(၂၄.၁၁.၁၈)မှ (၃၀.၁၁.၁၈)အတွင်း Shwemom မှ ရွေးချယ်ပေးတဲ့ အဖတ်သင့်ဆုံးဆောင်းပါး (၅)ပုဒ်

ပြီးခဲ့တဲ့ နိုဝင်ဘာလ (၂၄)ရက်နေ့မှ (၃၀)ရက်နေ့အထိ တစ်ပတ်အတွင်း ပရိသတ်တွေ ဖတ်ကြည့်သင့်တယ်လို့ ယူဆတဲ့ သတင်းဆောင်းပါးတွေကို ပြန်လည်ရွေးချယ် တင်ဆက်ပေးချင်ပါတယ်။  ပရိသတ်ကြီး လက်မလွှတ်တမ်း ဖတ်ရှုသင့်တဲ့ သတင်းဆောင်းပါး (၅)ပုဒ်ကို Shwemom မှ အထူးရွေးချယ် ပေးထားတာပါ။ တစ်ပုဒ်ချင်းစီ အသေးစိတ် ပြည့်ပြည့်စုံစုံ ဖတ်ချင်ရင်တော့ ခေါင်းစဉ်လေးတွေကို နှိပ်လိုက်ရုံပါပဲနော်။

ဘီယာဗိုက်လို့ ထင်ရပေမယ့် ဆေးစစ်ကြည့်မှ ရှားပါးကင်ဆာဖြစ်နေမှန်း သိရသူ

အသက် ၄၀ ကျော် အမေရိကန်အမျိုးသားတစ်ဦးဟာ သူ့ရဲ့ ဝမ်းဗိုက် တဖြည်းဖြည်းပူလာခဲ့တာကို သာမန်ဝိတ်တက်လာတယ်သာ ထင်နေခဲ့ပေမယ့် တကယ်တော့ ကင်ဆာဖြစ်နေခဲ့တာပါ။ ကျန်းမာရေးအခြေအနေကို ပုံမှန်စစ်ဆေးသင့်ပြီး အမှုမဲ့ အမှတ်မဲ့ မနေသင့်ဘူးဆိုတာ သင်ခန်းစာရစေတဲ့ ဖြစ်ရပ်မို့ ဝင်ဖတ်ကြည့်သင့်ပါတယ်။

ဆေးလိပ်မသောက်တဲ့သူတွေကို အားလပ်ခွင့်(၆) ရက် ပိုပေးလိုက်တဲ့ ဂျပန်ကုမ္ပဏီ

ဂျပန်ကုမ္ပဏီတစ်ခုကတော့ သူတို့ကုမ္ပဏီက ဆေးလိပ်သောက်တတ်သူတွေဟာ အခြားသူတွေထက် နားနေချိန် ပိုများတယ်လို့ ယူဆပြီး အစီအစဉ်တစ်ခု ဆွဲခဲ့ပုံလေးပါ။ သူတို့ရဲ့ အယူအဆက စိတ်ဝင်စားစရာမို့ ဖတ်ကြည့်သင့်ပါတယ်။

READ
ဓာတ်ပုံလျှောက်ရိုက်ရင်း အိမ်ယာမဲ့ဖြစ်နေတဲ့ ဖခင်နဲ့ ပြန်ဆုံခဲ့ရတဲ့ သမီး

ကမ္ဘာကြီးကို ကြိုးကိုင်ခြယ်လှယ်ခဲ့ကြတဲ့ သြဇာတိက္ကမကြီးမားသူ မိသားစုများ

ကမ္ဘာ့တဝှမ်းက လူမှုရေး၊ စီးပွားရေးနဲ့ နိုင်ငံရေးတွေကို တစ်မျိုးတစ်ဖုံ ချုပ်ကိုင်ထားကြတဲ့ မိသားစုမျိုးနွယ်များအကြောင်းကို ဖော်ပြပေးထားပါတယ်။ သိထားသင့်လောက်တဲ့ အကြောင်းအရာဖြစ်တဲ့အတွက် ထည့်သွင်းဖော်ပြပေးလိုက်ရပါတယ်။

သင်လုံးဝ သတိထားမိမှာ မဟုတ်တဲ့ ထူးထူးဆန်းဆန်း အချက်အလက်များ

ဗဟုသုတလည်း ရချင်တယ်။ စာရှည်ရှည်လည်း မဖတ်ချင်ဘူးဆိုတဲ့ ပရိသတ်တွေအတွက် ကွက်တိဖြစ်မယ့် အကြောင်းအရာလေးပါ။ ခေါင်းစဉ်လေးနှိပ်ပြီး ဝင်ဖတ်လိုက်နော်။

(၂၀၂၀)ခုနှစ်မှာ စတင်အသုံးပြုနိုင်ဖွယ် ရှိနေတဲ့ စွမ်းရည်မြင့် 5G network အကြောင်း

အနာဂတ်မှာ အသုံးပြုလာနိုင်တော့မယ့် 5G အင်တာနက်လိုင်းအကြောင်းကို ဖော်ပြပေးထားပါတယ်။ 5G ကြောင့် နည်းပညာတွေ ဘယ်လိုတိုးတက်နိုင်လာမလဲ၊ ကမ္ဘာကြီးပေါ်မှာ ဘာအပြောင်းအလဲတွေ ဖြစ်လာမလဲဆိုတာ ပရိသတ်တွေအတွက် ဗဟုသုတ ဝေမျှပေးထားပါတယ်။

Ref: www.shwemom.com

SHARE