိုင်း လုပ်ပေးသင့်ပါတယ်။

ဘယ်လိုအချက်တွေလုပ်မိနေရာကနေ ဘယ်လိုအချက်တွေအဖြစ်ပြောင်းလဲပေးရင်ပိုကောင်းမလဲဆိုတာကိုတော့ အောက်ကအချက်လေးတွေဖတ်ကြည့်ပေးကြပါဦးနော်။

(၁) ဘယ်အရာကိုမှ ကိုယ့်အားကိုယ်ကိုးပြီး မဖန်တီးတော့ခြင်း

Bright Side

ဒါဟာတစ်နည်းဆိုရရင်တော့ အချိန်ကုန်လူပင်ပန်းသက်သာစေမှာအမှန်ပေမယ့် တစ်ဖက်ကကြည့်ပြန်တော့လည်း မိမိဝါသနာပါတဲ့ အလုပ်လေးတွေကို အားလပ်ချိန်တွေမှာ ဖန်တီးပေးခြင်းဖြင့် ကောင်းကျိုးတွေရနိုင်ပါသေးတယ်။ စိတ်ဖိဆီးမှုလျော့ကျစေကာ တီထွင်ဥာဏ်မြင့်တက်လာနိုင်တာမို့ စိတ်ပျော်ရွှင်စေနိုင်ပါတယ်။ ဥပမာ လက်သမားပညာရပ်ကိုစိတ်ဝင်စားတဲ့လူက အိမ်မှာလိုအပ်နေတဲ့ ထိုင်ခုံလေးတွေကို ဆိုင်မှအသင့်မဝယ်ယူဘဲ ကိုယ်တိုင်လွှကိုင် ဖန်တီးတာမျိုးပေါ့။

(၂) တသိပုဂ္ဂလနေထိုင်ခြင်း

Bright Side

အလုပ်ခွင်မှာပဲဖြစ်ဖြစ် လူမှုနယ်ပယ်မှာပဲဖြစ်ဖြစ် အမြဲတမ်းတစ်ဦးတည်း နေထိုင်ခြင်းဟာ ကောင်းမွန်တဲ့ လက္ခဏာတစ်ရပ်မဟုတ်ပါဘူး။ ဘယ်လောက်ပဲ အလုပ်မအားမအား ကိုယ့်အတွက် ပတ်ဝန်းကျင်ကို အချိန်ပေးပြီး ဂရုတစိုက် အရောတဝင်နေထိုင်ပါက စိတ်အလိုမကျတာတွေ၊ သိမ်ငယ်စိတ်တွေကိုပျောက်စေပြီး နေ့ရက်တိုင်းဟာ တန်ဖိုးပိုရှိလာမှာပါ။

READ
နောက်ကျမှအိပ်တတ်သူတွေဟာ အသက်တိုနိုင်ကြောင်း လေ့လာချက်သစ်တစ်ခုကဆို

(၃) အယူပဲရှိပြီးအပေးမရှိခြင်း

Bright Side

ကိုယ့်ဘဝဟာလိုလေသေးမရှိအောင် ရပ်တည်နိုင်ဖို့ဆိုတာ ကိုယ်ကိုယ်တိုင်ရဲ့ကြိုးစားအားထုတ်မှုပါသလို ဘေးပတ်ဝန်းကျင်မှ အထောက်အပံ့တွေများစွာလည်း ပါဝင်နေပါတယ်။ ဒီတော့ အားလပ်ချိန်မှာ အမြဲတမ်းလိုလိုအိမ်တွင်းအောင်းပြီးနေနေမယ့်အစား လောကကြီးကိုပြန်လည်အကျိုးပြုစေမယ့်နည်းလမ်းတွေကိုလည်း လုပ်ဆောင်သင့်ပါတယ်။ ဥပမာ သစ်ပင်စိုက်တာတို့၊ မိသားစုကိုအချိန်ပေးတာတို့၊ တိရိစ္ဆာန်လေးတွေကို ကယ်တင်စောင့်ရှောက်တာတို့ပေါ့။

