(၁.၆.၁၉) မှ (၇.၆.၁၉)အတွင်း Shwemom မှ ရွေးချယ်ပေးတဲ့ အဖတ်သင့်ဆုံးဆောင်းပါး (၅)ပုဒ်

ပြီးခဲ့တဲ့ ၂၀၁၉ ဇွန်လ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ တစ်ပတ်အတွင်း ပရိသတ်တွေ ဖတ်ကြည့်သင့်တယ်လို့ ယူဆတဲ့ သတင်းဆောင်းပါးတွေကို ပြန်လည်ရွေးချယ် တင်ဆက်ပေးချင်ပါတယ်။  ပရိသတ်ကြီး လက်မလွှတ်တမ်း ဖတ်ရှုသင့်တဲ့ သတင်းဆောင်းပါး (၅)ပုဒ်ကို Shwemom မှ အထူးရွေးချယ် ပေးထားတာပါ။ တစ်ပုဒ်ချင်းစီ အသေးစိတ် ပြည့်ပြည့်စုံစုံ ဖတ်ချင်ရင်တော့ ခေါင်းစဉ်လေးတွေကို နှိပ်လိုက်ရုံပါပဲနော်။

ဇွန်လဖွားလေးတို့အတွက် ကံကောင်းခြင်းတွေယူဆောင်လာပေးမယ့် ပုလဲရတနာ

၁၂ လဖွားတွေကို ကိုယ်စားပြုတဲ့ ကျောက်မျက်တွေရှိတဲ့အနက် ဇွန်လဖွားတွေကို ကိုယ်စားပြုတဲ့ ပုလဲအကြောင်း ဒီတစ်ပတ်မှာ ဖော်ပြထားပေးပါတယ်။ ဗဟုသုတအဖြစ် တင်ဆက်ပေးလိုက်ပါတယ်။

အီသီရိုးပီးယားရဲ့ ပထမဆုံးအမျိုးသမီးသမ္မတဖြစ်လာခဲ့တဲ့ Sahle-Work Zewde

အမျိုးသမီးအခွင့်အရေးနဲ့ ပတ်သက်လို့ သိပ်ပင် မတွင်ကျယ်သေးတဲ့ အီသီယိုးပီးယားမှာတော့ ပထမဆုံးအမျိုးသမီး သမ္မတထွက်ပေါ်လာခဲ့ပါပြီ။ သူမရဲ့ အရည်အချင်းတွေ၊ စွမ်းဆောင်မှုတွေ၊ ရာထူးတွေအကြောင်ားကိုလည်း ဒီသတင်းမှာ တွေ့ရမှာပါ။

READ
ကြည့်ရှုသူဦးရေ (၉)သန်းအထိ ကျော်သွားတဲ့ မြွေမကြီး သားပေါက်နေတဲ့ ဗွီဒီယိုဖိုင်

အသက်ရလာတဲ့မိဘတွေကို ကျန်းမာပျော်ရွှင်အောင် ပြုစုရန်နည်းလမ်းများ..

လူတွေက ကိုယ်အရွယ်ရောက်လာတာပဲ အာရုံစိုက်နေကြပြီး တစ်ချိန်တည်းမှာ ကိုယ့်မိဘတွေ အသက်ကြီးလာတာတော့ မေ့နေတတ်ကြပါတယ်။ အသက်ရလာတဲ့မိဘတွေကို ဘယ်လိုဂရုစိုက်ရမလဲဆိုတာ သေချာသိထားကြစေဖို့ ဒီဆောင်းပါးလေးကိုလည်း ထည့်သွင်းဖော်ပြပေးလိုက်ပါတယ်။

သရက်သီးစားခြင်း ဖြင့်ရလာမယ့် ကျန်းမာရေးအကျိုးကျေးဇူး(၇) မျိုး

သရက်သီးရာသီ ရောက်နေပါပြီနော်။ မြန်မာမှန်ရင် သရက်သီးကို မကြိုက်ဘူးဆိုတဲ့သူ ရှားပါလိမ့်မယ်။ ကိုယ်ကြိုက်လှတဲ့ အသီးက ဘယ်လိုကျန်းမာရေး ကောင်းကျိုးတွေ ဖြစ်စေလဲဆိုတာကိုရော ဗဟုသုတရကြစေဖို့ ဖတ်သင့်တဲ့ ဆောင်းပါးစာရင်းထဲ ဖော်ပြပေးလိုက်ရပါတယ်။

အာနိသင်ကောင်းပြီး အင်းဆက်တွေကို ဝေးဝေးပြေးစေတဲ့ အိမ်စိုက်အပင်များ

မိမိနေထိုင်ရာ ပတ်ဝန်းကျင်မှာ အင်းဆက်ပိုးမွှားတွေ ကင်းရှင်းပြီး စိတ်ချမ်းမြေ့ရစေဖို့ စိုက်ပျိုးထားသင့်တဲ့ အိမ်စိုက်အပင်လေးတွေအကြောင်း ဖော်ပြပေးထားပါတယ်။ မြန်မာမှာ ရှာရလွယ်တဲ့ အပင်တွေ ဖြစ်တာမို့ ဝင်ဖတ်ပြီး လက်တွေ့အသုံးချလိုက်ကြပါနော်။

SHARE