(၁၃.၇.၁၉) မှ (၁၉.၇.၁၉)အတွင်း Shwemom မှ ရွေးချယ်ပေးတဲ့ အဖတ်သင့်ဆုံးဆောင်းပါး (၅)ပုဒ်

MSG_FreePik, Taipei: National Palace Museum. & Mulan/Disney, Pexels/Bruce Mars

ပြီးခဲ့တဲ့ ၂၀၁၉ ဇူလိုင် ၁၃ ရက်နေ့မှ ၁၉ ရက်နေ့အထိ တစ်ပတ်အတွင်း ပရိသတ်တွေ ဖတ်ကြည့်သင့်တယ်လို့ ယူဆတဲ့ သတင်းဆောင်းပါးတွေကို ပြန်လည်ရွေးချယ် တင်ဆက်ပေးချင်ပါတယ်။  ပရိသတ်ကြီး လက်မလွှတ်တမ်း ဖတ်ရှုသင့်တဲ့ သတင်းဆောင်းပါး (၅)ပုဒ်ကို Shwemom မှ အထူးရွေးချယ် ပေးထားတာပါ။ တစ်ပုဒ်ချင်းစီ အသေးစိတ် ပြည့်ပြည့်စုံစုံ ဖတ်ချင်ရင်တော့ ခေါင်းစဉ်လေးတွေကို နှိပ်လိုက်ရုံပါပဲနော်။

ကလေးသူငယ် လိင်ပိုင်းကျူးလွန်သူများကို ဓာတုဗေဒနည်းနဲ့ သင်းကွပ်မယ့် ယူကရိန်း

MSG_FreePik

တစ်ကမ္ဘာလုံးက အလိုရှိနေတဲ့ ဥပဒေမျိုးကို ယူကရိန်းနိုင်ငံမှာ ပြဌာန်းလိုက်တဲ့အကြောင်း သတင်းဖြစ်ပါတယ်။ လူမှုကွန်ယက်ပေါ်မှာပါ ထောက်ခံအားပေးခဲ့ကြတဲ့ ထိုဥပဒေအကြောင်းကို အသေးစိတ်သိရဖို့ ခေါင်းစဉ်လေးကို ထောက်ပြီး ဝင်ဖတ်နိုင်ပါတယ်။

(၂၀၁၉) ခုနှစ်ရဲ့ အထူးခြားဆုံး ကမ္ဘာ့ဂင်းနစ်မှတ်တမ်းဝင်များ

Guinness World Records

လူစိတ်ဝင်စားမှု အများဆုံး အကြောင်းအရာတွေထဲက တစ်မျိုးကတော့ ဂင်းနစ်စံချိန်ဝင် မှတ်တမ်းများပဲ ဖြစ်ပါတယ်။ ဒီသတင်းထဲမှာတော့ ယခုနှစ်အတွင်း ထူးထူးဆန်းဆန်း စံချိန်သစ်တွေ ဘယ်လိုချိုးထားကြလဲဆိုတာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။

READ
အိမ်နားရောက်လာတဲ့ခြင်္သေ့ကိုသတ္တိရှိရှိပြန်လည်တိုက်ခိုက်ခဲ့တဲ့ (၈)နှစ်သားလေး

တရုတ်ပါးစပ်ပြောဒဏ္ဍာရီထဲက တကယ့် ဖမူလန်ရဲ့ဘဝဇာတ်ကြောင်း

Taipei: National Palace Museum. & Mulan/Disney

သင်ဟာ ဒစ်စနီရဲ့ မူလန်ဇာတ်လမ်းကို နှစ်ခြိုက်တဲ့ ပရိသတ်တစ်ယောက်ဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်သင့်ပါတယ်။ စိတ်ဝင်စားစရာ တရုတ်ပြည်က မူလန်ဒဏ္ဍာရီကို ဖတ်ရှုကြည့်လိုက်ပါ။

သင်ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ချင်ရင် ဒီအချက်တွေကိုလိုက်နာဖို့လိုတယ်

geralt/Pixabay

ယနေ့ခတ်ဟာ လူငယ်ခေါင်းဆောင် အမြောက်အများ ပေါ်ထွက်နေတဲ့ ခေတ်တစ်ခေတ်လို့ ဆိုရင် မမှားပါဘူး။ သင်လည်း အောင်မြင်တဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်လာနိုင်ပါတယ်။ ဒီဆောင်းပါးထဲမှာတော့ သင့်ကို တစ်ဖက်တစ်လမ်းကနေ ကူညီပေးနိုင်မယ့် အချက်လေးတွေကို ဖော်ပြပေးထားပါတယ်။

သင့်ခန္ဓာကိုယ်ထဲမှာ ရေဓာတ်ခမ်းခြောက်နေပြီဆိုတာ ထင်ရှားစေတဲ့ လက္ခဏာများ

Pexels/Bruce Mars

ခန္ဓာကိုယ်တွင်း ရေဓာတ်ခမ်းခြောက်မှုက ကြီးမားတဲ့ ကျန်းမာရေး အန္တရာယ်တွေကို ဖြစ်လာနိုင်စေပါတယ်။ ဒါကြောင့် ဘယ်လိုလက္ခဏာတွေက ရေဓာတ်ခမ်းခြောက်မှုကို ဖော်ပြနေသလဲ..။ မပေါ့ဆသင့်တဲ့ ထိုလက္ခဏာတွေက ဘာတွေ ဖြစ်မလဲ ကြည့်လိုက်ကြရအောင်ပါ။

Shwemom

SHARE