(၂.၂.၁၉) မှ (၈.၂.၁၉)အတွင်း Shwemom မှ ရွေးချယ်ပေးတဲ့ အဖတ်သင့်ဆုံးဆောင်းပါး (၅)ပုဒ်

ပြီးခဲ့တဲ့ ၂၀၁၉ ဖေဖော်ဝါရီ ၂ ရက်နေ့မှ ၈ ရက်နေ့အထိ တစ်ပတ်အတွင်း ပရိသတ်တွေ ဖတ်ကြည့်သင့်တယ်လို့ ယူဆတဲ့ သတင်းဆောင်းပါးတွေကို ပြန်လည်ရွေးချယ် တင်ဆက်ပေးချင်ပါတယ်။  ပရိသတ်ကြီး လက်မလွှတ်တမ်း ဖတ်ရှုသင့်တဲ့ သတင်းဆောင်းပါး (၅)ပုဒ်ကို Shwemom မှ အထူးရွေးချယ် ပေးထားတာပါ။ တစ်ပုဒ်ချင်းစီ အသေးစိတ် ပြည့်ပြည့်စုံစုံ ဖတ်ချင်ရင်တော့ ခေါင်းစဉ်လေးတွေကို နှိပ်လိုက်ရုံပါပဲနော်။

ကြည့်ရှုသူတိုင်းကို ပါးစပ်အဟောင်းသွားဖြစ်သွားစေခဲ့တဲ့ Got Talent winner တစ်ဦး

၂၀၀၉ ခုနှစ်တုန်းက ယူကရိန်းနိုင်ငံရဲ့ Got Talent winner တစ်ဦးကတော့ ယခု ၂၀၁၉ ခုနှစ် America’s Got Talent ပြိုင်ပွဲမှာ ဝင်ရောက်အစွမ်းပြသွားတဲ့အကြောင်းပါ။ ဗီဒီယိုနဲ့တကွ ဖော်ပြထားတာမို့ သူမရဲ့ စွမ်းရည်ကို ကြည့်ရှုလိုက်ပါဦး။

READ
ဓားပြရဲ့မျက်နှာကို ငရုတ်သီးမှုန့်တွေနဲ့ပက်ပြီး ဖမ်းဆီးခဲ့တဲ့ ဆိုင်ရှင်လင်မယား

လမ်းသွားရင်း ဒုစရိုက်ရဲ့သားကောင်ဖြစ်နိုင်ချေရှိတဲ့ သွင်ပြင်လက္ခဏာပိုင်ရှင်များ

လမ်းသွားရင်း ဘယ်လိုအနေအထားမျိုးတွေမှာ မသမာသူတွေရဲ့ သားကောင်ဖြစ်နိုင်သွားလဲ၊ ဘယ်လိုပြုမူရင် ဘေးကင်းမလဲဆိုတာတွေကို ပုံများနဲ့တကွ ရှင်းလင်းပြောပြထားပါတယ်။ နေ့စဉ်လှုပ်ရှားသွားလာနေရသူတွေ၊ အိမ်ပြန်နောက်ကျသူတွေ ဖတ်ဖို့သင့်ပါတယ်။

လူချစ်လူခင်များလာဖို့ ဘယ်လိုရိုးရှင်း လွယ်ကူတဲ့နည်းလမ်းတွေနဲ့ စကားပြောကြမလဲ…

လူမှုဆက်ဆံရေးမှာ သူများတွေလောက် မတော်လို့ စိတ်ညစ်နေစရာမလိုပါဘူး။ ဒီဆောင်းပါးထဲမှာဆိုရင် စကားဝိုင်းတွေကို ဘယ်လိုအသက်ဝင်အောင် လုပ်ရမလဲ၊ ဘယ်လိုပြုမူပြောဆိုရမယ်ဆိုတာတွေနဲ့ ပတ်သက်လို့ အချက်လေးတွေနဲ့ ဖော်ပြထားပါတယ်။

အထူးခြားဆုံးဓလေ့ထုံးတမ်းများ ပိုင်ဆိုင်ထားတဲ့နိုင်ငံ (၅) နိုင်ငံ

ဒီတစ်ပုဒ်ကတော့ နိုင်ငံတကာနဲ့ပတ်သက်လို့ ဗဟုသုတ လိုချင်သူတွေ ဖတ်သင့်ပါတယ်။ ထူးခြားတဲ့ ဓလေ့ထုံးတမမ်းတွေကြောင့် နာမည်ကြီးတဲ့ နိုင်ငံတွေထဲမှာ ဘယ်လိုနိုင်ငံတွေ ပါဝင်နေမလဲ သိရဖို့ ခေါင်းစဉ်လေးကို နှိပ်လိုက်ရုံပါပဲနော်။

ရေယုန်နဲ့ ခံတွင်းအနာတွေကို သဘာဝအတိုင်း လျင်မြန်စွာသက်သာပျောက်ကင်းစေဖို့…

 

ခံတွင်းအနာတွေဟာ ကလေးလူကြီးမရွေး ဖြစ်ပွားတတ်ပါတယ်။ ဒီလိုအနာတွေကို သက်သာပျောက်ကင်းစေဖို့ နည်းလမ်းလေး ၅ ခု ဖော်ပြပေးထားပါတယ်။ ဖတ်ရှုမှတ်သားသင့်တဲ့ အကြောင်းအရာဖြစ်တဲ့အတွက် ထည့်သွင်းဖော်ပြလိုက်ရပါတယ်။

READ
မိခင်ပျော်စေဖို့ သေသွားတဲ့အစ်မရဲ့ အဝတ်တွေကို အနှစ် 20 ကျော် ဝတ်ပြခဲ့ရတဲ့ အမျိုးသား

Ref: www.shwemom.com

SHARE