အိမ်သာကြွေအိုးမှာ မစင်လုံးဝမကျန်အောင် ပြုလုပ်ပေးမယ့် ဆေးရည်သစ်တစ်မျိုးတီထွင်

Usplsah/TripleM

အိမ်သာဝင်တဲ့အခါ အိမ်သာအိုးထဲမှာ ရှေ့လူတွေ ပေကျန်ခဲ့တဲ့ မစင်တွေကြောင့် နောက်ဝင်တဲ့သူတွေမှာ အတော်လေး မသက်မသာဖြစ်ကြရတာ အမှန်ပါ။ ဒီပြဿနာတွေကို ဖြေရှင်းဖို့အတွက် သိပ္ပံပညာရှင်တွေက ဆေးသစ်တစ်မျိုးကို တီထွင်လိုက်ပါတယ်။ အဲဒီဆေးသစ်ရဲ့အားသာချက်က အိမ်သာရဲ့မစင်အိုးထဲမှာ မစင်တွေ လုံးဝ တင်ကျန်ခဲ့ခြင်းမရှိအောင် အချောဆုံးချောဆီကို အသုံးပြုထားတာဖြစ်ပါတယ်။ ရေဆေးချရခက်တဲ့  မစင်တွေကိုတောင် ရှင်းလင်းသွားစေတဲ့ ဆေးသစ်တစ်မျိုးဖြစ်ပြီးတော့ ရေ ကုန်ကျမှုကိုလည်း အများကြီးသက်သာ သွားစေတာပါ။

Penn State တက္ကသိုလ်မှ သိပ္ပံပညာရှင်တွေရဲ့အပြောအရ၊ ဒီတီထွင်မှုအသစ်ဟာ ရေကုန်ကျမှုကို (၉၀)ရာခိုင်နှုန်းလောက်သက်သာစေရုံသာမကဘဲ ဘက်တီးရီးယားပိုးတွေကိုပါ တိုက်ဖျက်ပေးနိုင်သလို၊ အိမ်သာတွင်းအနံ့ဆိုးထွက်ခြင်းကိုလည်း တားဆီးပေးနိုင်တယ်လို့ဆိုပါတယ်။

Imdb/PulpFicton

ကမ္ဘာမှာ နေ့စဉ် အိမ်သာတွေကနေ အသုံးပြုလိုက်တဲ့ရေတွေဟာ တစ်နေ့ကို လီတာ(၁၄၁)ဘီလီယံကျော်ရှိပါတယ်။ ဒီဆေးသစ်ဟာ အဲဒီပမာဏ ရဲ့(၅၀)ရာခိုင်နှုန်းလောက်ထိကို လျော့နည်းအောင်ပြုလုပ်ပေးနိုင်တာကြောင့် တကယ့်ကို ထိရောက်တဲ့ နည်းလမ်းသစ်တစ်မျိုးလို့ဆိုရမှာပါ။

Penn State News ရဲ့ ဖော်ပြချက်အရ သိပ္ပွံပညာရှင်တစ်ဦးဖြစ်တဲ့ Tak-Sing Wong က သူတို့အဖွဲ့ကနေ တီထွင်လိုက်တဲ့ ဒီချောဆီဆေးရည်ဟာ ဘက်တီးရီးယားတွေကို ဖယ်ရှားနိုင်ရုံမကဘဲ ၊ အိမ်သာတွေမှာ ပေကျံနေတာမျိုးလုံးဝမရှိဘဲ ရေနဲနဲနဲ့ သန့်ရှင်းစေနိုင်တယ်။ ဆေးကို အဆင့်နှစ်ဆင့်နဲ့အသုံးပြုရတာဖြစ်ပြီး၊ ပထမတစ်ကြိမ် စပရေးကိုဖြန်းတာက မစင်အိုးကို ချောမွေ့အောင်ပြုလုပ်ပေးတာပါ။ 

Imdb/AntMan

ဒုတိယအကြိမ်စပရေးက ချောဆီပါတဲ့အတွက် အိမ်သာကြွေအိုးကို အလွန်အမင်း ချောအောင် ပြုလုပ်ပေးသွားမှာဖြစ်တယ်လို့ဆိုပါတယ်။

ဒီဆေးရည်ဟာ အိမ်သာတက်ပြီးလို့ ရေဆွဲချလိုက်တဲ့အခါမှာလည်း ရေနဲ့အတူပါသွားခြင်းမရှိဘဲ ရေအကြိမ် (၅၀၀)အထိ ဆွဲချ ခံနိုင်ပါတယ်။  ဒါနည်းလမ်းဟာ ရေတွေကို အလေအလွင့်မဖြစ်အောင် တားဆီးရာရောက်သလို၊ ရေရှားပါးမှုတွေနဲ့ရင်ဆိုင်နေရတဲ့ ဒေသတွေမှာ ရေအများကြီးမသုံးနိုင်တဲ့အတွက် အိမ်သာတွေမှာ ဘက်တီးရီးယားပိုးတွေဖြစ်ခြင်းကို လျော့ကျအောင်ပြုလုပ်ပေးနိုင်ခြင်းက တကယ့်ကိုကောင်းမွန်တဲ့အကျိုးကျေးဇူးတွေဖြစ်တယ်လို့ Penn State News မှာ ဖော်ပြထားပါတယ်။

Khaing Sandar

SHARE