သင်မသိဘဲလုပ်မိနေတဲ့ အသားအရေထိန်းသိမ်းမှုအမှားများ

လှပကျန်းမာတဲ့ အသားအရေ ပိုင်ဆိုင်နိုင်ဖို့ မိန်းကလေးတိုင်း နည်းလမ်းပေါင်းစုံသုံးပြီး ထိန်းသိမ်းတတ်ကြပါတယ်။ သို့
ပါသော်လည်း မိမိကိုယ်တိုင် မသိရှိဘဲ ပြုလုပ်မိနေတဲ့ အသားအရေထိန်းသိမ်းနည်း အမှားလေးတွေကြောင့် လိုချင်တဲ့
အကျိုးရလာဒ်နဲ့ အလှမ်းဝေးနေသူတွေ ဒုနဲ့ဒေး ရှိကြပါတယ်။ ဒါကြောင့် မှန်ကန်တဲ့ အသားအရေ ထိန်းသိမ်းနည်းနဲ့ ကျန်းမာလှပတဲ့ အသားအရေကို ရယူလိုကြတဲ့ ပျိုမေများ ရှောင်ကျဉ်ပြီး ပြင်ဆင်နိုင်မယ့် အသားအရေ ထိန်းသိမ်းမှုဆိုင်ရာ အလေ့အထအမှားလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

မသန့်ရှင်းသော ခေါင်းအုံးစွပ်

အသားအရေ ထိန်းသိမ်းမှုလို့ ပြောပြီး ခေါင်းအုံးစွပ်အကြောင်း ပြောလိုက်လို့ မရှုပ်ထွေးသွားပါနဲ့။ အချို့မိန်းကလေးတွေ
ဟာ လှပတဲ့ အသားအရေရရှိဖို့ မျက်နှာတစ်ခုတည်းကိုသာ အာရုံစိုက်နေပြီး အခြားဆက်စပ်နေတဲ့ အရာတွေကို မေ့လျော့နေတတ်ကြတဲ့အတွက် ၄င်းအရာတွေက ပြန်လည်သက်ရောက်စေတဲ့ ဆိုးကျိုးတွေကို ကိုယ်တိုင်တောင် မသိလိုက်ဘဲ ခံစားတတ်ကြရပါတယ်။ သင်နေ့တိုင်း မျက်နှာနဲ့ ထိတွေ့ပြီး အိပ်စက်နေတဲ့ ခေါင်းအုံးစွပ်တွေမှာ မိတ်ကပ် အကြွင်းအကျန်များ၊ ညဘက်အိပ်နေရင်း မျက်နှာက ထွက်ရှိလာတဲ့ အဆီနဲ့ ဆဲလ်သေများ၊ ဆံကေသာက ထွက်ရှိလာတဲ့ အညစ်အကြေးများအစရှိတဲ့ အညစ်အကြေးပေါင်းစုံ စုပြုံကပ်ငြိနေနိုင်ပါတယ်။ ထိုအရာများအားလုံးဟာ မျက်နှာအသား
အရေနဲ့ ထိတွေ့ပြီး ညစ်ပေစေနိုင်ရုံမက ချွေးပေါက်အတွင်းပိုင်းထိ သန့်စင်အောင် ပုံမှန်မဆေးကြောပေးနိုင်ပါက
အသားအရေအတွက် ကပ်ဘေးဆိုက်သွားစေနိုင်ပါတယ်။ ဒါကြောင့် ခေါင်းအုံးစွပ်များကို အနည်းဆုံး တစ်ပတ်လျှင်
တစ်ခါ လဲလှယ်ပေးသင့်ပါတယ်။ နှစ်ခါလောက် လဲနိုင်ပါက ပိုကောင်းပါတယ်။

READ
လှချင်လျက်နဲ့ ရုပ်ဆိုးသလိုဖြစ်နေရတဲ့ ပျိုမေတို့အတွက် သိထားသင့်တာလေးတွေ ....

