SM Entertainment သင်တန်းသားတွေ လိုက်နာရတဲ့ ခက်ခဲတဲ့ စည်းမျဉ်းများ

IG/girlsgeneration

တောင်ကိုရီးယားတွေရဲ့ ကြိုးစားမှုတွေကတော့ တကယ့်ကို အံ့သြလောက်စရာပါပဲ။ ဒီလို အောင်မြင်မှုတွေရဖို့အတွက် အနုပညာရှင်ဘဝမရောက်ခင် သင်တန်းသား ဘဝမှာတည်းက အေဂျင်စီရဲ့ စည်းကမ်းတွေကို သေချာ လိုက်နာခဲ့ကြရကြောင်းကို koreaboo ကနေ ဖော်ပြထားတဲ့ တောင်ကိုရီးယားရဲ့ နာမည်အကြီးဆုံး အေဂျင်စီတစ်ခုဖြစ်တဲ့ SM Entertainment ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ကြည့်ခြင်းဖြင့် သိနိုင်ပါတယ်။

(၁) ဖုန်းသုံးခွင့် မပြုထားဘူး

SM Entertainment ရဲ့ သင်တန်းသားဟောင်း တစ်ဦးကတော့ သူတို့ သင်တန်းသား ဘဝမှာ ညဘက်တွေ နောက်ကျတဲ့အထိ အပြင်သွားလို့ မရကြောင်း အပြင် ဖုန်းသုံးခွင့် မပေးတာတွေကို ပါ ထုတ်ပြောခဲ့ပါတယ်။ ဖုန်းသုံးခွင့် ရှိတဲ့ အချိန်တွေကတော့ ညတွေနဲ့ တနင်္ဂနွေနေ့တွေမှာပါပဲ သုံးခွင့် ရှိတာပါ။

Photo by Andrea Piacquadio from Pexels

(၂) အမှားတွေကနေ သင်ခန်းစာ ယူခြင်း

အမှား လုပ်ခဲ့ရင်တောင်မှ သူတို့က လိုက်နာရတဲ့ စည်းမျဉ်းတွေ ရှိနေပါသေးတယ်။ ဒါကတော့ အမှား တစ်ခုခု လုပ်ခဲ့မိတယ်ဆိုရင် ကိုယ်ဘာကြောင့် ဘာအတွက် မှားတယ်ဆိုတာကို စာရွက်ပေါ်မှာ ချရေးရတာ ဖြစ်ပါတယ်လို့ SM Entertainment ရဲ့ သင်တန်းသားဟောင်း တစ်ယောက်က ပြောပါတယ်။ ဒီလိုမျိုး အမှားအပေါ် ပြန်ဆန်းစစ်ရတဲ့ အချိန်မှာတော့ ဘာမှ လေ့ကျင့်ခွင့် မပေးထားဘူးလို့ ဆိုပါတယ်။

READ
(၈၆)သိန်းတန်ဖိုးရှိတဲ့ လက်စွပ်နှစ်ကွင်းကို လှူဒါန်းခဲ့တဲ့ မေဦးတို့ စုံတွဲ
Photo by Andrea Piacquadio from Pexels

(၃) အမြဲ လေ့ကျင့်နေရတယ်

သင်တန်းသားတွေက အမြဲတမ်း လေ့ကျင့်မှုတွေ ရှိနေရတယ်လို့လည်း SM Entertainment ရဲ့ သင်တန်းသားဟောင်းတစ်ယောက်က ဆိုပါတယ်။ နေ့တိုင်း လေ့ကျင့်နေရပြီး တနင်္ဂနွေမှာတော့ နားခွင့် ရှိပါတယ်။ များသောအားဖြင့် တစ်နေ့ကို ၁၂ နာရီလောက် လေ့ကျင့်နေရတယ်လို့ ဆိုပါတယ်။

Photo by Anna Shvets from Pexels

(၄) ဂါဝရ ပြုခြင်း

ကိုရီးယားရဲ့ ယဉ်ကျေးမှု ဓလေ့ ထုံးတမ်းအရ ဂါဝရပြုတာ၊ နှုတ်ဆက်တာတွေကတော့ လေးစားသမှု ပြုလုပ်ရတဲ့ အချက်တွေ ဖြစ်ပါတယ်။ ဒီအလေ့အထကို SM Entertainment ကနေလည်း သင်ကြားထားပါတယ်။ EXO’s Baekhyun ကလည်း တစ်ခါက သူတို့ သင်တန်းသား ဘဝမှာ သူတို့ရဲ့ စီနီယာတွေကို အမြဲ အသံကျယ်ကျယ်နဲ့ အမြဲ နှုတ်ဆက်ရတယ်လို့ ဆိုပါတယ်။

READ
ပုံအလန်းလေးတွေ တင်လိုက်တဲ့ ခြူးစစ်ဟန်

 

Kham

SHARE