(၆.၇.၁၉) မှ (၁၂.၇.၁၉)အတွင်း Shwemom မှ ရွေးချယ်ပေးတဲ့ အဖတ်သင့်ဆုံးဆောင်းပါး (၅)ပုဒ်

vinatourist83/Pixabay, Shutterstock/goodluz, Shutterstock/Creative Lab

ပြီးခဲ့တဲ့ ၂၀၁၉ ဇူလိုင် ၆ ရက်နေ့မှ ၁၂ ရက်နေ့အထိ တစ်ပတ်အတွင်း ပရိသတ်တွေ ဖတ်ကြည့်သင့်တယ်လို့ ယူဆတဲ့ သတင်းဆောင်းပါးတွေကို ပြန်လည်ရွေးချယ် တင်ဆက်ပေးချင်ပါတယ်။  ပရိသတ်ကြီး လက်မလွှတ်တမ်း ဖတ်ရှုသင့်တဲ့ သတင်းဆောင်းပါး (၅)ပုဒ်ကို Shwemom မှ အထူးရွေးချယ် ပေးထားတာပါ။ တစ်ပုဒ်ချင်းစီ အသေးစိတ် ပြည့်ပြည့်စုံစုံ ဖတ်ချင်ရင်တော့ ခေါင်းစဉ်လေးတွေကို နှိပ်လိုက်ရုံပါပဲနော်။

၂၀၁၉ ခုနှစ်အတွက် ကမ္ဘာ့ယဉ်ကျေးမှုအမွှေအနှစ်ဆိုင်ရာ ယူနက်စကိုဝင်စာရင်း

vinatourist83/Pixabay

နှစ်စဉ် ယူနက်စကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင် ဒေသများကို သတ်မှတ်လေ့ရှိရာ ယခုနှစ်မှာတော့ မြန်မာက ပုဂံအပါအဝင် နေရာပေါင်း ၂၉ ကို ထပ်သတ်မှတ်လိုက်ပြန်ပါပြီ။ ဘယ်နေရာတွေ ဖြစ်မလဲဆိုတာ ပရိသတ်ကြီး သေချာလေ့လာနိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။

မျက်ကပ်မှန်တပ်ပြီး ရေချိုးလိုက်လို့ မျက်လုံးကန်းသွားတဲ့ အမျိုးသားရဲ့ အဖြစ်

Shutterstock/goodluz

မျက်ကပ်မှန်တပ်မယ်ဆိုရင် သတိထားရမယ့် ဆောင်ရ ရှောင်ရမယ့် အချက်တွေ ရှိပါတယ်။ ထိုအချက်တွေကို လိုက်နာရင်တော့ အထောက်အကူဖြစ်စေမှာ ဖြစ်ပြီး ပေါ့ဆမိရင်တော့ ကြီးမားတဲ့ ထိခိုက်မှုတွေ ရှိလာနိုင်စေပါတယ်။ ဒီသတင်းကို ဖတ်ပြီးတော့လည်း ပရိသတ်တွေအနေနဲ့ မျက်ကပ်မှန်တပ်ဆင်ရာမှာ ပိုပြီးဂရုတစိုက်ရှိလာစေဖို့ မျှော်လင့်မိပါတယ်။

READ
Fast & Furious 9 ဇာတ်ကားသစ်မှာ ဂျွန်စီနာ ပါဝင်သရုပ်ဆောင်မည်

ရေအေးအေးနဲ့ချိုးရတာကို မကြောက်ပါနဲ့၊ ဒီလိုကောင်းတဲ့အချက်လေးတွေကို သင်ရမှာပါ

VGstockstudio/Shutterstock

မိုးတွင်းမို့လို့ ရေအေးနဲ့ ရေချိုးရမှာ ကြောက်နေကြလား..? တကယ်တော့ ဘယ်ရာသီဖြစ်ဖြစ် အရမ်းကြီး အေးခဲမနေဘူးဆိုရင် ရေအေးနဲ့သာ ရေချိုးသင့်တဲ့ အကြောင်းအရင်းလေးတွေ ရှိနေပါတယ်။ ခေါင်းစဉ်လေး နှိပ်ပြီး ဝင်ဖတ်ကြည့်ကြရအောင်။

အရိုးရှင်းဆုံးနဲ့ အထိရောက် အလွယ်ကူဆုံး ပိုက်ဆံစုနိုင်တဲ့ နည်းလမ်းများ

Shutterstock/Creative Lab

Shwemom ကနေ ပိုက်ဆံစုတဲ့ နည်းလမ်းတွေ တော်တော်များများ ဖော်ပြပေးဖူးသေးတယ်နော်။ ဒီတစ်ခါမှာလည်း လူတိုင်းလိုက်လုပ်နိုင်မယ့် အလွယ်ကူဆုံး အထိရောက်ဆုံး ပိုက်ဆံစုနည်းလေးကို ထပ်ပြောပြပေးထားပါတယ်။ တကယ်လိုက်လုပ်ကြည့်ကြသင့်ပြီနော်။

ဟိုတယ်တည်းတဲ့အခါ သင်မေ့နေတတ်တဲ့ အသုံးအဆောင်သုံးနည်းလေးများ

Video Blocks

ခရီးသွားတုန်း ဟိုတယ်တွေမှာ တည်းခိုတဲ့အခါ သင်လိုအပ်တဲ့ အရာလေးအချို့အတွက် အခန်းထဲမှာ ရှိတဲ့ အသုံးအဆောင်တွေနဲ့တင် အလုပ်ဖြစ်အောင် လုပ်လို့ရတဲ့အကြောင်း ဝေမျှထားတဲ့ ဆောင်းပါးလေးတစ်ပုဒ်ပါ။ ဖတ်ကြည့်ထားသင့်ပါတယ်နော်။

Shwemom

SHARE