ပေ (၅၀၀) အထက်မှာ ရေကူးရမယ်ဆို ကူးရဲပါမလား……

ထူးခြားတဲ့ ရေကူးကန်တွေကို လေ့လာဖွေရှာရတာ နှစ်သက်တဲ့ သူတွေနဲ့ဆို အခုဖော်ပြချင်တဲ့ အကြောင်းအရာနဲ့တော့ ကွက်တိပါပဲ…။ ဒါပေမယ့် အမြင့်ကြောက်တတ်တဲ့ သူတွေအတွက်တော့ အဆင်ပြေမှာမဟုတ်ဘူး။

Market Square Tower
Market Square Tower

Sky Pool ရေကူးကန်ဟာ Texas ပြည်နယ် Houston မြို့က Market Square Tower မှာ ရှိတာပါ။ (၄၂) ထပ်မှာရှိပြီးတော့ မြေပြင်ကနေဆို ပေ (၅၀၀) အမြင့်မှာရှိပါတယ်။ အသည်းငယ်တဲ့သူအတွက် မဟုတ်တာတော့ လုံးဝအသေချာပါပဲ။

Market Square Tower

ကန်ရေအောက်မျက်နှာပြင်က မှန်ဖြစ်ပြီး ကားတွေ၊ လူတွေ၊ အဆောက်အဦးအားလုံး သေးသေးမွှားမွှားလေး တွေအဖြစ်အတိုင်းသား မြင်နေရမှာဖြစ်ပါတယ်။ ရေကူးကန်ရဲ့ အနေအထားကို ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ကိုလည်း ဖော်ပြပေးထားပြီး ကြည်ရင်းနဲ့ အသည်းတွေဘာတွေ အေးလာနိုင်ပါတယ်။ အဲ့… ရေကူးကန်ထဲမှာ ရူးရူးကပ်ပေါက်တတ်တဲ့ သူတွေနဲ့ဆိုလည်း မကိုက်ဘူး။ ပိုပြီး ကြောက်စရာကောင်းသွားနိုင်လို့ပါ…။

READ
ပျောက်ကွယ်ခဲ့သော မြို့တော်ဟောင်းများ
Market Square Tower

Skypool မှာ မကူးရဲတဲ့သူတွေအတွက်လည်း (၄) လွှာမှာ ရိုးရိုးရေကူးကန်ရှိပါသေးတယ်တဲ့…။

Source: Elite Reader

Matthew (ShweMOM)
SHARE