(၉.၂.၁၉) မှ (၁၅.၂.၁၉)အတွင်း Shwemom မှ ရွေးချယ်ပေးတဲ့ အဖတ်သင့်ဆုံးဆောင်းပါး (၅)ပုဒ်

ပြီးခဲ့တဲ့ ၂၀၁၉ ဖေဖော်ဝါရီ ၉ ရက်နေ့မှ ၁၅ ရက်နေ့အထိ တစ်ပတ်အတွင်း ပရိသတ်တွေ ဖတ်ကြည့်သင့်တယ်လို့ ယူဆတဲ့ သတင်းဆောင်းပါးတွေကို ပြန်လည်ရွေးချယ် တင်ဆက်ပေးချင်ပါတယ်။  ပရိသတ်ကြီး လက်မလွှတ်တမ်း ဖတ်ရှုသင့်တဲ့ သတင်းဆောင်းပါး (၅)ပုဒ်ကို Shwemom မှ အထူးရွေးချယ် ပေးထားတာပါ။ တစ်ပုဒ်ချင်းစီ အသေးစိတ် ပြည့်ပြည့်စုံစုံ ဖတ်ချင်ရင်တော့ ခေါင်းစဉ်လေးတွေကို နှိပ်လိုက်ရုံပါပဲနော်။

ကလေးကို သားအိမ်ထဲက ထုတ်၊ ဆေးကုပြီး မိခင်ဝမ်းထဲ ပြန်ထည့်ပေးခဲ့တဲ့ ဖြစ်ရပ်

လတ်တလော အင်္ဂလန်နိုင်ငံက မိခင်လောင်းတစ်ဦး ခံယူခဲ့တဲ့ ခေတ်ရှေ့ပြေး သန္ဓေသားခွဲစိတ်မှု တစ်ခုအကြောင်း ဖြစ်ပါတယ်။ ဆေးသိပ္ပံလောကရဲ့ တိုးတက်မှုတွေကို သိမြင်စေနိုင်မယ့် အကြောင်းအရာဖြစ်လို့ စာဖတ်ပရိသတ်ကြီး ဖတ်သင့်တဲ့ စာရင်းထဲ ထည့်သွင်းဖော်ပြပေးလိုက်ပါတယ်။

ကမ္ဘာ့အဆိုးရွားဆုံး ကမ္ဘာ့လှည့်ခရီးသွားများကို နိုင်ငံများအလိုက် ပြုစုထားသောစာရင်း

ကမ္ဘာ့ခရီးသွားလုပ်ငန်းနယ်ပယ်မှာ ကဏ္ဍအလိုက် အဆင့်သတ်မှတ်ချက်များစွာ ရှိတဲ့အနက် ယခုတစ်ခါ အဆိုးဆုံးအဖြစ် သတ်မှတ်ခံထားရတဲ့ ကမ္ဘာလှည့်ခရီးသွားတွေအကြောင်းကို နိုင်ငံအလိုက် ဖော်ပြထားပါတယ်။ ဘယ်နိုင်ငံက ခရီးသွားတွေဟာ ဘယ်လိုအမူအကျင့်တွေ ရှိလဲဆိုတာ သိရဖို့ ဖတ်ကြည့်လိုက်ပါဦး။

READ
မျက်မမြင်ကောင်မလေးကို အခွင့်ကောင်းယူ အဓမ္မကျင့်တဲ့ (၅၇)နှစ်အရွယ် အမျိုးသား

British Eng Speaking နဲ့ Listening တိုးတက်လိုသူတိုင်း ကြည့်သင့်တဲ့ TV Show

အင်္ဂလိပ်စာ တိုးတက်ဖို့ ဈေးကြီးတဲ့သင်တန်းတွေ တက်မှ ဆိုတဲ့ အယူအဆက ဟောင်းနေပါပြီနော်။ ယခုဖော်ပြပေးထားတာကတော့ British အင်္ဂလိပ် နားထောင်မှုနဲ့ ပြောဆိုမှု စွမ်းရည် တိုးတက်လာအောင် ကူညီပေးမယ့် တီဗီရှိုးလေးတစ်ခုအကြောင်း ဖြစ်ပါတယ်။ အင်္ဂလိပ်စာကို ကိုယ်တိုင်လေ့လာနိုင်ဖို့ သိထားသင့်တဲ့အတွက် ဖော်ပြပေးလိုက်ရပါတယ်။

နေရာရှိသလောက်မှာ သပ်သပ်ရပ်ရပ် အလှဆင် နေထိုင်ကြမယ်….

ကိုယ်ပိုင်ဆိုင်တဲ့ အိမ်ခန်းနေရာလေးတွေမှာ ခေတ်မီစွာ အဆင့်တန်းမြင့်မြင့် ပြင်ဆင်နေထိုင်နိုင်ဖို့အတွက် အိုင်ဒီယာဆန်းဆန်းလေးတွေကို စုစည်းတင်ပြထားပါတယ်။ သေချာပေါက် သဘောကျသွားမှာမို့ တစ်ပုံချင်းစီ သေချာဝင်ကြည့်လိုက်နော်။

သမ္မတဟောင်းကတော် မီရှဲအိုဘားမားရဲ့ ဘဝကို ပျော်ရွှင်စွာနေထိုင်နည်းလမ်းညွှန် (၅) ခု

အမေရိကန် သမ္မတကတော်ဟောင်း မီရှဲအိုဘားမားဟာ သူမကိုယ်တိုင် လိုက်နာနေတဲ့ ဘဝနေထိုင်နည်းအချို့ကို ဝေမျှထားပါတယ်။ ပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်စေဖို့ အလွယ်တကူ လိုက်လုပ်နိုင်တဲ့ စည်းမျဉ်းလေးတွေ ဖြစ်တဲ့အတွက် ဖတ်ရှုမှတ်သားကြည့်စေချင်ပါတယ်။

READ
ရိုးရာနှစ်သစ်ကူးပွဲတော်တစ်ရပ်အနေနဲ့ ရေခဲရေကန်ထဲမှာ ရေချိုးခဲ့တဲ့ ဂျပန်နိုင်ငံသားများ

Ref: www.shwemom.com

SHARE