စာတစ်စောင်ကြောင့် အိမ်ပြင်မှာ အ၀တ်တွေ ထုတ်လှမ်းပြီး အရွဲ့တိုက်ခဲ့ကြတဲ့ မြို့သူမြို့သားများ

အင်္ဂလန်နိုင်ငံ ဒီဗွန်ရှိုင်းယား ကိုလီတန်မြို့နေလူထုဟာ အိမ်ပြင်မှာ အ၀တ်ထုတ်လှမ်းတာကြောင့် သတိပေးစာ ပို့ခံလိုက်ရတဲ့ အမျိုးသမီးဘက်ကနေ ရပ်တည်ခဲ့ကြပါတယ်။ သတိပေးစာ အပေးခံရသူ အမျိုးသမီးကတော့ အသက်(၄၇)နှစ်အရွယ် ကလဲမောင့်ဂျွိုင်းဆိုသူ ဖြစ်ပါတယ်။

SWNS

ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းက ကလဲဟာ လျှော်ပြီးသားအ၀တ်တွေကို အိမ်ပြင်မှာ ထုတ်လှမ်းပြီးနောက်ပိုင်း အမည်မသိခြိမ်းခြောက်စာတစ်စောင်ကို လက်ခံရရှိခဲ့ပါတယ်။ စာထဲမှာတော့ သူမရဲ့အိမ်ပြင် အ၀တ်ထုတ်လှန်းတဲ့ ကိစ္စနဲ့ပတ်သက်လို့ ရပ်ကွက်နေလူထုကိုယ်စား ပေးပါတယ်ဆိုပြီး ရေးထားပါတယ်။

SWNS

မြို့မြင်ကွင်းကို အကျဉ်းတန်စေအောင် အ၀တ်တွေကို အိမ်ပြင်ထုတ်လှမ်းတာမျိုး မလုပ်ဖို့နဲ့ ယင်းမြင်ကွင်းမျိုးကို နိုင်ငံခြားသား ဧည့်သည်တွေမြင်ရင် မတင့်တယ်ကြောင်း ရေးသားထားပါတယ်။ တကယ်လို့ အ၀တ်လှမ်းစရာအခန်း မရှိဘူးဆိုရင်လည်း အခြောက်ခံစက်နဲ့ ခြောက်စေတာပဲဖြစ်ဖြစ်၊ အိမ်ထဲမှာ လှမ်းတာပဲဖြစ်ဖြစ် ပြုလုပ်သင့်ကြောင်း ဝေဖန်ပြောထားပါတယ်။ ဒါ့အပြင် ကလဲကို မလိုမုန်းထားတဲ့အတွက် ရေးတာမဟုတ်ပဲ ကိုလီတန်မြို့လေးကို လှပတဲ့မြို့လေးအဖြစ် ထိန်းသိမ်းရာမှာ ပါဝင်စေလိုကြောင်း စသဖြင့် ရေးသားထားပါတယ်။

READ
ဒေါ်နယ်ထရမ့် မျက်နှာဖုံးတပ်ပြီး ATMစက်တွေကို ဖောက်ထွင်းတဲ့ သူခိုးနှစ်ဦး အဖမ်းခံရ
Wessex News Agency

ကလဲရဲ့စာကို မြို့နေလူထုက သိသွားတဲ့အခါမှာတော့ အ၀တ်လေး လှမ်းမိရုံနဲ့ အခုလိုကြီးကြီးကျယ်ကျယ် စာအပို့ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကလဲဘက်ကနေ မကျေမနပ်ဖြစ်ခဲ့ကြပါတယ်။ လူပေါင်း(၂,၀၀၀) ကျော်ရှိတဲ့ မြို့နေလူထုဟာ ကလဲဆီ စာရေးသားခဲ့တဲ့ ပုဂ္ဂိုလ်တွေကို ထီမထင်တဲ့သဘောနဲ့ အရွဲ့တိုက်ပြီး အ၀တ်တွေကို အိမ်အပြင် ထုတ်လှန်းကာ ဆန္ဒပြခဲ့ကြပါတယ်။

SWNS

မြို့ထဲက အိမ်တွေ၊ ဆိုင်တွေရဲ့ အပြင်မှာ ကြိုးတွေကို သွယ်တန်းထားပြီး ဘောင်းဘီတိုတွေ၊ အတွင်းခံတွေနဲ့ ခြေစွပ်တွေကို ဂုဏ်ယူစွာနဲ့ လှမ်းထားခဲ့ပါတယ်။ မြို့နေလူထုကတော့ သူတို့ရဲ့တော်လှန်ရေးကို “The Laundry Revolution”(အ၀တ်လှန်း တော်လှန်ရေး)လို့ အမည်ပေးထားကြကြောင်း သိရှိရပါတယ်။

SWNS

လင်းလင်း (ShweMom)

Ref: Dailymail

SHARE