တောင်စောင်းမှာ ဒဏ်ရာရနေသူကို ကျွမ်းကျင်မှုရှိရှိ ဆင်းသက် ကယ်ဆယ်ခဲ့တဲ့ ပိုင်လော့

ပြင်သစ်နိုင်ငံရဲ့ နှင်းတွေ ဖုံးလွှမ်းနေတဲ့ တောင်တန်းတွေမှာ နှင်းလျှောစီးသမားတစ်ယောက် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရနေခဲ့လို့ ခက်ခက်ခဲခဲ ကယ်ဆယ်ရေး ဆင်းခဲ့ကြရပါတယ်။

ဒီလို ကယ်ဆယ်ရေးဆင်းရာမှာ ရဟတ်ယာဉ်မောင်း ပိုင်းလော့ရဲ့ ကျွမ်းကျင်မှုရှိရှိ ထိန်းယူ မောင်းနှင်ပုံက တော်တော်လေး ထူးခြားနေခဲ့ပါတယ်။ ဒီကယ်ဆယ်ရေးက ပြင်သစ်နိုင်ငံ အရှေ့ပိုင်း ရိုးမတောင်တန်းမှာရှိတဲ့ Haute-Savoie ဒေသရှိ Giffre တောင်ထုက Anterne တောင်ကြားကို ရောက်လာတဲ့ နှင်းလျှောစီး ခရီးစဉ်အတွင်း ဖြစ်ပွားခဲ့တာအတွက် ဆောင်ရွက်ရတာလို့ သိရပါတယ်။

French Press

ပြင်သစ်ရဲ ရဟတ်ယာဉ်ဟာ ဗြိတိန် နှင်းလျှောစီးသမားတွေ၊ ဘုတ်သမားတွေအကြား နာမည်ကြီးတဲ့ ဖော်ပြခဲ့တဲ့ ဧရိယာကို လာရောက်တဲ့ စွန့်စားကြတဲ့သူတွေကို ကယ်ဆယ်ခဲ့ရပါတယ်။

နှင်းလျှောစီးသမား  အဖွဲ့ထဲက တစ်ယောက်ဟာ Anterne တောင်ရဲ့ အမြင့်ပေ (၇၄၀၀) မှာရှိတဲ့ တောင်ကြားမှာ ဒူးဒဏ်ရာရသွားခဲ့ပါတယ်။ ဒါကြောင့် လမ်းပြက တောင်စောင်း တစ်ခုပေါ်မှာရောက်နေတာဖြစ်လို့ လိုအပ်နေတဲ့ အကူအညီအတွက် ကယ်ဆယ်ရေးကို ဆက်သွယ်ခေါ်ဆိုခဲ့ရတယ်လို့သိရတယ်။

READ
နောက်ဆုံးအပြုံးနဲ့ သူအချစ်ရဆုံးသူကို နှုတ်ဆက်သွားခဲ့တဲ့ ချင်ပင်ဇီမျောက်မလေး
French Press

ဟယ်လီကော်ပတာက ရောက်ရောက်လာချင်းမှာ ဒဏ်ရာရာသူမှာ နှင်းပုံပြင်ပေါ်မှာ လဲလျောင်းနေခဲ့ရပါတယ်။ တောင်းစောင်မှာဖြစ်တဲ့အတွက် ပိုင်းလော့ဟာ လျှောဇောက်ကို ဦးတိုက်ပြီး ဒလက်တွေ နှင်းမြေပြင်နဲ့ မရိုက်မိအောင်ချိန်ကာ စကေးကျကျရပ်ခဲ့တဲ့ကို တွေ့ရပါတယ်။ ရဟတ်ယာဉ် ရှေ့ပိုင်ထိပ်နဲ့ ဒလက်တွေဟာ မြေပြင်နဲ့ဆို လက်မအနည်းငယ်လောက်သာ ကွာပါတော့တယ်။

French Press

လေတွေတိုက်နေတဲ့ကြားမှာ အပေါ်မရောက် အောက်မရောက် ငြိမ်အောင်ထိန်းထားပြီး ကယ်ဆယ်ရေးသမားတွေကို  အဆင်ပြေပြေ ချပေးခဲ့ပါတယ်။ ပြီးတော့ လိုအပ်တာများအတွင် ပြန်ထွက်သွားပြီး နောက်တစ်ခါ လူနာကို ပြန်သယ်ဖို့ ပြန်ရောက်လာခဲ့ပါတယ်။ ဒီတစ်ခါ ပြန်ရောက်လာတော့ ဒလက်တွေနဲ့ ရဟက်ယာဉ်ရဲ့ ဦးချွန်ထိပ်ဟာ ခုနကထက်တောင် ပိုပြီး နှင်းပြင်နဲ့ ကပ်နေခဲ့ပါတယ်။

French Press

လူနာကိုတော့ PGHM High Mountain Mounted Police Platoon မှ ကယ်ဆယ်ရေးတပ်ဖွဲ့က လာရောက်ကူညီပေးခဲ့ပြီး ဆေးရုံကို ပို့ဆောင်ပေးခဲ့ကြပါတယ်။

READ
ခင်ပွန်းဖြစ်သူနဲ့ သားအမိလို့အထင်မှားခံရတာတွေကို မခံချင်လို့ ၀ိတ်ချခဲ့တဲ့အမျိုးသမီး

ကယ်ဆယ်ပုံတွေကို ပြန်လည်ဖော်ပြခဲ့တဲ့ Nicolas Derely ကတော့ ဒီ ဖြစ်စဉ်က အခုထက်ထိ အံ့သြမှင်သက်စရာကောင်းနေသေးတာ ဖြစ်လို့ မျှဝေခဲ့တာပါလို့ ပြောပါတယ်။ ဒီ ဖြစ်ပွားမှုနဲ့ အနီးတ၀ိုက်မှာ နေထိုင်တဲ့ အသက် (၆၀) အရွယ် အမျိုးသားကြီးတော့ ပိုင်လော့ အလွန်တော်ကြောင်း ချီးမွမ်းပါတယ်။ ကိုယ်တိုင်လည်း ပြင်သစ် လေသူရဲတစ်ယောက်ဖြစ်ခဲ့လို့ ပိုင်လော့ရဲ့ အန္တရာယ်မှာ စွန့်စားရတာ၊ အထူးကျွမ်းကျင်တာတွေကို သတိပြု ခံစားမိကြောင်းပြောပါတယ်။

တကယ်လည်း ပိုင်လော့ဟာ လေတိုက်နှုန်းတွေကိုလည်း ပိုင်ပိုင်နိုင်နိုင်သိထားပုံပါ။ ဒါကြောင့်လည်း အခုလိုမျိုး အဆင်ပြေပြေ ဆောင်ရွက်နိုင်တာဖြစ်ပါတယ်။

Source: Daily Mail

Matthew (ShweMOM)
SHARE