အိပ်ရင်းယောင်တတ်တဲ့အကျင့်ကြောင့် ဘတ်စ်ကတ်ဘောကွင်းကြီးပါ ၀ယ်ခဲ့မိတဲ့အမျိုးသမီး

ကလေးသုံးယောက်မိခင်တစ်ဦးဟာ အိပ်ရင်းယောင်တတ်တဲ့အကျင့်ကြောင့် အကြွေးတွေတော်တော်လေးနစ်နေပြီလို့ သိရပါတယ်။ ဘာကြောင့်လည်းဆိုတော့ သူမဟာ အိပ်ပျော်နေရင်းနဲ့ အွန်လိုင်းက ပစ္စည်းတွေကို မကြာခဏ၀ယ်ယူတာကြောင့်ဖြစ်ပါတယ်။ သူမဟာ အိပ်နေရင်းယောင်တဲ့ရောဂါကို ငယ်စဉ်ကလေးဘ၀ကတည်းက ခံစားခဲ့ရပြီး ရောဂါဟာ အသက်ကြီးလာတာနဲ့အမျှ ပိုပိုပြီးဆိုးလာတာ ဖြစ်ပါတယ်။

Fox News အရ အင်္ဂလန်နိုင်ငံနေ အသက်(၃၇) နှစ်အရွယ် ကလေးအမေ ကယ်လီစနိုက်ပ်ဟာ အိပ်ပျော်နေစဉ်မှာ အွန်လိုင်းကနေ ပစ္စည်းတွေ ၀ယ်ယူနေခဲ့တာ ဖြစ်ပါတယ်။ သူမရဲ့ ခရက်ဒစ်ကတ်နံပတ်ကလည်း စနစ်ထဲမှာ ရှိတာကြောင့် သူမအဖို့ ပစ္စည်းတွေဝယ်ယူရတာ အရမ်းကိုလွယ်ကူနေခဲ့တာ ဖြစ်ပါတယ်။ တစ်ခါတုန်းကလည်း ကွတ်ကီးထည့်တဲ့ဘူးတွေအတွက် (၅၈) ပေါင်သုံးခဲ့သလို ချိုချဉ်တွေဝယ်ဖို့အတွက်လည်း ပေါင်ရာနဲ့ချီပြီး သုံးစွဲခဲ့ပါသေးတယ်။ ပိုဆိုးတာက သူမဟာ တစ်ကြိမ်မှာတော့ ဘတ်စ်စကတ်ဘောလုံးကွင်းကြီးတစ်ခုလုံးကိုပါ ၀ယ်ယူခဲ့တာ ဖြစ်ပါတယ်။

Source: Fox News

ဒါကို ဘယ်အချိန်မှ သိရသလဲဆိုရင် နောက်တစ်နေ့မှာ လော်ရီကားတစ်စီးက ဘတ်စ်ကတ်ဘောကွင်းဆောက်ပေးဖို့ဆိုပြီး သူမအိမ်ရောက်လာတော့မှ သူမက အိပ်နေရင်းယောင်ပြီး ၀ယ်လိုက်မိတယ်ဆိုတာ သိလိုက်ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် ပိုပြီး အကြွေးတွေ လည်ပင်းထိနစ်မလာခင် ကယ်လီဟာ ဘတ်စ်ဘောကွင်းကြီး အပါအ၀င် ပစ္စည်းတွေအားလုံးကို ပြန်ပေးနိုင်ခဲ့လို့ တော်ပါသေးတယ်။

READ
ခြောက်ထပ်ကြီးဘုရားမှာ ရိုက်ကူးခဲ့တဲ့ ဗီဒီယိုဖိုင်နဲ့ပတ်သက်ပြီး KBS တောင်းပန်

ကယ်လီရဲ့ အိပ်နေရင်း ယောင်တတ်တဲ့အကျင့်ဟာ တော်တော်လေး ဆိုးဝါးနေတာပါ။ တစ်ခါတစ်လေ သူမအတွက် အန္တရာယ်ရှိစေတဲ့ အပြုအမူမျိုးတင်မကပဲ ကလေးတွေအတွက်ပါ အန္တရာယ်ရှိစေတဲ့ အပြုအမူမျိုးကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ သူမက “ကျွန်မ ကိုယ်ဝန်ရက်သတ္တပတ် (၂၀) ပတ်လောက်တုန်းက အိပ်နေရင်းနဲ့ ဆေးတွေအများကြီး သောက်လိုက်မိတယ်။ ကျွန်မက ဆီးချိုရှိတော့ ဆေးသောက်ရပါတယ်။ ပြီးတော့ မက်ဖော်မင်တွေ အများကြီးသောက်လိုက်မိတယ်။ အဲဒီတုန်းက ကျွန်မက အိပ်မက်မက်နေခဲ့တာ။ အိပ်မက်ထဲမှာတော့ ဆရာဝန်နဲ့တွေ့ပြီး စကားပြောနေတာ။ ဆရာဝန်ကို ကျွန်မက ဆေးတွေ မသောက်ချင်ဘူးဆိုပြီး ပြောနေခဲ့တာ။ ဒါပေမယ့် နိုးလည်းနိုးလာရော ဆေးပြားတွေကို ကျွန်မ အကုန်သောက်လိုက်မိပြီးပြီ။ ကိုယ်ဝန်ရော၊ ကျွန်မရော ဘာမှ မဖြစ်ခဲ့လို့ တော်သေးတယ်…” လို့ ပြန်ပြောပြပါတယ်။

Waploft

အခုအခါမှာတော့ ကယ်လီဟာ သူမရဲ့ ရောဂါဟာ မသက်သာတာကြောင့် ပြနေကျဆရာဝန်တွေနဲ့ မပြတော့ပဲ နားလည်တတ်ကျွမ်းတဲ့ အခြားဆရာဝန်တွေနဲ့သာ ထပ်မံပြသနေပါတယ်။ လောလောဆယ်ထိတော့ ဆရာဝန်အသစ်တွေနဲ့ ပြသရာမှာ ကယ်လီဟာ အဆင်ပြေနေကြောင်းနဲ့ ရောဂါဟာ ဖြည်းဖြည်းချင်းတော့ သက်သာလာတယ်လို့ သိရပါတယ်။

READ
ဘောလုံးစကေးတွေ သိပ်ပိုင်လို့ ခွေး မက်ဆီဆိုပြီး ခေါ်ခံနေရတဲ့ ပြင်သစ်ခွေးဘီလူးလေး

လင်းလင်း (ShweMom)

Ref: worldofbuzz, foxnews

SHARE