အိမ်မြှောင်ကြောက်လို့ မိန်းကလေးနှစ်ယောက်နဲ့အတူအိပ်ခဲ့တယ်ဆိုတဲ့ အမျိုးသား

worldofbuzz/Twitter

ရေဆာလို့ ဘီယာသောက်၊ သရဲကြောက်တော့ အဖော်ခေါ်အိပ်ဆိုတဲ့ လူရွှင်တော် ပြက်လုံးလေးဟာ ကျွန်တော်တို့ လူနေမှု နယ်ပယ်မှာလည်း အတော်လေးကို ခေတ်စားခဲ့ပါတယ်။ အခုလည်း မလေး အမျိုးသားတစ်ယောက်ဟာ သက်ဆိုင်ရာက သူနေထိုင်ရာကို မသင်္ကာလို့ ဝင်ရောက်ရှာဖွေစဉ်မှာ အခြားအမျိုးသမီးငယ်နှစ်ဦးနဲ့ အတူအိပ်နေတာကို တွေ့ခဲ့ရတာပါ။

ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ သောကြာနေ့ည စက်တင်ဘာ(၆)ရက် ညပိုင်းမှာ ဖြစ်ခဲ့တာပါ။ အခင်းဖြစ်ခဲ့ရာနေရာကတော့ Perhentian ကျွန်း၊ Besut မှာရှိတဲ့ အပန်းဖြေ အိမ်ကလေးတစ်လုံးမှာလို့ သိရပါတယ်။ အဲဒီအိမ်ကို Terengganu Religious Affairs Department (JHEAT) အဖွဲ့က မသင်္ကာလို့ စစ်ဆေးစဉ်မှာ အတူ အိပ်နေတဲ့ အမျိုးသားတစ်ဦး၊ အမျိုးသမီးနှစ်ဦးကို တွေ့ခဲ့ရပါတယ်။

Faiz Khalil / Twitter

အမျိုးသားကတော့ အသက်(၂၀) ဝန်းကျင်ဖြစ်ပြီး၊ ကောင်မလေးနှစ်ယောက်မှာ အသက်(၂၀)နဲ့(၃၀)အတောအတွင်း အရွယ်ကောင်း အမျိုးသမီးလေးတွေလို့ သိရပါတယ်။ ကာယကံရှင်အမျိုးသားကို စစ်ဆေးစဉ်မှာ သူက သူ့အခန်းထဲမှာ အိမ်မြှောင်ကြီးတစ်ကောင် (တောက်တဲ့ကြီးကို ရည်ရွယ်ဟနှ်ရှိ)က အလွန်ကြောက်စရာ ကောင်းလို့ အခုလို အဖော်ခေါ်အိပ်တာပါတဲ့။

READ
အလင်းတန်းကြောင့် သေဆုံးသွားသူတွေ ကောင်းကင်ဘုံရောက်သွားပြီဟု ယုံကြည်နေတဲ့မိသားစု

နောက်ထပ် စစ်ဆေးမှုတွေမှာတော့ သူတို့တစ်တွေဟာ အပန်းဖြေအိမ်နှစ်ခု ဘေးချဉ်းကပ် ငှားရမ်းထားတာဖြစ်ပြီး၊ အမျိုးသမီးတစ်ဦးက ကာမပိုင်ယောက်ျားရှိနေလို့၊ ပြဿနာက ရိုးရိုးလေးမဟုတ်တော့ပါဘူး။ အခြား ကောင်မလေးကတော့ ဒီအမျိုသားရဲ့ ချစ်သူဖြစ်ကြောင်း လောလောဆယ် သိရပါတယ်။

Sittipong Chananithitham/Shutterstock

ဒီအမျိုးသားဟာ ကာမပိုင်အမျိုးသမီးတစ်ယောက်နဲ့ ဆက်နွယ်ပတ်သက်ခဲ့လို့ သေချာပေါက် အရေးယူခံရဖို့ ရှိနေပါတယ်။ ဒီရှောင်တခင် စစ်ဆေးမှုမှာ အသက်(၄၀)အရွယ် အခြားအမျိုးသားတစ်ဦးကိုလည်း အပန်းဖြေအိမ်ငယ်လေးမှာ သူ့ထက် အသက်ထက်ဝက်ငယ်တဲ့ ကောင်မလေးနဲ့ ထပ်ပြီး ဖမ်းမိခဲ့ပြန်ပါတယ်။

အဲဒီအမျိုးသားကတော့ ပထမ အမျိုးသားပေးထားတဲ့ ဆင်ခြေနဲ့ တစ်ခြားစီပါ။ သူကတော့ ဒီကောင်မလေးရဲ့အခန်းထဲကို ပစ္စည်းတစ်စုံတစ်ခုယူဖို့ ဝင်ရောက်လာစဉ်မှာ အိပ်မောကျသွားခဲ့တာဖြစ်ကြောင်း (ယုတ္ထိမတန်တဲ့)အဖြေကို ပေးခဲ့ပါတယ်။ (JHEAT) အဖွဲ့ကတော့ သံသယရှိသူတွေကို စစ်ဆေးအရေးယူထားကြောင်း သိရပါတယ်။

Sittipong Chananithitham/Shutterstock

လင်းသူရိန်

SHARE