IRENE နဲ့ SEULGI တို့ရဲ့ album ထွက်ရှိမယ့်ရက်ကို အတည်ပြုလိုက်တဲ့ SM Entertainment

ig/@renebaebae ,hi_sseulgi

Red Velvet အဖွဲ့ဝင် IRENE နဲ့  SEULGI တို့ရဲ့ အခွေသစ်ကို နောက်လမှာ ထွက်ရှိဖို့ကို အတည်ပြုပြောကြားလိုက်တာပဲ ဖြစ်ပါတယ်။ May 27 ရက်နေ့ ဒီနေ့မှာတော့ Red Velvet ရဲ့ အေဂျင်စီဖြစ်တဲ့ SM Entertainment ကနေပြီးတော့ မကြာခင်မှာ ထွက်ရှိလာတော့မယ့် IRENE နဲ့  SEULGI တို့ရဲ့ အခွေ ပထမဆုံး taster image တွေကို ချပြလိုက်တာပဲ ဖြစ်ပါတယ်။ ဒီအကြောင်းကိုတော့ sbs news မှာဖော်ပြထားတာပါ …

ဒီအခွေရဲ့ logo လေးက ‘&’ ဆိုတဲ့ စာလုံးလေးကို သူမတို့နှစ်ယောက်ရဲ့ နာမည်ဖြစ်တဲ့ I and S စာလုံးတွေကို အသုံးပြုပြီး ပုံဖော်ထားတာ ဖြစ်ပြီးတော့ ဒီ mini album လေးရဲ့ title ကိုတော့ ‘Monster’ ဆိုပြီး ပေးထားတာပဲ ဖြစ်ပါတယ်။

READ
မွေးနေ့အမှတ်တရအဖြစ် ဟော့ပေါ့ ဆိုင်ခွဲဖွင့်လိုက်တဲ့ သဉ္ဇာနွယ်ဝင်း

https://www.instagram.com/p/B8Q7E0yAdMK/?utm_source=ig_embed&utm_campaign=loading

View this post on Instagram

Psycho🌹

A post shared by Seulgi (@hi_sseulgi) on

ဒီအခွေထဲမှာ မတူညီတဲ့ သီချင်းပုံစံတွေကို စုစည်းထားပြီးတော့ Red Velvet အဖွဲ့ဝင်နှစ်ယောက်ဖြစ်တဲ့ IRENE နဲ့  SEULGI တို့ရဲ့ ထူးခြားတဲ့ အရည်အချင်းတွေကို တွေ့မြင်ကြရမှာပါ။ အရင်ကလည်း သူမတို့နှစ်ယောက်ဟာ အတွဲညီညီနဲ့ အမိုက်စားတင်ဆက်မှုတွေနဲ့ ‘Be Natural’ ဆိုတဲ့သီချင်းကို အတူတူ သီဆိုထားခဲ့ဖူးကြပါတယ်။ IRENE နဲ့  SEULGI တို့ရဲ့ ‘Monster’ mini album လေးကတော့ June 15 ရက်နေ့မှာ ထွက်ရှိလာတော့မှာပဲ ဖြစ်ပါတယ်နော်။

READ
ဇွန်လ ဒုတိယအပတ်အတွင်း Billboard Top Ten ဝင်သီချင်းကောင်းများ

Khin

SHARE