တရုတ်မှာပုစွန်လုံးဟင်းစားရဖို့အတွက် ၁၀ နာရီကြာအောင်တန်းစီခဲ့ကြတဲ့ခရီးသွားများ

pixabay

၂၀၁၇ ခုနှစ်ရဲ့ စစ်တမ်းအရ တရုတ်နိုင်ငံဟာ ပုစွန်လုံး သို့မဟုတ် ရေချိုကျောက်ပုစွန် အစပ်ချက်ဟင်းလျာတစ်မျိုးတည်းနဲ့ အမြတ်ငွေဝင်နေခဲ့တာ အမေရိကန်ဒေါ်လာ ၆၀၇ သန်းတောင်ရှိခဲ့တယ်လို့ China Central Television မှ သိခဲ့ရပါတယ်။

Flickr

ဒီဟင်းလျာဟာ တရုတ်မှာသာမကဘဲ တရုတ်ပြည်ကိုလာလည်ကြတဲ့ တိုင်းတစ်ပါးသားခရီးသွားတွေကပါ မြည်းစမ်းခဲ့ကြတဲ့အတွက်ကြောင့် ယခုလိုရောင်းကောင်းခဲ့တာပါ။ ဒီနှုန်းအတိုင်း ဆက်သွားမယ်ဆိုရင်တော့ ဟင်းပွဲကြောင့် ၂၀၂၀ ခုနှစ်မှာ ရောင်းအားအမြတ်ငွေဟာ ဒေါ်လာ ၇၇၇ သန်း အထိ မြင့်တက်လာမယ်လို့ ခန့်မှန်းထားကြပါတယ်။

markets Hubei Province

ပုစွန်လုံးအစပ်ချက်ဟင်းလျာဟာ တရုတ်ပြည်ရဲ့သက်တမ်းတစ်လျှောက်မှာ မှာယူဖို့အများဆုံးထဲ ထိပ်တမ်းနံပါတ်တစ်နေရာကို တမဟုတ်ချင်းရောက်ရှိလာခဲ့ပါတယ်။

ဒီဟင်းလျာအခုလိုနာမည်ကြီးလာတာဟာ လူမှုကွန်ယက်တွေမှာ အစားအသောက်စားပြသူတွေကြောင့်ဖြစ်မယ်လို့ ခန့်မှန်းထားကြတယ်လို့ဆိုပါတယ်။

တရုတ်ပြည်ရဲ့သတင်းဌာနတစ်ခုမှာတော့ ခရီးသွားအဖွဲ့တစ်ဖွဲ့ဟာ ဒီဟင်းကိုစားရဖို့အတွက် ၁၀ နာရီကြာအောင် တန်းစီခဲ့ကြတယ်လို့ ပြောထားခဲ့ပါသေးတယ်။ တရုတ်ပြည်နဲ့Hunan ဒေမှာ ပုစွန်လုံးအစပ်ချက်အရမ်းကောင်းတဲ့ဆိုင်တစ်ဆိုင်ရှိပါတယ်။ နောက်ပြီး အလုပ်သမားများနေ့နဲ့လည်းကြုံသွားတဲ့အတွက်ကြောင့် ယခုလို ၁၀ နာရီအထိ စောင့်ခ့ကြရတာပါ။

READ
ရည်းစားဖြစ်သူကိုအလိုမတူပဲလေ့ကျင့်ခန်းလုပ်ခိုင်းလို့ ထောင်ကျသွားသူ

၂၀၁၉ ခုနှစ်အတွက်လည်း ပုစါန်လုံးအခစပ်ချက်ဟင်းလျာဟာ လူစိတ်ဝင်မှုအများဆုံးဟင်းလျာအဖြစ် နံပါတ်တစ်နေရာမှာ ရပ်တည်နေခဲ့ပါတယ်။

pixabay

Source: Global Times

Penny

SHARE