(၂၂.၁၂.၁၈)မှ (၂၈.၁၂.၁၈)အတွင်း Shwemom မှ ရွေးချယ်ပေးတဲ့ အဖတ်သင့်ဆုံးဆောင်းပါး (၅)ပုဒ်

ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၈)ရက်နေ့မှ (၁၄)ရက်နေ့အထိ တစ်ပတ်အတွင်း ပရိသတ်တွေ ဖတ်ကြည့်သင့် တယ်လို့ ယူဆတဲ့ သတင်းဆောင်းပါးတွေကို ပြန်လည်ရွေးချယ် တင်ဆက်ပေးချင်ပါတယ်။ ပရိသတ်ကြီး လက်မလွှတ်တမ်း ဖတ်ရှုသင့်တဲ့ သတင်းဆောင်းပါး (၅)ပုဒ်ကို Shwemom မှ အထူးရွေးချယ် ပေးထားတာပါ။ တစ်ပုဒ်ချင်းစီ အသေးစိတ် ပြည့်ပြည့်စုံစုံ ဖတ်ချင်ရင်တော့ ခေါင်းစဉ်လေးတွေကို နှိပ်လိုက်ရုံပါပဲနော်။

ကိုယ်အင်္ဂါမပြည့်စုံပေမယ့် သမာအာဇီဝကျကျ၊ ကျွမ်းကျင်မှုနှင့်တကွ ၀မ်းစာကြောင်းနေသူ

မလေးရှားနိုင်ငံသား Syahrain Fadizil ကတော့ မသန်စွမ်းဆိုတာ မသန်ပေမယ့် စွမ်းဆောင်နိုင်စွမ်းရှိသူ တစ်ဦးပါဆိုတာကို အကောင်းဆုံး သက်သေပြနိုင်ခဲ့ပါတယ်။ မွေးရာပါ လက်နှစ်ဘက်တိုနေပေမယ့် ဘယ်သူ့ကို မှ အားမကိုးသလို ခြေလက်အင်္ဂါပြည့်စုံတဲ့လူတွေ မစွမ်းဆောင်နိုင်တာကို လုပ်ပြနေတဲ့ ချီးကျူးဖွယ် Syahrian ရဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

READ
လှေပေါ်ကနေ ဒိုင်ဗင်ပစ်ဖို့ ကြိုးစားရင်း အဖြစ်ဆိုးသွားခဲ့ရတဲ့ မိန်းကလေး

မြင်သူတိုင်းကို အရည်ပျော်သွားစေမယ့် ချစ်စဖွယ်အမူအရာနဲ့ခွေးလေးများ

အိမ်မွေးတိရစ္ဆာန်တွေထဲမှာ ခွေးတွေဟာ လူတွေနဲ့ အနီးစပ်ဆုံး၊ လူတွေအတွက် အကောင်းဆုံး အဖော်မွန်လေး တွေပါ။ တိရစ္ဆာန်ချစ်တတ်တဲ့ စာဖတ်ပရိသတ်တွေ၊ အထူးသဖြင့် ခွေးချစ်တဲ့ စာဖတ်ပရိသတ်တွေတွက် ချစ်စ ဖွယ်ကောင်းလွန်းတဲ့ ခွေးလေးတွေရဲ့ ပုံစံလေးတွေကို ပြန်လည် မျှဝေပေးလိုက်ပါတယ်။

တီးဝိုင်းအဖွဲ့ကို ဆူနာမီကြောင့်ဆုံးရှုံးခဲ့ရတဲ့ အဆိုတော်၊ ဇနီးဖြစ်သူကိုပါ ထပ်မံဆုံးရှုံးရပြန်

စက္ကန့်အပိုင်း အခြားလေးတစ်ခုဟာ လူတစ်ယောက်ရဲ့ ဘ၀ကို မထင်မှတ်ထား နိုင်လောက်အောင် ပြောင်းလဲ သွားစေနိုင်တယ်ဆိုတာ အကောင်းဆုံး သက်သေပြနေတဲ့ ဖြစ်ရပ်ပါ။ အင်ဒိုနီးရှားရဲ့ နာမည်ကျော် Seventeen အဖွဲ့ခေါင်းဆောင်၊ အဆိုတော် အာဖန်ဟာ စက္ကန့်ပိုင်းလေးအတွင်းမှာ သူ့ရဲ့လက်တွဲဖော် ချစ်ဇနီးနဲ့ ရဲဘော်ရဲ ဘက် တီးဝိုင်းအဖွဲ့သားအားလုံးကို ဆုံးရှုံးခဲ့ရတဲ့ စိတ်မကောင်းစရာ အဖြစ်အပျက်လေးပါ။

READ
သားသမီးတွေခန္ဓာကိုယ်ထဲကို ဘိန်းဖြူထိုးသွင်းပေးတဲ့ ဇနီးမောင်နှံအဖမ်းခံရ

လေယာဉ်မယ်သမီးလေးနဲ့ ခရစ်စမတ်မှာ အတူရှိချင်လို့ လေယာဉ်ပတ်စီးခဲ့တဲ့ ဖခင်

လောကကြီးမှာ ဘယ်အရာနဲ့မှ တုပပြီး နှိုင်းယှဉ်လို့ မရတာ မိဘမေတ္တာပါ။ ခရစ်စမတ်နေ့မှာ အလုပ်ဂျူတီကျ လို့ မိသားစုနဲ့အတူ မရှိနေနိုင်တဲ့ လေယာဉ်မယ်သမီးလေး စိတ်အားမငယ်စေဖို့ အကောင်းဆုံး နွေးထွေးမှုတွေ ပေးခဲ့တဲ့ ဖခင်တစ်ဦးရဲ့ အဖြစ်အပျက်လေးပါ။

ဘာသာစကားသစ်တစ်ခုကို အချိန်တိုအတွင်း တတ်ကျွမ်းဖို့ လျို့ဝှက်ချက်(၃) ခု

အချိန်နဲ့အမျှ ပြောင်းလဲနေတဲ့ နည်းပညာခေတ်ကြီးထဲမှာ မိခင်ဘာသာ စကားတစ်မျိုးတည်း တတ်ကျွမ်းမယ် ဆိုရင် အများနဲ့ယှဉ်တဲ့အခါ နောက်ကျကျန်ခဲ့ဖို့ ရာခိုင်နှုန်းများပါတယ်။ ဒါ့ကြောင့် ကိုယ်နဲ့ ရင်းနှီးကျွမ်းဝင်မှု မရှိတဲ့ ပြည်ပဘာသာစကားတစ်ခုကို လေ့လာနေတဲ့၊ လေ့လာချင်တဲ့ စာဖတ်ပရိသတ်တိုင်း အကျိုးရှိစေဖို့ ဖော်ပြပေးလိုက်ပါတယ်။

SHARE