(၄.၅.၁၉) မှ (၁၀.၅.၁၉)အတွင်း Shwemom မှ ရွေးချယ်ပေးတဲ့ အဖတ်သင့်ဆုံးဆောင်းပါး (၅)ပုဒ်

ပြီးခဲ့တဲ့ ၂၀၁၉ မေလ ၄ ရက်နေ့မှ ၁၀ ရက်နေ့အထိ တစ်ပတ်အတွင်း ပရိသတ်တွေ ဖတ်ကြည့်သင့်တယ်လို့ ယူဆတဲ့ သတင်းဆောင်းပါးတွေကို ပြန်လည်ရွေးချယ် တင်ဆက်ပေးချင်ပါတယ်။  ပရိသတ်ကြီး လက်မလွှတ်တမ်း ဖတ်ရှုသင့်တဲ့ သတင်းဆောင်းပါး (၅)ပုဒ်ကို Shwemom မှ အထူးရွေးချယ် ပေးထားတာပါ။ တစ်ပုဒ်ချင်းစီ အသေးစိတ် ပြည့်ပြည့်စုံစုံ ဖတ်ချင်ရင်တော့ ခေါင်းစဉ်လေးတွေကို နှိပ်လိုက်ရုံပါပဲနော်။

ထိုင်းဘုရင်အသစ်စက်စက်ကို အားရပါးရ ကြိုဆိုနေကြတဲ့ ဘန်ကောက်မှ ပုံရိပ်များ

ထိုင်းနိုင်ငံရဲ့ ဘုရင်သစ် Maha Vajiralongkorn ရဲ့ နန်းတက်ပွဲက ပုံရိပ်တွေကို ဖော်ပြထားတဲ့ သတင်းဖြစ်ပါတယ်။ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းရဲ့ အရေးပါတဲ့ ပြောင်းလဲမှုနဲ့ ပတ်သက်လို့ သိရှိနိုင်ကြစေဖို့ ဖတ်သင့်တဲ့ သတင်းတွေထဲ ထည့်သွင်းဖော်ပြပေးလိုက်ရပါတယ်။

ဧဝရက်တောင်ပေါ်က သုံးတန်အလေးချိန်ရှိ ကမ္ဘာ့အမြင့်ဆုံး အမှိုက်ပုံကို ဖယ်ရှားရှင်းလင်းနိုင်ခဲ့

နီပေါနိုင်ငံရှိ ဧဝရက်တောင်ပေါ်မှာ စည်းကမ်းမဲ့စွန့်ပစ်ခဲ့တဲ့ အမှိုက်တန်ပေါင်းများစွာ ရှိနေပါတယ်။ နီပေါအစိုးရက ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် စီမံကိန်းရေးဆွဲထားရာ ယခုလက်ရှိ ထိုစီမံကိန်းရဲ့ တိုးတက်မှုကို ဖော်ပြပေးထားတဲ့ သတင်းတစ်ပုဒ် ဖြစ်ပါတယ်။

READ
အိုင်ယာလန် တိရိစ္ဆာန်ဆေးရုံတစ်ခုကခေါ်နေတဲ့ ထူးဆန်းတဲ့ အလုပ်တစ်ခု

(၂၀၁၉) မှာ ခေတ်စားလာနေတဲ့ ပင်လယ်ရေညှိနဲ့ပြုလုပ်ထားတဲ့ ရေလုံးအိတ်လေးများ

ကမ္ဘာမြေကြီးက ကုစားမှုတွေ များစွာလိုအပ်နေပါတယ်။ ရေသန့်ဘူးနဲ့ ပလတ်စတစ်တွေ အတောမသတ်နိုင်တဲ့ ပတ်ဝန်းကျင်မှာ ပလတ်စတစ်ဘူးတွေကို လျှော့ချဖို့ နိုင်ငံအချို့က စတင်စီစဉ်နေပါပြီ။ အနာဂတ်မှာ ပြောင်းလဲမှုတွေ ဖြစ်လာစေနိုင်တဲ့ စွန့်ဦးတီထွင်မှုအကြောင်းကို ဖတ်ကြည့်သင့်တယ်လို့ အကြံပေးပါရစေ။

ကိုယ်အလေးချိန်တိုင်းတာရာမှာ လူတိုင်းလိုလိုလုပ်မိနေတတ်တဲ့ နည်းလမ်းအမှား ၆ ခု

ကျန်းမာရေးအရ၊ ကိုယ်အလေးချိန် ထိန်းသိမ်းမှုအရ ပေါင်ချိန်စက်နဲ့ ကိုယ်အလေးချိန် တိုင်းတာလေ့ရှိကြပါတယ်။ ဒါဆို ပေါင်ချိန်စက်သုံးသူတွေ လုပ်လေ့ရှိတဲ့ အမှားတွေကရော..? ဘယ်အချက်တွေလဲ သိရဖို့ ခေါင်းစဉ်ကို နှိပ်ပြီး ဝင်ဖတ်ကြည့်လိုက်ဦးနော်။

စမတ်ဖုန်းနဲ့ ပတ်သက်ပြီး မဖြစ်မနေသိထားသင့်တဲ့ အချက် (၁၁)ချက်

ခုခေတ်မှာ မြို့ပြမှာ နေထိုင်တဲ့ လူတိုင်းလိုလို စမတ်ဖုန်း ကိုင်ဆောင်နေကြပါပြီ။ ဒါပေမယ့် စမတ်ဖုန်းသုံးသူတိုင်းကတော့ အရေးပါတဲ့အချက်တချို့ကို မသိကြသေးပါဘူး။ စမတ်ဖုန်းအသုံးပြုမှုနဲ့ ပတ်သက်လို့ ဆောင်ရန် ရှောင်ရန်လေးတွေကို ဖော်ပြပေးထားပါတယ်။ သိပ်ကို အသုံးဝင်ပါတယ်။

READ
မျက်ခွံပေါ်မှ တွဲကျနေတဲ့အကြိတ်ကြီးကြောင့် ဒုက္ခရောက်နေရတဲ့အင်ဒိုနီရှားအမျိုးသား

Ref: www.shwemom.com

SHARE