နာရီပိုင်းအတွင်း အကုန်ရောင်းထွက် သွားခဲ့တဲ့ Kim Kardashian ရဲ့ SKIMS တံဆိပ် Mask

IG/skims

ကမ္ဘာကြီးက ရောဂါတွေ ပြန့်ပွားနေလို့ ကုသ ကာကွယ်နေတဲ့ အချိန်မှာ ကမ္ဘာပေါ်က သူအသီးသီးကတော့ ပုံစံအမျိုးမျိုးနဲ့ ကမ္ဘာကြီးကို ကုသမယ့် အရေးမှာ ပါဝင်နေကြပါတယ်။ အခုလည်း နာမည်ကျော် ကုမ္ပဏီတစ်ခုကနေ Mask ကို ထုတ်လုပ်လိုက်ပြန်ပါပြီ။

အမေရိကန်နိုင်ငံရဲ့ နာမည်ကျော်တစ်ယောက်ဖြစ်တဲ့ Kim Kardashian ကတော့ အတွင်းခံ အဝတ်အထည်တွေကို ထုတ်လုပ်တဲ့ Brand တစ်ခုဖြစ်တဲ့ SKIMS ကို တည်ထောင်ထားသူ ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်တဲ့နေရာမှာ Mask ကိုလည်း အသုံးပြုရတဲ့အတွက် လူတိုင်းက Maskကို အသုံးပြုနေရသလို အဝတ်စနဲ့ ပြုလုပ်တဲ့ Mask တွေကိုလည်း ချုပ်လုပ်ဝတ်ဆင်လို့ ရကြောင်းကို ကျန်းမာရေးပညာရှင်တွေက ထုတ်ပြန်ထားခဲ့ပါတယ်။

SKIMS ကနေ ထုတ်လုပ်လိုက်တဲ့ Mask ကတော့ တစ်နေ့လုံး သက်တောင့်သက်သာ ဝတ်ဆင်လို့ ရဖို့ကို အဓိက ရည်ရွယ်ပြီး ထုတ်လုပ်ထားပါတယ်။ အတွင်းခံတွေလိုပါပဲ သူတို့ရဲ့ Mask ထုတ်လုပ်ပုံက ချုပ်သားမပါဝင်ဘဲ အသက်ရှူက လွယ်ကူစေပြီး ဆွဲဆန့်နိုင်တဲ့ အသားနဲ့ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ အရောင် ၅ ရောင်ဖြင့် ထုတ်လုပ်ထားပြီး ၈ ဒေါ်လာကနေ အထက်အထိ ဈေးနှုန်း အသီးသီးနဲ့ ရောင်းချထားပါတယ်။

ဒီလို Mask ကို စတင်ရောင်းချလိုက်ကြောင်းကို Kim Kardashian က သူမရဲ့ Twitter ကနေ တင်လိုက်ပြီး နာရီပိုင်းအတွင်းမှာပဲ အကုန်ရောင်းထွက်သွားခဲ့ပါတယ်။ ဒါကြောင့် အမြန်ဆုံး ပြန်လည်ထုတ်လုပ်သွားမယ်လို့ သူမက ပြောကြားထားခဲ့ပါတယ်။

SKIMS ကနေ LA က စေတနာ့လုပ်ငန်းအဖွဲ့အစည်းတွေကို Mask အရေအတွက် (၁)သောင်းကို လှူဒါန်းလျက် ရှိပါတယ်။ ဒါ့အပြင် တစ်ခြားသော ကိုဗစ် ၁၉ ကူးစက်ခံထားရတဲ့ သူတွေအတွက် လှူဒါန်းမှုတွေလည်း ပြုလုပ်ထားပါတယ်။ ဂျွန်ဟော့ကင်းတက္ကသိုလ်ကနေ ထုတ်ပြန်ထားတဲ့ စာရင်းအရ အမေရိကန်ရဲ့ လူဦးရေ ၁သန်းခွဲက ရောဂါပိုး ကူးစက်ခံထားရပြီး သေဆုံးသူ ၉၀၀၀၀နီးပါး ရှိနေပြီ ဖြစ်ပါတယ်။

READ
ပုရိသအပေါင်းကို မင်သက်စေခဲ့တဲ့ မမမိုးရဲ့ အလှ

Kham

SHARE