(၁၆.၃.၁၉) မှ (၂၂.၃.၁၉)အတွင်း Shwemom မှ ရွေးချယ်ပေးတဲ့ အဖတ်သင့်ဆုံးဆောင်းပါး (၅)ပုဒ်

ပြီးခဲ့တဲ့ ၂၀၁၉ မတ်လ ၁၆ ရက်နေ့မှ ၂၂ ရက်နေ့အထိ တစ်ပတ်အတွင်း ပရိသတ်တွေ ဖတ်ကြည့်သင့်တယ်လို့ ယူဆတဲ့ သတင်းဆောင်းပါးတွေကို ပြန်လည်ရွေးချယ် တင်ဆက်ပေးချင်ပါတယ်။  ပရိသတ်ကြီး လက်မလွှတ်တမ်း ဖတ်ရှုသင့်တဲ့ သတင်းဆောင်းပါး (၅)ပုဒ်ကို Shwemom မှ အထူးရွေးချယ် ပေးထားတာပါ။ တစ်ပုဒ်ချင်းစီ အသေးစိတ် ပြည့်ပြည့်စုံစုံ ဖတ်ချင်ရင်တော့ ခေါင်းစဉ်လေးတွေကို နှိပ်လိုက်ရုံပါပဲနော်။

စမ်းသပ်မှုအောင်မြင်သွားတဲ့ ပထမဆုံး 5G ကွန်ယက်နဲ့ အဝေးထိန်းဦးနှောက်ခွဲစိတ်မှု

လက်ရှိအသုံးပြုနေကြတဲ့ 4G ကွန်ရက်ထက် ၁၀ ဆကနေ အဆ ၂၀ ပိုမြန်တဲ့ 5G ကိုတော့ ကမ္ဘာ့နေရာအချို့မှာ စတင်အသုံးပြုနေကြပါပြီ။ တရုတ်နိုင်ငံမှာလည်း 5G အဆင့်မြှင့်အင်တာနက်ကို ဆေးပညာမှာပါ အသုံးချကာ အဝေးထိန်းစနစ်နဲ့ ခွဲစိတ်မှုတစ်ခုပါ ပြုလုပ်သွားခဲ့ပါတယ်။ ဒီလိုဆေးပညာလောကရဲ့ ကြီးမားတဲ့ ပြောင်းလဲမှုကြီးအကြောင်းကို ပရိသတ်များ ဖတ်ဖြစ်စေဖို့ ဖော်ပြပေးလိုက်ရပါတယ်။

READ
မိုင်(၅၀၀)ခရီးနှင်ပြီး မကောင်းတဲ့ Reviewပေးတဲ့ ဖောက်သည်ကို သွားရိုက်ခဲ့တဲ့သူဌေး

ယခုနှစ်ထုတ် ကမ္ဘာ့အပျော်ရွှင်ဆုံးနဲ့ မပျော်ရွှင်ဆုံး နိုင်ငံများစာရင်း

World Happiness Report ကိုတော့ မတ်လ ၂၀ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။ ၂၀၁၉ အတွက် ရီပို့အသစ်ပါ။ စံသတ်မှတ်ချက်အချို့ပေါ် မူတည်ကာ တွက်ချက်ထားတဲ့ နိုင်ငံအလိုက် ပျော်ရွှင်ခြင်းအဆင့်များကို ကမ္ဘာ့နိုင်ငံ ၁၅၆ နိုင်ငံအတွက် ဖော်ပြထားပါတယ်။ မိမိတို့နိုင်ငံရဲ့ အဆင့်ကို သိချင်ရင်လည်း ခေါင်းစဉ်ကို နှိပ်ပြီး ဝင်ကြည့်လိုက်နော်။

ဆေးလိပ်နဲ့ အယ်ကိုဟော ပုံမှန်သုံးစွဲသူတို့ ရေနွေးပူကြောင့် ကင်ဆာဖြစ်နိုင်

ဒီဆောင်းပါးထဲမှာတော့ ဆေးလိပ်နဲ့ အယ်ကိုဟော ပုံမှန်သုံးစွဲသူတွေအတွက် ရေနွေးပူရဲ့ ဘယ်လောက်အပူချိန်အဆင့်က အန္တရာယ်ဖြစ်စေနိုင်တယ်၊ ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းကို ထိခိုက်စေနိုင်တယ်ဆိုတာတွေကို ရှင်းလင်းပြောပြထားပါတယ်။ သိထားသင့်ပါတယ်နော်။

ကမ္ဘာကို အမှိုက်တွင်းကြီးမဖြစ်ရအောင် ကယ်တင်နေတဲ့ ခေတ်ပေါ်နည်းစနစ်များ

သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ဘယ်လိုခေတ်သစ်အမှိုက်စွန့်ပစ်နည်းတွေကို အသုံးပြုနေကြလဲဆိုတာ စိတ်ဝင်စားဖွယ် တွေ့ရမှာဖြစ်ပါတယ်။ အတုယူနိုင်ကြမယ့် အိုင်ဒီယာလေးတွေဖြစ်လို့ ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

READ
ပျော်ပါးပြီးအခကြေးငွေမပေးလို့ ငယ်ပါကိုဖြတ်ပြီးထွက်ပြေးခဲ့တဲ့ပြည့်တန်ဆာ

မိနစ်ပိုင်းအတွင်း မီးပူပေါ်က အမည်းကွက်တွေကို ပိုက်ဆံတပြားမှမကုန်ပဲ ဖယ်ရှားဖို့…

မီးပူအောက်ခြေက အမည်းကွက်တွေကို ပျောက်သွားအောင် လုပ်နိုင်မယ့် နည်းလမ်းလေး ၃ ခုကို ဖော်ပြပေးထားပါတယ်။ ငွေကြေးအကုန်ကျ သက်သာပြီး အရမ်းလည်း ထိရောက်တဲ့ နည်းဖြစ်လို့ ဖတ်ကြည့်ပြီး အိမ်မှာ စမ်းကြည့်ဖြစ်အောင် စမ်းကြည့်လိုက်ပါနော်။

Ref: www.shwemom.com

SHARE