(၂၅.၈.၁၈)မှ (၃၁.၈.၁၈)အတွင်း Shwemom မှ ရွေးချယ်ပေးတဲ့ အဖတ်သင့်ဆုံးဆောင်းပါး (၅)ပုဒ်

ပြီးခဲ့တဲ့ သြဂုတ်လ (၂၅)ရက်နေ့မှ (၃၁)ရက်နေ့အထိ တစ်ပတ်အတွင်း ပရိသတ်တွေ ဖတ်ကြည့်သင့်တယ်လို့ ယူဆတဲ့ သတင်းဆောင်းပါးတွေကို ပြန်လည်ရွေးချယ် တင်ဆက်ပေးချင်ပါတယ်။  ပရိသတ်ကြီး လက်မလွှတ်တမ်း ဖတ်ရှုသင့်တဲ့ သတင်းဆောင်းပါး (၅)ပုဒ်ကို Shwemom မှ အထူးရွေးချယ် ပေးထားတာပါ။ တစ်ပုဒ်ချင်းစီ အသေးစိတ် ပြည့်ပြည့်စုံစုံ ဖတ်ချင်ရင်တော့ ခေါင်းစဉ်လေးတွေကို နှိပ်လိုက်ရုံပါပဲနော်။

အငှားယာဉ်တွေကို သတိနဲ့ စီးနင်းအသုံးပြုသင့်ကြောင်း သင်ခန်းစာယူနိုင်တဲ့ ဖြစ်ရပ်

တရုတ်နိုင်ငံက အမျိုးသမီးငယ်တစ်ဦးဟာ နာမည်ကြီး တက္ကဆီအငှားဝန်ဆောင်မှု ကုမ္ပဏီတစ်ခုမှ စရိတ်မျှပေး တက္ကဆီကို ငှားစီးခဲ့ရာမှ အဖြစ်ဆိုးကြုံခဲ့ရတဲ့အကြောင်း သတင်းတစ်ပုဒ်ဖြစ်ပါတယ်။ တက္ကဆီ ငှားစီးရာမှာ လုံခြုံရေးကို အထူးဂရုပြုသင့်ကြောင်း ပြနေတဲ့ ဖြစ်ရပ်မို့ ဖတ်ကြည့်သင့်ပါတယ်။

ကိုက်လည်းမကိုက်မိဘဲ မွေးထားတဲ့ခွေးကြောင့် ဒုက္ခိတဖြစ်သွားရှာတဲ့ အမျိုးသား

ခွေးချစ်တတ်သူတွေ၊ ခွေးမွေးထားသူတွေအတွက် ကျန်းမာရေး အန္တရာယ်နဲ့ပတ်သက်လို့ ဂရုပြုစရာတစ်ခုကို ဖော်ပြနေတဲ့ ဖြစ်ရပ်တစ်ခုအကြောင်းဖြစ်ပါတယ်။ ခွေးသွားရည်က လူတွေကို ဘယ်လိုအန္တရာယ်ဖြစ်စေနိုင်တယ်ဆိုတဲ့ အကြောင်းပါ။ ခေါင်းစဉ်လေး နှိပ်ပြီး သတင်းအပြည့်အစုံကို ဝင်ဖတ်ကြည့်လိုက်နော်။

READ
(၁၇.၁၁.၁၈)မှ (၂၃.၁၁.၁၈)အတွင်း Shwemom မှ ရွေးချယ်ပေးတဲ့ အဖတ်သင့်ဆုံးဆောင်းပါး (၅)ပုဒ်
အောက်ခြေကစပြီး သန်းကြွယ်ကုမ္ပဏီဖြစ်လာအောင် အတူထူထောင်ခဲ့ကြတဲ့ အမေဇုန်မောင်နှံ

ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီး Jeff Bezos ကို သူ့ဇနီးက မအောင်မြင်ခင်ကာလမှ ယခုသန်းကြွယ်သူဌေးဘဝ ရောက်လာသည်အထိ ဘယ်လို ပါရမီဖြည့်ဆည်းခဲ့ပြီး တစ်ဦးနဲ့တစ်ဦး ဘယ်လိုအပြန်အလှန် ရိုင်းပင်းဖေးမခဲ့တယ်ဆိုတဲ့ အားကျအတုယူဖွယ် အကြောင်းလေးပါ။ ဖတ်ကြည့်သင့်ပါတယ်။

ကမ္ဘာပေါ်မှာ နျူကလီးယားလက်နက် ပိုင်ဆိုင်ထားတဲ့ နိုင်ငံ(၉)နိုင်ငံ

အင်အားအကြီးဆုံး လက်နက်ဖြစ်တဲ့ နျူကလီးယားကို ယခင်က နိုင်ငံအနည်းအကျဉ်းသာ ပိုင်ဆိုင်ခဲ့ပါတယ်။ အခုဆိုရင်တော့ နျူလက်နက်ကို ပိုင်ဆိုင်ထားတာဆိုရင် နိုင်ငံ ၉ နိုင်ငံအထိတောင် ရှိလာပါပြီ။ ဘယ်နိုင်ငံတွေ ဖြစ်မလဲ ခေါင်းစဉ်လေးနှိပ်ပြီး ဝင်ဖတ်လိုက်နော်။

သင်အနေနဲ့ မြင်တွေ့ဖို့ မလွယ်တဲ့ ပင်လယ်သမုဒ္ဒရာအောက်က ဆန်းပြားတဲ့ သက်ရှိများ

ရုရှားသင်္ဘောသားတစ်ယောက်က သူရှာဖွေ ဖမ်းမိခဲ့တဲ့ ရေနေသတ္တဝါအဆန်းအပြားတွေကို သူ့ရဲ့ Instagram အကောင့်မှာ မျှဝေထားပါတယ်။ ရေနေသတ္တဝါတွေနဲ့ ပတ်သက်လို့ ဗဟုသုတရဖွယ်ရာဖြစ်ပြီး စိတ်ဝင်စားဖွယ်လည်း ကောင်းတာကြောင့် ခေါင်းစဉ်လေးနှိပ်ပြီး ဝင်ကြည့်လိုက်နော်။

READ
တက္ကဆက်မှာ နှစ် (၅၀)အတွင်း အဆိုးဝါးဆုံးအဖြစ် စံချိန်တင်ခဲ့တဲ့ ဟာရီကိန်းမုန်တိုင်း ဟာဗေ

Ref: www.shwemom.com

SHARE