မျက်နှာကို လက်နှင့်မကြာခဏ ကိုင်တွယ်ခြင်း။

ခေါင်းအုံးစွပ်တွေလိုပဲ သင့်လက်တွေဟာ အရာအားလုံးကို ထိတွေ့ကိုင်တွယ်နေတဲ့အတွက် ပိုးမွှားနဲ့ ဘက်တီးရီးယား
မြောက်များစွာ ကပ်ငြိနေနိုင်ပါတယ်။ ဒါကြောင့် မျက်နှာကို လက်နဲ့ တစ်ကိုင်ကိုင် ပွတ်သပ်လိုက်တိုင်း လက်ထဲက ဘက်တီးရီးယားတွေ မျက်နှာကအသားအရေကို ကူးပြောင်းသွားစေနိုင်ပါတယ်။ ဒီအချက်ဟာ အချိန်ပြည့်နီးပါး
အကြောင်းမဲ့ မျက်နှာကို ကိုင်တွယ်ပွတ်သပ်လေ့ရှိတဲ့ အချို့သော အမျိုးသမီးလေးများအတွက် သတိပြုစရာ ဖြစ်စေပါ
လိမ့်မယ်။ လက်က မျက်နှာကို သွားကိုင်မယ် ပြုလိုက်တိုင်း ကူးစက်ညစ်ပေနိုင်ပြီး မျက်နှာအသားအရေကို ဒုက္ခပေးနိုင်
မယ့် ဘက်တီးရီးယားတွေကို သတိရပေးပါ။

ထင်သလောက် အစွမ်းမထက်တဲ့ product ကို သုံးစွဲမိနေခြင်း။

အသားအရေ ထိန်းသိမ်းမှုအမှားတွေထဲမှာ ဒီအချက်ကလည်း အဓိကကျပါတယ်။ ပိုမိုကောင်းမွန်တဲ့ အသားအရေ ရရှိ
ချင် လို့ skin care product တွေနဲ့ စိတ်ရှည်လက်ရှည် သုံးစွဲပါသော်လည်း မျှော်မှန်းထားသလို အကျိုးရလာဒ်တွေ ဖြစ်
မလာခြင်းဟာ သင့်အသားအရေအတွက် ထင်သလောက် အစွမ်းမထက်တဲ့ product ကို ရွေးချယ်သုံးစွဲမိနေလို့ပဲ ဖြစ်ပါ
တယ်။ တစ်နေကုန်ထိတွေ့လာတဲ့ လေထုထဲက ဖုန်မှုန့်နဲ့ အညစ်အကြေးတွေ၊ မျက်နှာပေါ်က အဆီနဲ့ မိတ်ကပ် အကြွင်း အကျန်တွေကို ချွေးပေါက်အတွင်းပိုင်းထိ ၀င်ရောက်သန့်စင်ပေးနိုင်တဲ့ အစွမ်းထက် မျက်နှာသစ်မျိုးကို ရွေးချယ်သုံး
စွဲမှသာလျှင် အမှန်တကယ် ကြည်လင်ဝင်းပတဲ့ ပြစ်မျိုးမှဲ့မထင် အသားအရေမျိုးကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ ထိုသို့မဟုတ်ဘဲ သင့်အတွက် အလုပ်မဖြစ်တဲ့ မျက်နှာသစ်ကြီးကို ရေရှည်သုံးစွဲနေရင်တော့ အချိန်ကုန်၊ငွေကုန်၊ လူပင်ပန်းနဲ့ အသား အရေပါ ထိခိုက်ပျက်စီးသွားနိုင်တဲ့ကိန်း ဆိုက်သွားပါလိမ့်မယ်။

READ
ဆံပင်ကျွတ်ရတဲ့ အဓိက အကြောင်းအရင်း(၅)မျိုး

ဥပမာအနေနဲ့ ပြောရပါလျှင် Pond’s Pure White မျက်နှာသစ်ဟာ အစွမ်းထက်ကာဗွန် ပါဝင်တဲ့အတွက် မျက်နှာပေါ်က
အဆီနဲ့ အညစ်အကြေးအားလုံးကို ချွေးပေါက်အတွင်းပိုင်းထိ ၀င်ရောက်သန့်စင်ပေးနိုင်လို့ ဖြူစင်ဝင်းပတဲ့ မျက်နှာလေး
ကို ရရှိပိုင်ဆိုင်စေမှာ ဖြစ်ပါတယ်။ ဒါကြောင့် မျက်နှာသစ် အရွေးမတတ် ဖြစ်နေတဲ့ ပျိုမေလေးတွေကိုလည်းအသားအရေ အတွက် မှန်ကန်ကိုက်ညီပြီး အမှန်တကယ် အစွမ်းထက်တဲ့ Pond’s Pure White မျက်နှာသစ်ကို ရွေးချယ်သုံးစွဲပြီး လှပတဲ့ အသားအရေကို ရယူလိုက်ပါလို့ အကြံကောင်းလေး ပေးလိုက်ပါတယ်နော်။

Sponsored by Pond’s

SHARE