(၂.၃.၁၉) မှ (၈.၃.၁၉)အတွင်း Shwemom မှ ရွေးချယ်ပေးတဲ့ အဖတ်သင့်ဆုံးဆောင်းပါး (၅)ပုဒ်

ပြီးခဲ့တဲ့ ၂၀၁၉ မတ်လ ၂ ရက်နေ့မှ ၈ ရက်နေ့အထိ တစ်ပတ်အတွင်း ပရိသတ်တွေ ဖတ်ကြည့်သင့်တယ်လို့ ယူဆတဲ့ သတင်းဆောင်းပါးတွေကို ပြန်လည်ရွေးချယ် တင်ဆက်ပေးချင်ပါတယ်။  ပရိသတ်ကြီး လက်မလွှတ်တမ်း ဖတ်ရှုသင့်တဲ့ သတင်းဆောင်းပါး (၅)ပုဒ်ကို Shwemom မှ အထူးရွေးချယ် ပေးထားတာပါ။ တစ်ပုဒ်ချင်းစီ အသေးစိတ် ပြည့်ပြည့်စုံစုံ ဖတ်ချင်ရင်တော့ ခေါင်းစဉ်လေးတွေကို နှိပ်လိုက်ရုံပါပဲနော်။

အရှေ့တောင်အာရှထဲက လေထုအသန့်ရှင်းဆုံးမြို့တွေ ပိုင်ဆိုင်ထားတဲ့ ဖိလစ်ပိုင်နိုင်ငံ

ကမ္ဘာပေါ်က လေထုသန့်စင်တဲ့ နိုင်ငံတွေနဲ့ လေထုညစ်ညမ်းတဲ့ နိုင်ငံတွေအကြောင်း၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းက လေထုအရည်အသွေးကို တိုင်းတာဖို့ ဘယ်လိုစံနှုန်းတွေ သတ်မှတ်ထားကြောင်း ဖော်ပြထားပါတယ်။ ပရိသတ်တို့ မှတ်သားသိထားသင့်တာမို့ ရွေးချယ်တင်ဆက်ပေးလိုက်ရပါတယ်။

Forbes က ထုတ်ပြန်လိုက်တဲ့ (၂၀၁၉)ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်စာရင်း

မတ်လ ၅ ရက်နေ့မှာတော့ Forbes မဂ္ဂဇင်းကနေ ၂၀၁၉ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာစာရင်းကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ထိုအထဲကမှ Shwemom ကနေ Top 10 ကို ကောက်နုတ်ဖော်ပြပေးထားပါတယ်။ ခေါင်းစဉ်ကို နှိပ်လိုက်ပြီး မူရင်းသတင်းကို ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

READ
လူတကာချီးကျူးခဲ့ရတဲ့ လေယာဉ်ပေါ်မှ ရင်ခွင်ပိုက်ကလေးမိခင်ရဲ့လုပ်ရပ်

တရုတ်နိုင်ငံမှ မော်ဒယ်တို့ရဲ့ ပဲ့ကိုင်ရှင်မိခင်ကြီး Grace Han ရဲ့ ရာဇဝင်

တရုတ်နိုင်ငံ ဖက်ရှင်လောကရဲ့ မိခင်ကြီး Grace Han ရဲ့ ဘဝဇာတ်ကြောင်းကို ဖော်ပြပေးထားတဲ့ ဆောင်းပါးတစ်ပုဒ်ဖြစ်ပါတယ်။ ဖက်ရှင်နဲ့ မော်ဒယ်လောကကို စိတ်ဝင်စားသူတိုင်းဖတ်ကြည့်သင့်ပါတယ်။

(၁၅)နှစ်အောက် ကလေးတွေကို ကျောင်းမှာ ဖုန်းအသုံးပြုခွင့် ပိတ်ပင်ထားတဲ့ ပြင်သစ်နိုင်ငံ

ပြင်သစ်နိုင်ငံမှာ ၂၀၁၈ ခုနှစ်က စတင်ပြဌာန်းခဲ့တဲ့ ၁၅ နှစ်အောက်ကလေးတွေ ကျောင်းမှာ ဖုန်းမသုံးရဥပဒေအကြောင်းနဲ့ ပတ်သက်လို့ ဖော်ပြထားပါတယ်။ ထိုဥပဒေကြောင့် ပြင်သစ်မှာ ဘယ်လိုကောင်းကျိုးတွေ ရနေလဲဆိုတာပါ ပြောပြထားတာမို့ ဝင်ဖတ်ကြည့်သင့်ပါတယ်။

လိုချင်တာလည်းရပြီး ပိုက်ဆံလည်းစုမိစေမယ့် အထိရောက်ဆုံးရည်ရှည်နည်းလမ်း (၄) ခု

တော်တော်များများက ပိုက်ဆံစုရမယ်ဆိုရင် ကိုယ်သုံးနေကျ အသုံးစရိတ်တွေကို ဖြတ်ချပစ်လိုက်ရမယ်တွေးကာ ထိထိရောက်ရောက် မစုမိကြပါဘူး။ ဒါကြောင့် ဒီတစ်ခါမှာတော့ သုံးချင်တာလည်း သုံးရပြီး ပိုက်ဆံလည်း စုမိစေမယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးထားပါတယ်။

READ
အခန်းထဲမှာ သော့အပိတ်ခံလိုက်ရလို့ ပြူတင်းပေါက်က ခုန်ချခဲ့ရတဲ့ သူခိုးရဲ့အဖြစ်

Ref: www.shwemom.com

SHARE