(၃၀.၃.၁၉) မှ (၅.၄.၁၉)အတွင်း Shwemom မှ ရွေးချယ်ပေးတဲ့ အဖတ်သင့်ဆုံးဆောင်းပါး (၅)ပုဒ်

ပြီးခဲ့တဲ့ ၂၀၁၉ မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၅ ရက်နေ့အထိ တစ်ပတ်အတွင်း ပရိသတ်တွေ ဖတ်ကြည့်သင့်တယ်လို့ ယူဆတဲ့ သတင်းဆောင်းပါးတွေကို ပြန်လည်ရွေးချယ် တင်ဆက်ပေးချင်ပါတယ်။  ပရိသတ်ကြီး လက်မလွှတ်တမ်း ဖတ်ရှုသင့်တဲ့ သတင်းဆောင်းပါး (၅)ပုဒ်ကို Shwemom မှ အထူးရွေးချယ် ပေးထားတာပါ။ တစ်ပုဒ်ချင်းစီ အသေးစိတ် ပြည့်ပြည့်စုံစုံ ဖတ်ချင်ရင်တော့ ခေါင်းစဉ်လေးတွေကို နှိပ်လိုက်ရုံပါပဲနော်။

ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီးသမ္မတကို ရွေးချယ်လိုက်တဲ့ စလိုဗက်ကီးယား

စလိုဗက်ကီးယားနိုင်ငံဟာ ၁၉၉၃ ခုနှစ်က ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရပြီးနောက် ပထမဆုံးအနေနဲ့ အမျိုးသမီးသမ္မတကို တင်မြှောက်ခဲ့ကြပါတယ်။ အသက်လည်းငယ်သေးတဲ့ လူငယ်အမျိုးသမီးသမ္မတနဲ့ ပတ်သက်လို့ ဒီသတင်းမှာ ဖော်ပြပေးထားပါတယ်။

ထီးအငှားသုံးစနစ်ကနေ တွေ့ရတဲ့ အချောင်ရယူလိုစိတ်ကင်းတဲ့ စံပြဂျပန်နိုင်ငံသားများ

ဂျပန်မှာ လွန်ခဲ့တဲ့လအနည်းငယ်က စတင်အသုံးပြုနေတဲ့ ထီးအငှားသုံးစနစ်အတွက် စစ်တမ်းများက ဂျပန်လူမျိုးတွေ ဘယ်လောက်တောင် စည်းစနစ်ကြီးလဲဆိုတာ ထပ်မံသက်သေပြလိုက်တဲ့ အကြောင်း သတင်းဖြစ်ပါတယ်။ သေချာဝင်ဖတ်ကြည့်ပြီး အတုယူသင့်ကြပါတယ်။

READ
လူမျိုးရေးခွဲခြားခံရမှုတွေကြောင့် လက်ရွေးစင်ကစားသမားဘ၀ကို နှုတ်ဆက်ခဲ့တဲ့ အိုဇေးလ်

အကောင်းဆုံးခေါက်ဆွဲခြောက်ပြုတ်နည်းကို ထုတ်ပြလိုက်တဲ့ ဂျပန်ကအစားဂုရုမမ

ခေါက်ဆွဲခြောက်ထုပ်တွေကို လူတော်တော်များများ ကြိုက်ကြပြီး ချက်လည်း ချက်တတ်ကြပါတယ်။ ခေါက်ဆွဲပြုတ်တာဟာ လွယ်တယ်လို့ ထင်ရပေမယ့် ဂျပန်စားဖိုမှူးတစ်ယောက်ကတော့ ခေါက်ဆွဲပြုတ်အရသာကို အကောင်းဆုံးဖြစ်အောင် ဘယ်လိုပြုတ်ရမယ်ဆိုတာ ပြောပြသွားပါတယ်။ ခေါက်ဆွဲပြုတ်ကြိုက်သူတိုင်း ဖတ်ကြည့်သင့်တယ်နော်။

ကမ္ဘာ့ရေအရင်းအမြစ်ပေါ် ကြီးမားတဲ့အကျိုးသက်ရောက်မှု ဖြစ်စေခဲ့သူ အမျိုးသား

ပီရူးက သိပ္ပံပညာရှင်တစ်ဦးက ရေထုကို သန့်စင်စေမယ့် နည်းလမ်းတစ်မျိုးကို တီထွင်ခဲ့တဲ့ အကြောင်းဖြစ်ပါတယ်။ ပတ်ဝန်းကျင်ကို ဆိုးကျိုးသက်ရောက်မှု မရှိစေဘဲ ရေထုကို သန့်စင်စေတဲ့ နည်းလမ်းက ဘယ်လိုအလုပ်လုပ်လဲဆိုတာကို ဖော်ပြပေးထားတဲ့အတွက် ခေါင်းစဉ်ကနေ ဝင်ဖတ်ကြည့်လိုက်ပါဦး။

ထူးထူးဆန်းဆန်း ဖြစ်တောင့်ဖြစ်ခဲ Allergy သို့မဟုတ် ဓာတ်မတည့်မှုအမျိုးအစား (၅) မျိုး

လူတွေဟာ အစားအသောက်၊ ပန်းရနံ့ စတာတွေကြောင့် အလက်ဂျီ (ခေါ်) ဓာတ်မတည့်မှုတွေ ဖြစ်လေ့ရှိကြပေမယ့် ဖြစ်လေ့ဖြစ်ထ မရှိတဲ့ ထူးထူးဆန်းဆန်း ဓာတ်မတည့်မှုတွေ ရှိပါသေးတယ်။ ပရိသတ်တွေ ဗဟုသုတရစေဖို့ ထူးဆန်းစွာ ဖြစ်တတ်တဲ့ ဓာတ်မတည့်မှု ၅ မျိုးအကြောင်းကို ဖော်ပြပေးထားပါတယ်။

READ
အသက်(၇၀)ကျော် မိခင်အိုကြီးကို ရက်ရက်စက်စက် ရိုက်နှက်ခဲ့တဲ့ သားဆိုး

Ref: www.shwemom.com

SHARE