(၂၂.၆.၁၉) မှ (၂၈.၆.၁၉)အတွင်း Shwemom မှ ရွေးချယ်ပေးတဲ့ အဖတ်သင့်ဆုံးဆောင်းပါး (၅)ပုဒ်

limitless/instagram, Stokkete/Shutterstock, Shutterstock/Georgejmclittle

ပြီးခဲ့တဲ့ ၂၀၁၉ ဇွန်လ ၂၂ ရက်နေ့မှ ၂၈ ရက်နေ့အထိ တစ်ပတ်အတွင်း ပရိသတ်တွေ ဖတ်ကြည့်သင့်တယ်လို့ ယူဆတဲ့ သတင်းဆောင်းပါးတွေကို ပြန်လည်ရွေးချယ် တင်ဆက်ပေးချင်ပါတယ်။  ပရိသတ်ကြီး လက်မလွှတ်တမ်း ဖတ်ရှုသင့်တဲ့ သတင်းဆောင်းပါး (၅)ပုဒ်ကို Shwemom မှ အထူးရွေးချယ် ပေးထားတာပါ။ တစ်ပုဒ်ချင်းစီ အသေးစိတ် ပြည့်ပြည့်စုံစုံ ဖတ်ချင်ရင်တော့ ခေါင်းစဉ်လေးတွေကို နှိပ်လိုက်ရုံပါပဲနော်။

ဒဏ်ရာရနေတဲ့ ကမ္ဘာမြေကြီးကို ကယ်တင်ပေးနေတဲ့ အဖိုးတန်ပရောဂျက်များ

တစ်စထက်တစ်စ ပိုနာမကျန်းဖြစ်လာနေတဲ့ ကမ္ဘာမြေကြီးကို တစ်ဖက်တစ်လမ်းကနေ စုပေါင်းကယ်တင်နေကြတဲ့ လူသားများ ရှိနေပါတယ်။ ဒီဆောင်းပါးလေးကတော့ ထိုလူသားများနဲ့ အဖွဲ့အစည်းများအကြောင်းပါ။ အားလုံးပဲ သူတို့ရဲ့လုပ်ဆောင်မှုတွေအကြောင်း ဖတ်ပြီး ကမ္ဘာမြေကြီးကို ကယ်တင်ဖို့ စိတ်အားထက်သန်လာမယ်လို့ မျှော်လင့်ပါတယ်။

ကမ္ဘာပတ်ချင်သူတွေအတွက် အသက်အငယ်ဆုံးကမ္ဘာပတ်ပြီးသူလေးရဲ့ အကြံပေးစကား (၃) ခု

limitless/instagram

အသက် ၂၁ နှစ်တည်းနဲ့ နိုင်ငံပေါင်း ၁၉၆ နိုင်ငံကို ပတ်ပြီးတဲ့ မိန်းကလေး ရှိနေပြီနော်။ အခုအခါမှာတော့ ကမ္ဘာပတ်ချင်သူတွေအတွက် သူမရဲ့ အကြံပြုစကား (၃) မျိုး ဖြစ်ပါတယ်။ ဖတ်ကြည့်သင့်ပါတယ်။

READ
ရထားလမ်းပေါ်လဲကျသွားတဲ့လူကို ကယ်ခဲ့တဲ့ သူရဲကောင်း

အောင်မြင်တဲ့ Online Shop တစ်ခု တည်ထောင်နိုင်ဖို့ နည်းလမ်း(၄)ချက်

Stokkete/Shutterstock

ယနေ့ခေတ်မှာ ပေါ်ပြူလာအဖြစ်ဆုံး စီးပွားရေးတွေထဲက တစ်ခုကတော့ အွန်လိုင်းရှော့ပင်ပဲ ဖြစ်ပါတယ်။ ပြိုင်ဆိုင်မှု မနည်းတဲ့ ထိုလုပ်ငန်းကို လုပ်တော့မယ်ဆိုရင် အောင်မြင်နိုင်ဖို့ သိထားရမယ့် နည်းလမ်း (၄) ချက်ကို ပရိသတ်တွေအတွက် ဖော်ပြပေးထားပါတယ်။

WiFi လိုင်းဆွဲအားကို ကျဆင်းစေနိုင်တဲ့ သတိပြုဖွယ် အိမ်သုံးပစ္စည်းများ

Shutterstock/Georgejmclittle

Wi-Fi ကို အိမ်တွေ၊ ကျောင်းတွေ၊ ရုံးတွေမှာ သုံးတတ်ကြပြီး Wi-Fi လိုင်းကောင်း မကောင်းဆိုတဲ့ အခြေအနေတွေလည်း ရှိတတ်ပါတယ်။ ဒါကြောင့် ဘယ်လိုအချက်တွေက Wi-Fi လိုင်းကို အားနည်းစေလဲဆိုတာနဲ့ ဘယ်လိုရှောင်ရှားရမလဲဆိုတာ ဖော်ပြထားပါတယ်။

ဆိုရှယ်မီဒီယာကြောင့် စိတ်ကျန်းမာရေးထိခိုက်ခံရမှုမှ ကာကွယ်ခြင်း

Pexels/rawpixel.com

ဆိုရှယ်မီဒီယာဟာ လူတော်တော်များများ စွဲလမ်းနေကြတဲ့အရာဖြစ်ပြီး စိတ်ကျန်းမာရေးကိုပါ သက်ရောက်မှုတွေ ရှိနေပါတယ်။ ဆိုရှယ်မီဒီယာကြောင့် စိတ်ကျန်းမာရေး ထိခိုက်မှုတွေကို ဘယ်လိုကာကွယ်နိုင်လဲဆိုတာ ပရိသတ်ကြီး သိထားသင့်တဲ့အတွက် ထည့်သွင်းဖော်ပြပေးလိုက်ရပါတယ်။

READ
ဓာတ်ပုံရိုက်ဖို့အတွက် အသက်ကယ်ကြိုးမပါဘဲ မိုးမျှော်တိုက်မှ တွဲလွဲခိုခဲ့တဲ့ ရုရှားမော်ဒယ်

Shwemom

SHARE