အသားကျဖို့ ခက်ပေမယ့် လုပ်နိုင်သွားရင် တစ်ဘဝလုံးစာ အကျိုးရှိမယ့် အကျင့်ကောင်း ၈ ခု

ဘဝကို ဘယ်လိုရှင်သန်ရမယ်ဆိုတဲ့ လမ်းညွှန်ချက်တွေ တသမတ်တည်းတော့ မရှိပေမယ့် အခက်အခဲတွေကို ဘယ်လိုကျော်လွှားနိုင်မလဲ ဘယ်လိုနေရင် ကိုယ့်ကိုယ်ကိုနဲ့ ကိုယ့်ကို ချစ်တဲ့သူတွေ စိတ်ချမ်းသာစေမလဲဆိုတဲ့ နည်းလမ်းလေးတွေ ရှိပါတယ်။ အကျင့်ဖြစ်အောင် ကြိုးစားဖို့ ခက်ခဲနိုင်ပေမယ့် တကယ်လုပ်နိုင်သွားရင် တစ်ဘဝလုံးစာ အကျိုးရှိသွားနိုင်မယ့် နည်းလမ်းလေး ၁၀ ခုကို ဖော်ပြပေးချင်ပါတယ်။

(၁) ကိုယ်ချင်းစာစိတ် ထားတတ်ဖို့.. သင်ဟာ လောကကြီးမှာ အတော်ဆုံး၊ အတတ်ဆုံး၊ အချမ်းသာဆုံး ဖြစ်နေခဲ့ရင်တောင် သင့်မှာ တစ်ပါးသူတွေအပေါ် ကိုယ်ချင်းစာတတ်တဲ့ စိတ်မရှိရင် သင်ဟာ တစ်ကိုယ်ကောင်းဆန် အစွန်းရောက်တဲ့ sociopath တစ်ယောက်ပါပဲ။ သူများတွေရဲ့ ခံစားချက်တွေကို နားလည်စာနာပေးနိုင်ခြင်းက အလုပ်လုပ်ရာမှာ အဖွဲ့အစည်းနဲ့ရော၊ မိသားစု အချစ်ရေး စတဲ့ ပတ်သက်မှုတွေမှာပါ သင့်ကို အဆင်ပြေစေနိုင်ပါတယ်။

Pixabay

(၂) အိပ်ချိန် မှန်အောင် ကြိုးစားဖို့.. အိပ်ချိန်မမှန်တာ၊ အိပ်ရေးမဝတာ၊ အအိပ်လွန်တာတွေဟာ ရေရှည်မှာ သင့်ကျန်းမာရေးကို များစွာ ထိခိုက်မှုတွေ ဖြစ်လာစေနိုင်ပါတယ်။ ဒါကြောင့် ဘဝမှာ ကျန်းမာရေးကောင်းဖို့ အရင်ဆုံးလုပ်ရမှာက အိပ်ချိန်ကို သတ်သတ်မှတ်မှတ် ထားဖို့ပါ။

READ
ဖခင်တိုင်းသူတို့သမီးငယ်လေးမှာ ရှိစေချင်တဲ့အရည်အသွေး(၉)ခု

(၃) အချိန်စီမံခန့်ခွဲတတ်ဖို့.. အချိန်စီမံခန့်ခွဲတတ်ခြင်းက အောင်မြင်ဖို့အတွက် သော့ချက်ပါပဲ။ မိမိအချိန်ကို မိမိ ကောင်းကောင်း အသုံးချ မစီမံတတ်ဘူးဆိုရင် အလုပ်အကိုင်မှာရော၊ ပုဂ္ဂိုလ်ရေးမှာပါ အဆင်မပြေနိုင်ဘဲ စိတ်ဖိစီးမှုတွေ များလာနိုင်ပါတယ်။ ဒါကြောင့် သင်တစ်နေ့တာ လုပ်မယ့် အလုပ်တွေကို အချိန်တွေနဲ့ ကြိုတင်သတ်မှတ် ပြင်ဆင်ထားတတ်ဖို့ လိုပါတယ်။ အရေးကြီးတာကို ဦးစားပေးတတ်ဖို့ လိုပါတယ်။

