အဲကွန်းခန်းထဲမှာအိပ်သူတွေက ဖိအားတွေကိုပိုပြီးလျော့ကျစေတယ်လို့ဆို

Gorodenkoff/Shutterstock

အဲကွန်းခန်းလိုမျိုး အေးတဲ့အခန်းထဲမှာ အိပ်စက်သူတွေဟာ ပုံမှန်နေရာတွေမှာ အိပ်သူတွေထက် ပိုပြီး မြန်မြန်အိပ်ပျော်ကြသလို စိတ်ဖိစီးမှုတွေကိုလည်း လျော့ကျစေတယ်လို့ Viralhatch ရဲ့ဖော်ပြချက်အရသိရပါတယ်။

ဆေးပညာရှင်တွေနဲ့ လေ့လာသူတွေရဲ့တွေ့ရှိချက်အရ အအေးခန်းထဲမှာ အိပ်စက်သူတွေဟာ ပထမဆုံးနေ့မှာ အသားမကျပဲ ဖြစ်နိုင်ပေမယ့်လည်း တစ်ညလောက်ကို ဖြတ်သန်းပြီးချိန်မှာတော့ ပိုပြီးမြန်မြန်ဆန်ဆန်အိပ်ပျော်သလို စိတ်ဖိစီးမှုတွေကိုလည်း လျော့ကျသွားစေတယ်လို့ တွေ့ရှိခဲ့ရတာပါ။

Dean Drobot/Shutterstock

လူ့ခန္ဓာကိုယ်ရဲ့ ပုံမှန်အပူချိန်ဟာ (၃၇)ဒီဂရီဆဲလ်စီးယပ်စ်မှာရှိနေပြီး သူတို့ရဲ့ခန္ဓာကိုယ်အပူချိန် ကျဆင်းလာတာနဲ့အမျှ အိပ်ချင်စိတ်တွေပိုမိုဖြစ်ပေါ်လာတာကို သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ကြတာပါ။ အဲဒီအချက်က ကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်စေပြီး အပူချိန်မြင့်တက်နေတဲ့ ခန္ဓာကိုယ်ထက်စာရင် မလိုလားအပ်တဲ့ရောဂါမျိုးတွေ လွယ်လွယ်နဲ့မဖြစ်နိုင်ဘူးလို့ တွေ့ရှိခဲ့ကြပါတယ်။

Andrey_Popov/Shutterstock

ခန္ဓာကိုယ်အပူချိန်ကျဆင်းလာတာနဲ့အမျှ ကိုယ်တွင်းမှာရှိတဲ့ စိတ်ဖိစီးမှုကိုထုတ်လွှတ်ပေးတဲ့ ဟိုမုန်းတွေကိုလည်း လျော့ကျသွားစေပြီး ကယ်လိုရီလောင်ကျွမ်းမှုနှုန်းကိုလည်း ပိုမိုမြန်ဆန်လာစေတယ်လို့ တွေ့ရှိခဲ့ရပါတယ်။

လူအများစုအတွက် အသင့်တော်ဆုံးကတော့ အဲကွန်းကို (၂၀)ဒီဂရီဆဲလ်စီးယပ်စ်လောက်မှာထားပြီး ဖွင့်တာပဲလို့ သိပ္ပံပညာရှင်တွေက ဆိုကြပြီး အဲဒီအနေအထားဟာ လူ့ခန္ဓာကိုယ်အတွက် အဆင်အပြေဆုံးပဲလို့ ဖော်ပြခဲ့ကြပါတယ်။

READ
မိုးရွာတဲ့ညတွေမှာဖတ်သင့်တဲ့ စာအုပ်အမျိုးအစား(၄)မျိုး
BLACKDAY/Shutterstock

Linn

SHARE