လူ(၁၀)ယောက်ကျော်နဲ့ ဟိုဒင်းဟိုဝှာ ပြုဖူးသူများ ကင်ဆာဖြစ်နိုင်ခြေပိုများဟု သိရ

Freepik/ABC

လူဆယ်ယောက်ပိုပြီး လိင်ပိုင်းဆိုင်ရာဆက်ဆံဘက် များသူတွေအနေနဲ့ ကင်ဆာဖြစ်နိုင်ခြေပိုမြင့်မားကြောင်း ပညာရှင်တွေရဲ့ သုတေသနပြုချက်တစ်ခုအရ သိရပါတယ်။ သိပ္ပံပညာရှင်တွေဟာ ဒီထုတ်ပြန်မှုကို ပြုလုပ်နိုင်ဖို့ လူထောင်ပေါင်းများစွာကို ပုဂ္ဂိုလ်ရေးဆိုင်ရာ မေးခွန်းတွေ မေးမြန်းခဲ့တာပါ။

ဒီသုတေသနကို ယူကေ၊ သြစတီးယား၊ တူရကီ၊ ကနေဒါနဲ့ အီတလီက ပညာရှင်တွေက ပြုလုပ်ခဲ့တာပါ။ ယူကေမှာတော့ English Longitudinal Study of Ageing (ELSA) ကနေ သုတေသနပြုခဲ့တာဖြစ်ပြီး၊ အသက်(၅၀)နဲ့ (၅၀)ကျော်တွေကို အဓိကပစ်မှတ်ထားပြီး သုတေသနတွေ ပြုလုပ်ခဲ့တာပါ။

(၂၀၁၂/၁၃)မှာ ပြုလုပ်ခဲ့တဲ့ အဲဒီစစတ်တမ်းမှာ ပါဝင်သူ (၅၇၂၂)ကတော့ သူတို့မှာ လိင်ဆက်ဆံဘက် ဘယ်လောက်အထိ ရှိခဲ့တယ်ဆိုတာရယ်၊ လက်ရှိ မေးခွန်းတွေမေးနေချိန်မှာ သူတို့ရဲ့ကျန်းမာရေးအခြေအနေနဲ့ ထူးခြားတဲ့ ကျန်းမာရေးဆိုင်ရာ အဖြစ်အပျက်တွေကို ဖြေကြားခဲ့တာပါ။

Freepik/LoneGamers

ထူးခြားတဲ့တွေ့ရှိချက်မှာတော့ လိင်ဆက်ဆံဘက် များတဲ့သူတွေဟာ အသက်ပိုငယ်သူများ၊  ဆေးလိပ်သောက်သူများ၊ အရက်သောက်သူများ၊ ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းတွေကို အလွန်အမင်း လိုက်စားသူတွေ ဖြစ်နေတာကို တွေ့ရကြောင်း ဆိုပါတယ်။ နောက်ပြီး အမျိုးသမီးတွေအနေနဲ့ လိင်ဆက်ဆံဘက်များလေ ကင်ဆာဖြစ်နိုင်ခြေ ပိုများတယ်လို့ ဆိုပါတယ်။

စစ်တမ်းမှာ ပါဝင်သူတွေရဲ့ပျမ်းမျှအသက်ဟာ (၆၄)နှစ်ဖြစ်ပြီး၊ (၄)ပုံ(၃)ပုံမှာ လက်ထပ်ပြီးလူတွေ ဖြစ်ကြပါတယ်။ ပါဝင်သူ (၂၂)%သော အမျိုးသားတွေနဲ့ (၈)%သော အမျိုးသမီးတွေမှာတော့ လိင်ဆက်ဆံဘက် (၁၀)ယောက်ထက် ကျော်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလူတွေဟာ ကင်ဆာဖြစ်နိုင်ခြေနဲ့ ပိုပြီးနီးစပ်နေခဲ့တာကိုလည်း တွေ့ရပါတယ်။

အမျိုးသမီးတွေမှာတော့ လိင်ဆက်ဆံဘက် တစ်ယောက်သာရှိသူ၊ သို့မဟုတ် တစ်ခါမှ လိင်ဆက်ဖူးခြင်းမရှိသူနဲ့  (၁၀)ယောက်ထက်ပိုတဲ့ လိင်ဆက်ဆံဘက်ရှိသူကို နှိုင်းယှဉ်တဲ့အခါ၊ လိက်ဆက်ဆံဘက်ပိုများသူက ကင်ဆာခံစားရနိုင်ခြေ (၉၁)%ထိ ပိုများနေပါတယ်တဲ့။

Freepik/NewsMed

အမျိုးသားတွေမှာတော့ လိင်ဆက်ဆံဘက် (၁)ဦးသာ သို့မဟုတ် တစ်ခါဖူးမျှ လိင်ဆက်ဆံဘက်မရှိသူနဲ့ လိင်ဆက်ဆံဘက်(၂)ယောက်မှ (၄)ယောက်ကြားရှိသူတွေနဲ့ နှိုင်းယှဉ်တဲ့အခါ လိင်ဆက်ဆံဘက်များသူတွေက ကင်ဆာဖြစ်နိုင်ခြေ (၅၇)%အထိ ပိုကြောင်း တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။ (၁၀)ယောက်ထက်ပိုသွားတဲ့ လိင်ဆက်ဆံဘက်ရှိသူ အမျိုးသားတွေကတော့ (၆၉)%အထိ ကင်ဆာခံစားရနိုင်ခြေ ပိုများပါတယ်။

BMJ Sexual & Reproductive Health မှာဖော်ပြထားတဲ့ ဆောင်းပါးမှာတော့ အမျိုးသမီးတွေအဖို ဘဝတစ်သက်စာမှာ လိင်ဆက်ဆံဘက် (၅)ယောက်မှ(၉)ယောက် သို့မဟုတ် (၁၀)ယောက်ထက် ပိုသွားတယ်ဆိုရင် ကင်ဆာခံစားရနိုင်ခြေ (၆၄)%အထိ ပိုများကြောင်း သီးခြားဖော်ပြထားတာမျိုးလည်း ရှိပါတယ်။ အဲဒီမှာတော့ အမျိုးသားတွေနဲ့ပတ်သက်ပြီး ဖော်ပြထားတာမျိုး မရှိပါဘူး။

အဲဒီလေ့လာမှုမှာတော့ ဒီလို ဖြစ်စေတဲ့အကြောင်းအရင်းတွေကို ဖော်ပြမထားသော်လည်း၊ ကင်ဆာနဲ့အသည်းရောင် အသားဝါရောဂါ ဖြစ်စဉ်တွေမှာတာ့ လိင်ပိုင်းဆိုင်ရာကူးစက်ရောဂါတွေနဲ့ ဆက်စပ်မှုရှိကြောင်း ယခင်လေ့လာတွေ့ ရှိချက်တွေမှာ ဖော်ပြခဲ့ကြောင်း သိရပါတယ်။

လင်းသုတ

SHARE