(၄) ဖြစ်နေတဲ့အခြေအနေအပေါ်မှာပဲ အကောင်းဆုံးဖြစ်အောင်နေထိုင်ခြင်း

Bright Side

ဘဝကြီးမှာ အရာရာဟာအကောင်းချည်းပဲဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့်ကိုယ့်စိတ်က တစ်သက်မှတ်တည်း ဘယ်အရာကိုမှ ပုံသေမတွက်ထားသင့်ပါဘူး။ ကိုယ်လုပ်လိုက်တဲ့အကျိုးဆက်က ကိုယ့်ဘဝအတွက် ကောင်းသောပြောင်းလဲခြင်းမျိုးကြုံလာနိုင်သလို ဆိုးသောပြောင်းလဲခြင်းတွေကြုံလာတဲ့အခါမှာလဲ အပြောင်းအလဲလုပ်ခဲ့တုန်းကအတိတ်အကြောင်းတွေပြန်မတွေးဘဲ ဖြစ်နေတဲ့အခြေအနေမှာ ဘယ်လိုမျိုးကောင်းအောင်နေထိုင်မလဲဆိုတာ အရင်ဆုံးစဉ်းစားပါ။ နောက်ပြီးကာမှ ဒီအခြေအနေထဲကနေ ပိုကောင်းတဲ့အခြေအနေထဲ ဘယ်လိုရုန်းထွက်လို့ရနိုင်မလဲကို စတင်ပြင်ဆင်သင့်ပါတယ်။

(၅) သွားဖူးနေကျနေရာကိုပဲ ထပ်ကာထပ်ကာသွားခြင်း

Bright Side

အလုပ်လုပ်ချိန်ကျ အလုပ်သွား၊ ပြီးရင်အိမ်ပြန်လာ၊ အားလပ်ချိန်မှ ကိုယ့်ချစ်သူခင်သူတွေနဲ့ အပြင်ထွက်တတ်တဲ့အလေ့အကျင့်ဟာ လူတိုင်းလိုလိုမှာ ဖြစ်နေပါတယ်။ အလုပ်နဲ့အိမ်မှ စိတ်ဖိဆီးမှုတွေကိုဖြေဖျောက်ဖို့ဆိုတာ အပြင်ထွက်ပေးသင့်ပေမယ့် တစ်ခါတစ်လေတော့လည်း ခဏခဏသွားနေကျ ရုပ်ရှင်ရုံတွေ၊ စားသောက်ဆိုင်တွေကိုသွားခြင်းထက် မရောက်ဖူးသေးတဲ့နေရာဒေသတွေကို စမ်းသွားပေးခြင်းက စိတ်ကိုပိုပျော်ရွှင်စေပါတယ်။

READ
(၂၀၄၅) မှာကမ္ဘာ့လူဦးရေ လေးပုံတစ်ပုံဟာ အ၀လွန်နိုင်ကြောင်း ပညာရှင်များခန့်မှန်း

(၆) အမြဲတမ်းထိုင်နေခြင်း

Bright Side

အိပ်ယာကနေထပြီး ထိုင်ရင်းမနက်စာစားမယ်။ အလုပ်သွားတဲ့လမ်းမှာလည်း ကားပေါ်မှာထိုင်သွားရပြီး အလုပ်ရောက်ပြန်တော့လည်း တစ်နေကုန်ကွန်ပြူတာရှေ့မှာထိုင်နေရတယ်။ အလုပ်ကပြန်လာပြန်တော့လည်း အိမ်မှာထိုင်ပြီး ဖုန်းသုံးတာတို့ ရုပ်ရှင်ကြည့်တာတို့လုပ်ကျပြန်ပါတယ်။ တကယ်တော့ ၂၄ နာရီရဲ့ တစ်ဝက်လောက်ကို ထိုင်ရင်းအချိန်ကုန်ဆုံးနေကြတာဟာ ကောင်းတဲ့လက္ခဏာတစ်ရပ်တော့မဟုတ်ပါဘူး။ အခုလိုမလှုပ်မရှားဘဲထိုင်နေတဲ့အတွက် စိတ်ပျော်ရွှင်မှုကိုလှုံ့ဆော်ပေးတဲ့ endorphins ဓာတ်နဲ့ ဟော်မုန်းထွက်ခြင်းကို လျော့ကျစေပါတယ်။ အခုလိုအမြဲတမ်းထိုင်နေတတ်တဲ့လူတွေဆိုရင် တစ်နေ့ကို မိနစ် (၃၀) လောက် လမ်းလျှောက်ပေးဖို့လိုအပ်ပြီး လမ်းမလျှောက်နိုင်ပါက တစ်ပတ်ကို လေ့ကျင့်ခန်း (၂) ခုလောက်ပုံမှန်ကစားပေးသင့်ပါတယ်။

Source: Bright Side

Penny

 

SHARE