BlackPink’s Jennie ကြောင့် Follower 6000 တိုးသွားတဲ့ Rapper

IG/jennierubyjane/Sleepy

BlackPink ရဲ့ Jennie ကတော့ သူမရဲ့ ဆံပင်ပုံစံက ဖက်ရှင်ရေစီးကြောင်းထဲမှာ သိပ်ကို ရေပန်းစားနေပါတယ်။ ဒါကြောင့်လည်း ပုံစံတူ ဆံပင်ပုံစံကို ပြုလုပ်သူတွေပါ ရှိနေကြပါပြီ။ allkpop ကတော့ Jennie ရဲ့ ဆံပင်ပုံစံကို ပုံစံပြုလုပ်တာကြောင့် Follower တိုးသွားတဲ့ သူ အကြောင်းကို အခုလိုပဲ ဖော်ပြထားပါတယ်။

မကြာသေးခင်ကပဲ Sleepy တစ်ယောက်က သူ့ရဲ့ ဆံပင်ပုံစံကို BlackPink MV ထဲက How You Like That ထဲက Jennie ရဲ့ ဆံပင်ပုံစံအတိုင်း ပြောင်းလဲခဲ့ပါတယ်။ သူကတော့ အဲ့လို လုပ်ခဲ့တာရဲ့ ရလဒ်ကို ထုတ်ပြောခဲ့ပါတယ်။ ဇူလိုင် ၇ ရက်နေ့က အစီအစဉ်တစ်ခုထဲမှာ Sleppy က Jennie က ဆံပင်ပုံစံအသစ် ဓာတ်ပုံကို တင်ခဲ့တာကြောင့် သူ့ရဲ့ IG မှာ follower တွေ ၆ ထောင်လောက် တိုးခဲ့တယ်လို့ ပြောခဲ့ပါတယ်။

View this post on Instagram

Imissblink 💧

A post shared by J (@jennierubyjane) on

သူကတော့ ဒီအကြောင်းကို “ အခုအချိန်က ကျွန်တော့အတွက်လို့ တွေးမိသွားခဲ့တယ်။ ဒါကို အခွင့်အရေးတစ်ခုလို ယူချင်ခဲ့တယ်။ Jennie က သူမရဲ့ ပုံကို တင်လိုက်တဲ့အချိန်မှာ ကျွန်တော်လည်း ကျွန်တော့်ဗီဒီယိုကို တင်လိုက်တယ်။ ဒါကြောင့်ပဲ ကျွန်တော် Follwer တွေ တိုးလာရတာပါ။ Jennie ကို ဒီလို အခွင့်အရေး ကျွန်တော့်ကို ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။ ချစ်ပါတယ်။” လို့ ဖြေသွားပါတယ်။

READ
မဂ္ဂဇင်းတစ်ခုအတွက် ဓါတ်ပုံရိုက်ကူးပေးခဲ့တဲ့ Rain

Kham

 

SHARE