Pixabay

(၄) အတွေးထဲက ကောင်းတဲ့စကားများ.. လူတိုင်းက အချိန်တိုင်း ကိုယ့်စိတ်ထဲမှာ ကိုယ့်အတွေးနဲ့ကိုယ် စကားတွေ ပြောနေတတ်ကြပါတယ်။ ပြောတဲ့စကားက အဆိုးဘက်ကနေဆိုရင် ကိုယ့်ကိုယ်ကို ယုံကြည်မှုကို ထိခိုက်စေလာနိုင်ပါတယ်။ ဒါကြောင့် ဘဝမှာ တိုးတက်ချင်ရင် အကောင်းမြင်တတ်တဲ့စိတ်ကို မွေးပြီး အတွေးထဲမှာလည်း ကိုယ့်ကို အားဖြစ်စေမယ့် အကောင်းမြင်စကားတွေပဲ ပြောပေးနေဖို့ လိုပါတယ်။

(၅) သူများကိစ္စ စိတ်မဝင်စားဖို့.. ဘယ်သူကမှ သင့်သဘောထားကို မမေးမြန်းရင် ဝင်မပြောမိအောင် နေတတ်တဲ့ အကျင့်ကို မွေးပါ။ ဖြစ်စဉ်တစ်ခုလုံး မသိရင် မဝေဖန်တာ၊ ဝင်မပတ်သက်တာက သင့်အတွက်ရော တစ်ဘက်သားအတွက်ရော အကောင်းဆုံးနည်းလမ်းပါ။

(၆) အတင်းမတုပ်မိစေဖို့.. ဘဝမှာ အထီးကျန်ဆန်တဲ့လူတစ်ယောက် ဖြစ်မသွားစေဖို့က လူတစ်ဦးနဲ့တစ်ဦး ပတ်သက်မှုတွေမှာ အညစ်အစွန်း စိတ်အနှောင့်အယှက်ဖြစ်စရာတွေ မရှိလာစေဖို့ပါပဲ။ အဲ့လိုမဖြစ်စေဖို့ နည်းကတော့ တစ်ဦးရဲ့ မကောင်းသတင်းကို တစ်ဦးက မပြောမိအောင် နေဖို့ပါ။ ကိုယ်က မပြောလို့ တခြားသူ တစ်ယောက်ယောက်ရဲ့ အတင်းအဖျင်းကို လာပြောရင်တောင် စကားလွှဲပြီး ထိုစကားဝိုင်းရဲ့ အကြောင်းအရာကို ပြောင်းပစ်လိုက်ပါ။

READ
အိုမင်းပြီဖြစ်တဲ့မိဘတွေအပေါ်မှာသားသမီးတို့ ထားရှိသင့်တဲ့သဘောထားများ
Pixabay

(၇) ပစ္စုပ္ပန်ကိုပဲ အာရုံစိုက်ဖို့.. အတိတ်က အမှားတွေကို မမေ့နိုင်ဘဲ နောင်တရနေတာဟာ မိမိဘဝကို ထိခိုက်စေနိုင်သလို ဖြစ်မလာသေးတဲ့ အနာဂတ်ကို တွေးပူနေတာလည်း ကိုယ့်ကို စိတ်ဖိစီးစေပြီး ထိခိုက်စေနိုင်တာပါပဲ။ ဒါကြောင့် ကိုယ်ဒီနေ့ ဘာလုပ်မယ်၊ ဘယ်လိုတိုးတက်အောင် ကြိုးစားမယ်ဆိုတာကိုပဲ ပစ္စုပ္ပန်အတွက် စိတ်နှစ်ထားဖို့ လိုပါတယ်။

(၈) ရိုးသားမှုရှိဖို့.. ကိုယ့်ကိုယ်ကိုရော တစ်ပါးသူပေါ်မှာပါ ရိုးသားမှုရှိဖို့ လိုပါတယ်။ ဒီနေရာမှာ သူများတွေအပေါ်ကို ၁၀၀ ရာခိုင်နှုန်း ရိုးသားနိုင်ဖို့တော့ ခက်ကောင်း ခက်နိုင်တာမို့ သူတို့နဲ့ ပတ်သက်လို့ ကောင်းတာပြောဖို့ မရှိရင် ဘာမှကို မပြောပါနဲ့။ ကိုယ့်ကိုယ်ကိုလည်း ရိုးသားမှု ရှိဖို့ လိုပါတယ်။ ကိုယ်ကိုယ့်ကို မလိမ်ဘဲ ကိုယ်ဘာဖြစ်ချင်လဲ၊ ဘာလုပ်ချင်လဲ သိမှ ကိုယ်တိုင်အတွက်ရော ဘေးလူတွေအတွက်ပါ အချိန်ကုန်သက်သာ စိတ်အနှောင့်အယှက်ဖြစ် သက်သာစေမှာပါ။

Ref: Idea Pod

SHARE