ခေါင်းချလိုက်တာနဲ့ အိပ်ပျော်စေဖို့ အိပ်ယာဘေးမှာထားသင့်တဲ့ အပင်လေးများ

Pexels- cottonbro

ညဖက်အိပ်မပျော်တာဟာ အဓိကကတော့ စိတ်ဖိဆီးမှုတွေများပြီး အတွေးတွေလွန်နေလို့ ဖြစ်နိုင်ပါတယ်။ ဒီတော့ ညဖက်ကျရင် ခေါင်းချလိုက်တာနဲ့ မြန်မြန်ဆန်ဆန် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နိုင်စေဖို့ အိပ်ယာဘေးထားသင့်တဲ့ အပင်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Pexels- cottonbro

Snake Plant

ထိန်းသိမ်းရလွယ်ပြီး နာဆာရဲ့ အောက်ဆီဂျင်ထုတ်ပေးမှု အမြင့်ဆုံးအပင်တွေထဲ ထိပ်ဆုံးကပါဝင်နေတာကြောင့် ရှူစရာလေပိုများလာကာ ကောင်းမွန်စွာအိပ်ဆက်စေဖို့ ဦးနှောက်ကို အားပေးလေပဲဖြစ်ပါတယ်။

Ferns

Formaldehyde, xylene နဲ့ toluene တို့ကို စစ်ထုတ်ပေးတဲ့အတွက်ကြောင့် အခန်းတွင်းလေထုညစ်ညမ်းမှုတွေသက်သာစေပြီး လေသန့်စင်ပေးတဲ့အတွက် စိတ်ကို အနားပေးကာ ကောင်းစွာအိပ်စက်စေပါတယ်။

Pexels- pixabay

Lavender

လာဗင်ဒါအနံ့ဟာ အရင်ကတည်းက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေပါတယ်။ ဒါကြောင့် အမွှေးဖယောင်းတိုင် ဒါမှမဟုတ် ဖြန်းဆေးတို့ဖြတ်းပေးခြင်းကိုလည်း လုပ်နိုင်သလို အပင်စိုက်ချင်တယ်ဆိုရင်လည်း မြေအိုးလေးထဲစိုက်ထားနိုင်ပါတယ်။

Happy just Hanging Out

အခန်းတွင်း လေထုရဲ့ လိုအပ်တဲ့အစိုဓာတ်ကိုပေးတဲ့အတွက်ကြာင့် အသက်ရှူလုပ်ငန်းတွေကို ပိုပြီးအားကောင်းစေကာ ဦးနှောက်အထိ အောက်ဆီဂျင်ရောက်ပြီး မြန်မြန်ဆန်ဆန်အိပ်ပျော်စေပါတယယယ်။

Penny

 

 

SHARE