အေးချမ်းမှုတွေပေးပြီး အသက်တွေကို ခြွေပစ်လိုက်နိုင်တဲ့ ပန်ကာအကြောင်း

လူတိုင်း လူတိုင်း ညဘက်မှာ အေးအေးလူလူနဲ့ ဇိမ်ကျနှစ်ခြိုက်စွာ အိပ်စက်ချင်ကြပါတယ်။ ဒီနေရာမှာ တော်တော်များများ ပန်ကာကို အများဆုံးအသုံးပြုကြတာကို တွေ့ရတယ်။ ပန်ကာဖွင့်ပြီး အိပ်စက်တာ ဘယ်လောက် အန္တရာယ်များတယ်ဆိုကြောင်းကို သာဓကတွေ၊ သတိပေးနှိုးဆော်မှုတွေနဲ့ ဖော်ပြနေတာလည်း သိကြမှာပါ။

အေးအေး သာသာ အိပ်နိုင်တာ မှန်ပါတယ်။ အခုမသုံးလည်း အရင်က သုံးခဲ့တဲ့ ဒဏ်တွေကြောင့် နေထိုင်မကောင်းဖြစ်စေနိုင်တဲ့ အရာတစ်မျိုးဆိုလည်း မမှားပါဘူး။ အခန်းထဲမှာ ပန်းကာလေမှုတ်ထားတဲ့အခါ မမြင်နိုင်တဲ့ အမှုန်အမွှာတွေဟာ လေထဲမှာ လွင့်ပျံထနေပြီး ရိုးရိုးလေးပဲ သင့်အသက်ရှုလမ်းကြောင်းထဲကို မသိလိုက်ဘာသာ ၀င်နေမှာ။

ဒါကြောင့် ပန်းနာရင်ကြပ်ဖြစ်ခြင်း၊ ဖျားနာခြင်းနဲ့ အရေပြားယားယံမှုဝေဒနာတွေကို ရရှိလာနိုင်တယ်။ ဒီလေက သင့်ကို ထင်တာထင် ပိုထိခိုက်စေနိုင်တယ်။ ဖုန်တွေကို စုယူထားတဲ့အတွက် ဖွင့်လိုက်တိုင်းမှာ သင့်အသက်ရှုလမ်းကြောင်းထဲကို တိုက်ရိုက်ဝင်ရောက်လာမှာဖြစ်တယ်။

PA

ခန္ဓာကိုယ်ကို တိုက်ရိုက်ထိတွေ့စေတဲ့အခါမှာ အသားအရည် မွဲခြောက်တာတွေဖြစ်စေတယ်။ အိပ်ရင် မျက်စိပွင့်နေတတ်တဲ့သူတွေအတွက် မျက်စိအတွင်းက အရည်ကြည်တွေကို ခမ်းခြောက်စေပြီး ကျိန်းစပ်ခြင်းကို ခံစားရမယ်၊ ပါးစပ်ပွင့်နေတတ်တဲ့ အိပ်တဲ့သူတွေအတွက်ဆို ပိုဆိုးပေါ့။

လေပြွန်ထဲကို လေစီကြောင်းက အတိအကျရောက်တဲ့အခါမှာ လည်ပင်းနာတာဖြစ်မယ်။ အဲ့ဒီထက် ပိုဆိုးတဲ့ ရလဒ်က သင့်ခန္ဓာကိုယ်က မလိုအပ်တဲ့ အချွဲတွေထုတ်လာမယ်။ အဲ့ဒီနောက် နှာပိတ်မယ်၊ အသက်ရှုမ၀ဘူး၊ ခေါင်းကိုက် ခေါင်းခဲတာတွေပါ တစ်ဆက်ထဲ ခံစားလာရမယ်။

ကြွက်သားတွေကို ရောင်ရမ်းကိုက်ကဲစေတဲ့ အဓိက တရားခံလည်းဖြစ်တယ်။ မနက်ခင်းနိုးလာတဲ့အခါ ကြွက်သားတွေ ထုံကျင်၊ ကိုက်ခဲနေတာမျိုးတွေရှိနေရင် ဒါ ပန်ကာလက်ချက်ဆိုတာ သတိရလိုက်ပါ။ တစ်နေရာထဲကို စုပြီး လေပေးထားတဲ့အခါ ကြွက်သားတွေ တင်းနေပြီး ကြွက်တက်တာတွေဖြစ်မယ်။ အထူးသဖြင့်တော့ ခေါင်းနဲ့ လည်ပင်းကို တိုက်ရိုက်ထိနေတဲ့ လူတွေအတွက် အန္တရာယ်တော်တော်ရှိတယ်။

READ
ကိုယ်အလေးချိန်ကျလိုသူတွေ ရှိရမည့်စိတ်နေသဘောထား
PA

နောက်ထပ် ထင်ရှားတဲ့ ဆိုးကျိုးကတော့ ပန်ကာဟာ အပူကို လျှော့ပေးရုံတင်မကဘဲ သူကိုယ်တိုင် ပူပြီး လောင်ကျွမ်းတတ်ပါတယ်။ လျှပ်စစ်နဲ့ အသုံးပြုရတာဖြစ်လို့ အကြာကြီးဖွင့်ထားမိရင် ၀ါယာတွေပူတာ၊ လောင်တာတွေနဲ့ ရှောခ့်ဖြစ်မယ်။ မီးအား အတက်အကျ မမှန်တဲ့နေရာတွေမှာ ခဏခဏ ပန်ကာကြောင်း ဒုက္ခရောက်ပြီး ဘ၀တစ်ပါးလွင့်စင်သွားကျတဲ့ သူတွေလည်း အများကြီးရှိပါတယ်။

ဒါကြောင့် အေးချမ်းမှုတွေပေးပြီး လူသတ်လက်နက်လိုဖြစ်နေတဲ့ ပန်ကာကို သတိရှိရှိနဲ့ အသုံးပြုကြဖို့ နှိုးဆော်လိုက်ရပါတယ်။

Source: Ladbible

Matthew (ShweMOM)

SHARE