(၁၁.၅.၁၉) မှ (၁၇.၅.၁၉)အတွင်း Shwemom မှ ရွေးချယ်ပေးတဲ့ အဖတ်သင့်ဆုံးဆောင်းပါး (၅)ပုဒ်

ပြီးခဲ့တဲ့ ၂၀၁၉ မေလ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ တစ်ပတ်အတွင်း ပရိသတ်တွေ ဖတ်ကြည့်သင့်တယ်လို့ ယူဆတဲ့ သတင်းဆောင်းပါးတွေကို ပြန်လည်ရွေးချယ် တင်ဆက်ပေးချင်ပါတယ်။  ပရိသတ်ကြီး လက်မလွှတ်တမ်း ဖတ်ရှုသင့်တဲ့ သတင်းဆောင်းပါး (၅)ပုဒ်ကို Shwemom မှ အထူးရွေးချယ် ပေးထားတာပါ။ တစ်ပုဒ်ချင်းစီ အသေးစိတ် ပြည့်ပြည့်စုံစုံ ဖတ်ချင်ရင်တော့ ခေါင်းစဉ်လေးတွေကို နှိပ်လိုက်ရုံပါပဲနော်။

Crazy Rich Asians ထဲက မိသားစုဟာ တကယ်ရှိတယ်ဆိုတာ သင်သိပါသလား။

Crazy Rich Asians ဇာတ်လမ်းကို ကြည့်ဖူးသူတွေရော မကြည့်ဖူးသူတွေပါ စိတ်ဝင်စားမယ့် အကြောင်းအရာလေးပါ။ ဒီဇာတ်လမ်းရဲ့ ဝတ္ထုကို ရေးတဲ့ စာရေးဆရာက သူ့ရဲ့ မျိုးနွယ်နဲ့ပတ်သက်ပြီး စာအုပ်ကို ရေးခဲ့တာပါတဲ့။ အပြည့်အစုံကို ခေါင်းစဉ်ကို နှိပ်လိုက်တာနဲ့ ဖတ်ကြည့်လို့ရတယ်နော်။

READ
တပည့်တွေအတွက် ဘာသာစကား (၃၅)မျိုး လေ့လာခဲ့လို့ ထိုက်တန်တဲ့ဆုကြီးပြန်ရခဲ့တဲ့ ဆရာမ

၁၉၉၀ နောက်ပိုင်းဖွားတွေကိုကိုယ်စားပြုတဲ့ စကားလုံးသစ် “Snowflake” ရဲ့အဓိပ္ပာယ်

၁၉၉၀ ခုနှစ် နောက်ပိုင်းမှာ မွေးဖွားသူတွေသို့.. သင်တို့ကို ကိုယ်စားပြုနေတဲ့ စကားလုံးတစ်မျိုး ရှိနေတယ်ဆိုတာ သိပါသလား။ ဟုတ်ပါတယ် ခေါင်းစဉ်မှာ ပါတဲ့ Snowflake ပါ။ အဓိပ္ပာယ်ကို သေချာမသိသေးရင် ဖတ်ကြည့်သင့်တဲ့ အကြောင်းအရာတစ်ခု ဖြစ်ပါတယ်။

ကောင်းမွန်တဲ့စားသောက်ဆိုင်တစ်ခု ဟုတ်၊မဟုတ်သိနိုင်မယ့် နည်းလမ်း(၅)ခု

ယနေ့ခေတ်မှာ ဆိုင်တကာ ပတ်စားတဲ့ foodie တွေ သိပ်ကို များလာပါတယ်နော်။ ဆိုရှယ်မီဒီယာပေါ်မှာ ထောက်ခံအားပေးကြတဲ့ ဆိုင်တစ်ခုခုတွေ့ရင်လည်း သွားစားရတာ အမောပါပဲ။ ဒါဆို ကောင်းမွန်တဲ့ စားသောက်ဆိုင်အဖြစ် ဆုံးဖြတ်ဖို့ ဘယ်စံနှုန်းတွေ လိုမယ်ထင်လဲ။ ဒီဆောင်းပါးထဲမှာ ပြောပြပေးထားပါတယ်။

လူတိုင်းသိထားသင့်တဲ့ ခရမ်းလွန်ရောင်ခြည်နဲ့ အရေပြားကင်ဆာအန္တရာယ်အကြောင်း

ယခုမေလကတော့ အရေပြားကင်ဆာ ကာကွယ်ရေးနှိုးဆော်တဲ့ လဖြစ်ပါတယ်။ အရေပြားကင်ဆာ ဖြစ်စေတဲ့ အဓိကအချက်တွေထဲမှာ ခရမ်းလွန်ရောင်ခြည်လည်း ပါဝင်ပါတယ်။ ဒါပေမယ့် ခရမ်းလွန်ရောင်ခြည်ဆိုတာ တစ်မျိုးတည်း မဟုတ်ပါဘူး။ ဒီဆောင်းပါးထဲမှာတော့ ခရမ်းလွန်ရောင်ခြည် အမျိုးအစားတွေရယ် ဘယ်တစ်မျိုးက အရေပြားကင်ဆာ ဖြစ်စေလဲဆိုတာတွေကို ရှင်းပြထားပါတယ်။

READ
တစ်ရက်တည်း လူ 6 ယောက်ကို ခေါင်းဖြတ်ကွပ်မျက်ခဲ့သည့် ဆော်ဒီတရားစီရင်ရေး

ဘီလျံနာဦးရေ အများဆုံးတည်ရှိရာ ကမ္ဘာ့ထိပ်တန်းနိုင်ငံကြီးများ

လူတိုင်းအားကျရတဲ့ ဘီလျံနာ၊ မီလျံနာတွေဆိုတာ ကမ္ဘာပေါ်မှာ အများကြီးရှိနေတာ မဟုတ်ပါဘူး။ ဘယ်နိုင်ငံတွေမှာ အရေအတွက် ဘယ်နှဦးစီ ရှိနေလဲဆိုတာ ဖော်ပြပေးထားတာမို့ စိတ်ဝင်စားကြသူတွေ ဝင်ဖတ်ကြည့်နိုင်တယ်နော်။

Ref: www.shwemom.com

SHARE