အရေပြားပြဿနာတွေကို ဖြေရှင်းဖို့ အစွမ်းထက်တဲ့မာလကာရွက် အသုံးပြုနိုင်ပါတယ်

အရေပြားနဲ့ဆိုင်တဲ့ပြဿနာတွေဖြစ်ရတာက အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ တစ်ကိုယ်ရည် သန့်ရှင်းမှုမရှိတာ၊ ပတ်ဝန်းကျင်ညစ်ညမ်းတာ၊ လူပျို အပျိုဖော်ဝင်စပြုလာတဲ့အခါနဲ့ တခြားအကြောင်းလေးတွေရှိနိုင်ပါတယ်။ အရေပြားရဲ့မွေးညှင်းပေါက်တွေမှာ ဖုန်နဲ့အဆီတွေစုလာတဲ့အခါမှာ ဆားဝက်ခြံတွေဖြစ်လာပါတယ်။ ၀ပ်နေတဲ့အဆီတွေက အရေပြားမှာယောင်ယမ်းတာတွေဖြစ်လာပြီးတော့ ၀က်ခြံဖုတွေထွက်လာကာအရေပြားကိုပျက်စီးသွားစေတာပါ။

အလှကုန်တွေက ငွေကုန်ကြေးကျများသလို အချို့ပစ္စည်းတွေဆိုရင်လည်း ကိုယ်နဲ့အလုပ်မဖြစ်ပါဘူး။ တကယ်တော့ စာဖတ်သူတွေကို ၀က်ခြံ၊ ဆားဝက်ခြံ၊ အမည်းစက်တွေနဲ့ ပါးရေတွန့်တာတွေကို ကုသဖို့အတွက် ဆေးနည်းလေးက လက်တကမ်းမှာရှိတယ်ဆိုတဲ့အကြောင်းကို Viral4real ကနေမျှဝေပေးပါရစေ။ အလွယ်တကူရနိုင်တဲ့မာလကာရွက်ကို အသုံးပြုပြီးတော့ အရေပြားနဲ့ဆိုင်တဲ့ ပြဿနာလေးတွေကို အခုလိုဖြေရှင်းနိုင်ပါတယ်။

၁. အမည်းစက်

အရေပြားမှာရှိတဲ့ အနာအဆာတွေနဲ့ အမည်းစက်တွေကို မာလကာရွက်သုံးပြီး လွယ်လွယ်ကူကူဖယ်ရှားလို့ရပါတယ်။ မာလကာရွက်မှာ အရေပြားအရောင်ကို ညီစေပြီး ဘက်တီးရီးယားတွေပေါက်ဖွားတာကို ဟန့်တားနိုင်တဲ့အစွမ်းသတ္တိရှိပါတယ်။ အရေပြားအတွင်းရော အပြင်မှာပါယောင်ယမ်းတာတွေကို သက်သာစေပါတယ်။

၂. ၀က်ခြံ

အရေပြားထဲမှာ ဘက်တီးရီးယားနဲ့ အချို့အဏုဇီဝရုပ်တွေက ၀က်ခြံဖြစ်စေနိုင်ပါတယ်။ မာလကာရွက်မှာ အဆိုပါဘက်တီးရီးယားတွေကို ခုခံနိုင်တဲ့ပစ္စည်းပါတဲ့အတွက်ကြောင့် ၀က်ခြံဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေနဲ့ ဇီဝရုပ်တွေကိုထိထိရောက်ရောက်ချေဖျက်ပေးပါတယ်။

READ
ကလေးတစ်ယောက်လို ရေသောက်ခဲ့တဲ့ Trump ရဲ့ အပြုအမူအပေါ် ဝေဖန်နေကြ

၃. နီမြန်းပြီး နာကျင်ယောင်ယမ်းသောအရေပြား

Allergy ဖြစ်စေနိုင်တဲ့ပစ္စည်းတွေဖွဲ့စည်းလာတာကြောင့် အရေပြားမှာယားယံတာ၊ ယောင်ယမ်းလာတာ၊ နီမြန်းလာတာတွေဖြစ်လာပါတယ်။ မာလကာရွက်က Allergy ဖြစ်စေနိုင်တဲ့ဓာတ်တွေဖွဲ့စည်းလာတာကို တားဆီးနိုင်ပြီးတော့ အရေပြားကိုသက်သာရာရစေပါတယ်။

၎. ပါးရည်တွန့်တာ

မာလကာသီးမှာ ရောဂါအမျိုးမျိုးကိုဖြစ်စေတဲ့Free radical ကိုတိုက်ခိုက်ပေးတဲ့ ကင်ဆာဆန့်ကျင်ဓာတ်သတ္တိတွေ ပါဝင်ပါတယ်။ မာလကာရွက်ကတော့ အရေပြားကိုပိုမိုကောင်းမွန်စေပြီး ပါးရေနားရေတွန့်တာတွေကို ကာကွယ်ပေးပါတယ်။

၅. အသုံးပြုပုံ

  • ခွက်တခုမှာ မာလကာရွက်တွေထည့်၊ ပြီးရင်ရေနည်းနည်းထည့် ကြိတ်ချေပြီး အနှစ်ရတဲ့အထိပြုလုပ်ပါ။ ပြီးတော့ အရေပြားပြဿနာဖြစ်နေတဲ့နေရာတွေမှာ အနှစ်ကိုသုတ်လိမ်းပေးပါ။ မာလကာရွက်အနှစ်က အရေပြားယားယံတာနဲ့ နီမြန်းတာတွေကိုသက်သာစေပါတယ်။
  • တဖန်မာလကာရွက်တွေကိုချေ၊ ရေထည့်ပြီးဆူအောင်တည်ပါ။ ရေကအညိုရောင်ပြောင်းပြီး ပျစ်လာပြီဆိုရင် မီးဖိုကချလိုက်ပြီး အအေးခံပါ။ ၀ါဂွမ်းလုံးလေးယူပြီး အအေးခံထားတဲ့ အရည်ထဲနှစ်ကာ အရေပြားပြဿနာရှိနေတဲ့နေရာလေးတွေကို သုတ်လိမ်းပေးနိုင်ပါတယ်။

လင်းလင်း(Shwemom)

READ
မှန်တံတားရဲ့ခိုင်မာမှုကို ပညာရှိနည်းလမ်းနဲ့သက်သေပြလိုက်တဲ့ သက်ဆိုင်ရာများ

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE