(၂၃.၃.၁၉) မှ (၂၉.၃.၁၉)အတွင်း Shwemom မှ ရွေးချယ်ပေးတဲ့ အဖတ်သင့်ဆုံးဆောင်းပါး (၅)ပုဒ်

ပြီးခဲ့တဲ့ ၂၀၁၉ မတ်လ ၂၃ ရက်နေ့မှ ၂၉ ရက်နေ့အထိ တစ်ပတ်အတွင်း ပရိသတ်တွေ ဖတ်ကြည့်သင့်တယ်လို့ ယူဆတဲ့ သတင်းဆောင်းပါးတွေကို ပြန်လည်ရွေးချယ် တင်ဆက်ပေးချင်ပါတယ်။  ပရိသတ်ကြီး လက်မလွှတ်တမ်း ဖတ်ရှုသင့်တဲ့ သတင်းဆောင်းပါး (၅)ပုဒ်ကို Shwemom မှ အထူးရွေးချယ် ပေးထားတာပါ။ တစ်ပုဒ်ချင်းစီ အသေးစိတ် ပြည့်ပြည့်စုံစုံ ဖတ်ချင်ရင်တော့ ခေါင်းစဉ်လေးတွေကို နှိပ်လိုက်ရုံပါပဲနော်။

ဝက်သားမကျက်တကျက်ကို စားပြီး ဦးနှောက်ထဲ ပိုးရောက်သွားခဲ့တဲ့ အမျိုးသားရဲ့ အဖြစ်

သေချာကျက်အောင် မချက်ပြုတ်ထားတဲ့ ဝက်သားကို စားမိခဲ့တဲ့ အိန္ဒိယနိုင်ငံက လူငယ်တစ်ယောက်ရဲ့ အဖြစ်အပျက်ပါ။ အသားကို ကျက်အောင် မချက်ပြုတ်တဲ့အခါ ကျန်းမာရေးအန္တရာယ်ဘယ်လောက်တောင် များကြောင်း သင်ခန်းစာယူဖွယ် သိရမှာပါ။

ပေါ်ပြူလာဖြစ်နေတဲ့ ထိုင်းစူပါမားကတ်တစ်ခုက ဟင်းသီးဟင်းရွက်ထုတ်ပိုးနည်းစနစ်

ထိုင်းစူပါမားကတ်တစ်ခုက ပတ်ဝန်းကျင်အတွက် သိပ်ကို အကျိုးဖြစ်စေမယ့် ဟင်းသီးဟင်းရွက်ထုပ်ပိုးမှုစနစ်ကို စတင်ကျင့်သုံးနေပြီဖြစ်တဲ့ သတင်းတစ်ပုဒ်ပါ။ အစားအသောက်ရောင်းချသူတွေအတွက်တော့ ထုပ်ပိုးမှုအိုင်ဒီယာအသစ်လေးတွေ ရသွားနိုင်ပါတယ်။

READ
ဂျော်ဂျီယာက ပိုးကောင်တွေကို အရှုံးပေးလိုက်ရတဲ့ ၀ီလ်စမစ်

စာရေးတာ ၀ါသနာပါပေမယ့် ရေးရခက်နေတဲ့လူတွေ လိုက်နာသင့်တဲ့အချက် ၆ ချက်

အင်္ဂလိပ်စာရေးဆရာ Neil Gaiman က မျှဝေခဲ့တဲ့ စာရေးနည်းဖြစ်ပါတယ်။ စာရေးတာ ဝါသနာပါသူ၊ စာရေးတဲ့အလုပ်နဲ့ အသက်မွေးလိုသူတိုင်းအတွက် အရေးအသားစွမ်းရည် တိုးတက်လာစေဖို့ ဖော်ပြပေးလိုက်ရပါတယ်။ ခေါင်းစဉ်ကို နှိပ်ပြီး ဝင်ဖတ်လိုက်ရုံပါပဲ။

နည်းပညာလောကရဲ့ အသက်အငယ်ဆုံး App developer (၇) ဦးအကြောင်း

နည်းပညာလောကရဲ့ အသက်ငယ်ဆုံး ထူးချွန်လူငယ် ၇ ဦးအကြောင်းပါ။ နည်းပညာကို စိတ်ဝင်စားသူတွေ၊ လူငယ်တွေအနေနဲ့ သူတို့အကြောင်းကို မကြားဖူးသေးရင် ဝင်ဖတ်ကြည့်သင့်ပါတယ်နော်။

အမျိုးသားတိုင်း ရှိကိုရှိထားသင့်တဲ့ အ၀တ်အစား အသုံးအဆောင်များ

အမြဲတမ်းအမျိုးသမီးတွေအတွက် ဖက်ရှင်တွေ၊ အလှအပရေးရာတွေ တင်ပေးခဲ့တာကြောင့် ဒီတစ်ခါမှာတော့ အမျိုးသားတွေအတွက် ဦးစားပေး ရွေးချယ်ပေးထားပါတယ်။ စမတ်ကျချင်သူတိုင်း ဘယ်လိုအဝတ်အစားတွေ ရှိထားသင့်လဲဆိုတာ ပြောပြပေးထားပါတယ်။

READ
ကလေးတွေကိုကယ်ဖို့ ပေ(၂၀)အမြင့်ရှိတဲ့ မီးတောက်ထဲကို အကြိမ်ကြိမ် တိုးဝင်ခဲ့တဲ့မိခင်

Ref: www.shwemom.com

SHARE