(၂၂.၉.၁၈)မှ (၂၈.၉.၁၈)အတွင်း Shwemom မှ ရွေးချယ်ပေးတဲ့ အဖတ်သင့်ဆုံးဆောင်းပါး (၅)ပုဒ်

ပြီးခဲ့တဲ့ စက်တင်ဘာလ (၂၂)ရက်နေ့မှ (၂၈)ရက်နေ့အထိ တစ်ပတ်အတွင်း ပရိသတ်တွေ ဖတ်ကြည့်သင့်တယ်လို့ ယူဆတဲ့ သတင်းဆောင်းပါးတွေကို ပြန်လည်ရွေးချယ် တင်ဆက်ပေးချင်ပါတယ်။  ပရိသတ်ကြီး လက်မလွှတ်တမ်း ဖတ်ရှုသင့်တဲ့ သတင်းဆောင်းပါး (၅)ပုဒ်ကို Shwemom မှ အထူးရွေးချယ် ပေးထားတာပါ။ တစ်ပုဒ်ချင်းစီ အသေးစိတ် ပြည့်ပြည့်စုံစုံ ဖတ်ချင်ရင်တော့ ခေါင်းစဉ်လေးတွေကို နှိပ်လိုက်ရုံပါပဲနော်။

ဘာမဟုတ်တဲ့ ကိစ္စလေးကနေ အစပြုပြီး ပြဿနာတက်နေတဲ့ တရုတ်နိုင်ငံနဲ့ ဆွီဒင်နိုင်ငံ

ဆွီဒင်နိုင်ငံနဲ့ တရုတ်နိုင်ငံတို့ကတော့ တစ်လဆိုတဲ့ ကာလလေးအတွင်း နှစ်ဘက်ပြည်သူတွေကြား တင်းမာမှုတွေ ရှိလာခဲ့ပါတယ်။ ဖြစ်ခဲ့တဲ့ ပြဿနာက သေးငယ်တယ်လို့ ထင်ရပေမယ့် မီဒီယာတွေရဲ့ ဖော်ပြချက်တွေကြောင့် တစ်ဘက်နဲ့ တစ်ဘက် အပြစ်ရှာချက်တွေက ပိုဆိုးလာခဲ့တာပါ။ သတင်းအပြည့်အစုံကိုတော့ ခေါင်းစဉ်လေးနှိပ်ပြီး ဝင်ဖတ်လိုက်နော်။

ကင်ဆာပျောက်ဖို့ တရုတ်ရိုးရာဆေးကုထုံးတွေကို အားကိုးမိခဲ့တဲ့ မင်းသမီးလေးရဲ့ အဖြစ်

ဆေးပညာမှာ အနောက်တိုင်းဆေးပညာရော အရှေ့တိုင်းဆေးပညာပါ လူတွေကို အကျိုးပြုနိုင်တယ်ဆိုတာ သိကြပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံ ရောဂါနဲ့ ဆေး မကိုက်ညီရင်တော့ မသက်သာတဲ့အပြင် ပိုဆိုးလာတတ်ပါတယ်။ တရုတ်နိုင်ငံက သရုပ်ဆောင် မင်းသမီးချောလေးတစ်ယောက်ကတော့ ရောဂါနဲ့ မကိုက်တဲ့ ဆေးဝါးကုသမှုတွေကို ခံယူခဲ့တာကြောင့် အဖြစ်ဆိုးခဲ့ရရှာပါတယ်။ မှတ်သားဖွယ်ရာ သင်ခန်းစာတစ်ခုလို ဖြစ်တာကြောင့် ဖတ်ကြည့်သင့်တဲ့ သတင်းပါ။

READ
လက်ဝှေ့ထိုးတော့မယ်ဆိုတဲ့ ဖာဒီနန်ကို နောက်ပြောင်ကျီဆယ်ခဲ့တဲ့ နဗီးလ်

လူနာကို အလှည့်ကျစနစ်နဲ့ နှလုံးပြန်ခုန်စေဖို့ ကြိုးစားခဲ့ကြတဲ့ ဆေးရုံအမှုထမ်း (၃၀) ဦး

တရုတ်နိုင်ငံက ဆေးရုံတစ်ရုံမှာ အသက်အန္တရာယ်ရှိနေတဲ့ ကလေးလူနာ တစ်ဦးကို ဆရာဝန်ပေါင်းများစွာက လိုအပ်တဲ့ အသက်ကယ်ပစ္စည်း ရောက်မလာခင်အချိန်ထိ နာရီများစွာကြာအောင် အသက်ကို ဆွဲဆန့်ခဲ့တဲ့ အကြောင်းလေးပါ။ ဆရာဝန်တွေရဲ့ ချီးကျူးဖွယ် အားထုတ်မှုအကြောင်း သတင်းတစ်ပုဒ်ဖြစ်ပါတယ်။

လေကြောင်း ခရီးစဉ်နဲ့ ပတ်သတ်လို့ သင်မတွေးမိလောက်တဲ့ ထူးထူးခြားခြား အချက်များ

လေယာဉ်ခရီးစဉ်တွေကို ကြည့်လိုက်ရင်တော့ လေယာဉ်ပေါ်က ခရီးသည်တွေ၊ ဝန်ထမ်းတွေ၊ ဝန်ဆောင်မှုတွေ စတာတွေလောက်ပဲ ရိုးရှင်းစွာ မြင်တတ်ကြပါတယ်။ ဒါကြောင့် ဒီဆောင်းပါးလေးထဲမှာတော့ သင် မတွေးဖူး၊ မကြားဖူးသေးလောက်မယ့် လေယာဉ်ပျံသန်းမှု ခရီးစဉ်တွေရဲ့ စိတ်ဝင်စားဖွယ် အချက်လေးတွေကို ဖော်ပြပေးထားပါတယ်။

ရွံရှာဖွယ်ကောင်းပေမယ့် သိထားသင့်တဲ့ ကျန်းမာရေးဆိုင်ရာ အချက်အလက်များ

ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေအကြောင်းပါ။ ဒါပေမယ့် ဘယ်လိုအပြုအမူ၊ ဘယ်လိုအရာတွေက ကျန်းမာရေးကို များစွာ သက်ရောက်မှု ရှိနေတယ်ဆိုတဲ့ အချက်တွေကို ဖော်ပြပေးထားပါတယ်။ မျက်လုံးပြူးသွားစေနိုင်လောက်တဲ့ အချက်တွေလည်း ပါတာကြောင့် ဝင်ဖတ်ကြည့်သင့်တယ်နော်။

READ
ကြေကွဲနေတဲ့ အင်္ဂလန်အသင်းမန်နေဂျာကို အချစ်တွေနဲ့ အကောင်းဆုံးနှစ်သိမ့်ပေးခဲ့သူ

Ref: www.shwemom.com

SHARE