အေးတဲ့အခန်းမှာ အိပ်စက်ခြင်းက မြန်မြန်အိပ်ပျော်စေပြီး စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်

Twitter/Curiosity

အသက်ကြီးလာလေလေ အိပ်ပျော်ဖို့ ခဲယဉ်းလေပါပဲ။ လူကအိပ်ချင်နေပေမယ့် အိပ်မပျော်တာ၊ အိပ်ရာထဲမှာ လူးလိမ့်ရင်း အိပ်ဖို့ ကြိုးစားတဲ့အခါ မအောင်မြင်တာ၊ တစ်ခါတစ်ခါ အိပ်ဖို့ ကြိုးစားရင်းနဲ့ မိုးလင်းသွားပြီး အိပ်မရတော့တာတွေဟာ အသက်ကြီးလာတဲ့အခါ ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာတွေပါ။ ဒါ့ကြောင့် မြန်မာစကားမှာ လူကြီးတွေ အိပ်တယ်ဆိုရင် ကြက်အိပ် ကြက်နိုးလို့ ခိုင်းနှိုင်းတာပါပဲ။ 

 ကိုယ်ခန္ဓာအပြောင်းအလဲကြောင့် ဖြစ်ဖြစ်၊ စိတ်ဖိစီးမှုတွေကြောင့် ဖြစ်ဖြစ် လုံလောက်တဲ့ အိပ်စက်ချိန်မရတဲ့ အခါ တော်တော်ပင်ပန်းလေ့ရှိပါတယ်။ နောက်တစ်နေ့စာ အလုပ်လုပ်တဲ့ လုပ်ငန်းခွင်မှာလည်း စိတ်မကြည်လင်မှုတွေ၊ အလုပ်အပေါ် အာရုံအပြည့်အဝမစိုက်နိုင်ခြင်းတွေ လုံလုံလောက်လောက် အိပ်ချိန်မရတဲ့ အကျိုးဆက်တွေလို့ဆိုရင်လည်း မမှားနိုင်ပါဘူုး။ ဒါကြောင့် လူတစ်ယောက်ဟာ သူ့ခန္ဓာကိုယ်က တောင်းဆိုတဲ့ အိပ်စက်ချိန်ကို အပြည့်အဝ အနားယူဖို့ လိုကို လိုအပ်ပါတယ်။ တကယ်တော့ မိမိရဲ့ ကိုယ်ခန္ဓာကို အားပြည့်စေဖို့အတွက် အိပ်ချိန်လုံလုံလောက်ရရှိခြင်းက အကောင်းဆုံးအားဖြည့်ခြင်းတစ်ခုပါပဲ။

Pexels/Clicky

ဒီလိုမျိုး အိပ်ဖို့ ခက်နေတယ်၊ အိပ်ပျော်ဖို့ ခဲယဉ်းတယ်ဆိုသူတွေအတွက် အကောင်းဆုံးဖြေရှင်းဖို့ နည်းလမ်းတစ်ခုကတော့ အေးတဲ့ နေရာမှာအိပ်စက်ခြင်းက မြန်မြန်ဆန်ဆန်ပဲ အိပ်ပျော်စေမှာပါ။ လူတစ်ယောက်ရဲ့ သာမန်ကိုယ်ခန္ဓာအပူအချိန်ဟာ 37 degrees Celsius  ဖြစ်ပြီး နေ့စဉ်လိုလို အတက်အကျရှိပါတယ်။

သိပ္ပံပညာရှင်တွေဟာ ဒီလို ကိုယ်ခန္ဓာအပူချိန်လျော့ကျသွားချိန်မှာ ပိုပြီး အိပ်ပျော်စေတယ်ဆိုတာကို ရှာတွေ့ခဲ့ပါတယ်။ အေးစက်တဲ့ အခန်း၊ အေးစက်တဲ့နေရာဆိုလို့ Air-Conဖွင့်ထားတဲ့ အခန်းချည်းပဲဆိုလိုတာ မဟုတ်ပါဘူး။ မိမိရဲ့ အိပ်ရာ ရှိတဲ့ နေရာမှာ အေးနေတယ်။ လေဝင်လေထွက်ကောင်းတယ်၊ လေတိုက်တယ်ဆိုရင်လည်း အဆင်ပြေစေမှာပါ။ အဓိကက မိမိ အိပ်စက်ရမယ့်နေရာလေးက အေးမြနေဖို့ပါပဲ။ဒါ့ကြောင့် အေးတဲ့အခန်း၊ အေးတဲ့ နေရာတွေမှာ အိပ်စက်ခြင်းက မြန်မြန်ဆန်ဆန် အိပ်ပျော်စေမယ့် အပြင် ကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်စေမှာပါ။

Unsplash/Mazatlan

စိတ်ဖိစီးမှုကို လျော့ကျတာ ဘာလို့ လျော့ကျစေသလဲဆိုရင် အေးတဲ့နေရာမှာ အိပ်ခြင်းကြောင့်လည်း ကိုယ်ခန္ဓာအပူချိန်လျော့ကျလေ စိတ်ဖိစီးမှုဖြစ်စေမယ့် ဟော်မုန်းတိုးပွားနှုန်းကို လျော့ကျစေလို့ပါပဲ။ အလှအပရေးရာအတွက် ကိုယ်ခန္ဓာကို ထိန်းသိမ်းနေတဲ့သူတွေ၊ Diet လုပ်နေတဲ့သူတွေအတွက်လည်း ဒီလို အေးတဲ့ နေရာတစ်ခုမှာ အိပ်စက်ဖို့ ပညာရှင်တွေက အကြံပေးထားကြောင်း ScienceTimes ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ 

YYK

SHARE