(၉.၃.၁၉) မှ (၁၅.၃.၁၉)အတွင်း Shwemom မှ ရွေးချယ်ပေးတဲ့ အဖတ်သင့်ဆုံးဆောင်းပါး (၅)ပုဒ်

ပြီးခဲ့တဲ့ ၂၀၁၉ မတ်လ ၉ ရက်နေ့မှ ၁၅ ရက်နေ့အထိ တစ်ပတ်အတွင်း ပရိသတ်တွေ ဖတ်ကြည့်သင့်တယ်လို့ ယူဆတဲ့ သတင်းဆောင်းပါးတွေကို ပြန်လည်ရွေးချယ် တင်ဆက်ပေးချင်ပါတယ်။  ပရိသတ်ကြီး လက်မလွှတ်တမ်း ဖတ်ရှုသင့်တဲ့ သတင်းဆောင်းပါး (၅)ပုဒ်ကို Shwemom မှ အထူးရွေးချယ် ပေးထားတာပါ။ တစ်ပုဒ်ချင်းစီ အသေးစိတ် ပြည့်ပြည့်စုံစုံ ဖတ်ချင်ရင်တော့ ခေါင်းစဉ်လေးတွေကို နှိပ်လိုက်ရုံပါပဲနော်။

လူတိုင်းအစဉ်အဆက်မပြတ်လုပ်သင့်တဲ့အမှိုက်သိမ်း challenge သို့မဟုတ် #Trashtag

လတ်တလော ကမ္ဘာတဝှမ်းမှာ ခေတ်စားနေတဲ့ challenge တစ်ခုကတော့ ပေါ်ခဲ့သမျှ challenge တွေထဲ အကျိုးရှိဆုံး challenge လို့ ပြောနိုင်ပါတယ်။ အမှိုက်ရှင်းတဲ့ ဒီ #Trashtag challenge ကို အောင်မြင်စွာ စွမ်းဆောင်နိုင်ခဲ့ကြတဲ့ ကမ္ဘာအနှံ့က ပုံရိပ်လေးတွေကို ဖော်ပြပေးထားပါတယ်။

ဂွမ်းနားကြပ်တံကြာင့် ဦးနှောက်ထဲပိုးဝင်ကာ အသက်အန္တရာယ်စိုးရိမ်နေရတဲ့အမျိုးသား

ဒီနိုင်ငံမှာလည်း နားသန့်ရှင်းရေးအတွက် ဂွမ်းနားကြပ်တံကို တွင်ကျယ်စွာ အသုံးပြုတတ်ကြပါတယ်။ အဲဒီ့လို အသုံးပြုတတ်ကြသူတွေအတွက် အထူးသတိပြုဖွယ် ဖြစ်တဲ့ အင်္ဂလန်က အမျိုးသားတစ်ဦးရဲ့ အကြောင်းပါ။ သင်သာ ဂွမ်းတံကို အသုံးပြုလေ့ရှိသူဆိုရင်တော့ ပိုသတိထားနိုင်ဖို့ ဒီသတင်းကို ဖတ်ကြည့်သင့်ပါတယ်။

READ
ခါးပိုက်နှိုက်ဖို့ ရေကူးဝတ်စုံကို အသုံးပြုခဲ့သူ

သဘာဝလွန်ဖြစ်ရပ်တွေနဲ့ မှားလေ့ရှိတဲ့ ထူးထူးဆန်းဆန်း ဦးနှောက်မူမမှန်ခြင်းရောဂါ (၆) ခု

ဦးနှောက်မူမမှန်တဲ့ အခြေအနေများစွာရှိတဲ့အနက် အချို့ရောဂါတွေဟာ အကြားအမြင်ရသလို၊ ပယောဂဝင်နေသလို အဖြစ်တွေနဲ့ မှားလေ့ရှိနေတတ်ကြပါတယ်။ ဘယ်လိုအခြေအနေတွေက ဦးနှောက်နဲ့ သက်ဆိုင်တဲ့ ရောဂါတွေ ဖြစ်နေမလဲ သိစေဖို့ ဒီဆောင်းပါးကို ပရိသတ်ကြီး ဖတ်ဖြစ်ဖို့ ထည့်သွင်း တင်ဆက်ပေးလိုက်ရပါတယ်။

နောက်တစ်ခါ စိတ်ဓာတ်ကျခဲ့ရင် ဒီအချက်လေးတွေကို လုပ်ကြည့်ပါ…

ရုပ်ပိုင်းဆိုင်ရာ မကျန်းမာရင် ဆရာဝန်နဲ့ နဲ့ပြ၊ လေ့ကျင့်ခန်းလုပ်၊ အစားအသောက်ဆင်ခြင်တာမျိုးတွေ ဂရုတစိုက် လုပ်လေ့ရှိကြပေမယ့် စိတ်ပိုင်းဆိုင်ရာ မကျန်းမာရင်တော့ သတိမမူတတ်ကြပါဘူး။ ဒါကြောင့် စိတ်ဓာတ်ကျတာမျိုး ဖြစ်ခဲ့ရင်တော့ ဒီဆောင်းပါးလေးထဲက အချက် ၅ ချက်ကို လုပ်ကြည့်ပြီး ကိုယ့်ကိုယ်ကို ဂရုစိုက်ဖြစ်အောင် နေဖို့ အကြံပြုလိုက်ပါတယ်။

အပင်ချစ်သူတွေကို မျက်စိကျစေမယ့် စိတ်ဝင်စားဖွယ် အိမ်တွင်းအလှစိုက်ပန်းပင်များ

အပင်တွေလည်း စိုက်ချင်တယ်၊ ခြံနေရာလည်း သိပ်မရှိဘူးဆိုသူတွေအတွက် အိမ်ထဲမှာတင် စိမ်းလန်းလှပနေအောင် စိုက်ပျိုးနိုင်တဲ့ အပင်လေးတွေကြောင်း ဖော်ပြပေးထားပါတယ်။

READ
အမေရိကန်ကျောင်းသား သေဆုံးမှုကြောင့် အမေရိကန်-မြောက်ကိုရီးယား တင်းမာမှုမြင့်တက်

Ref: www.shwemom.com

SHARE