တောထဲက ခရစ္စမတ်သစ်ပင်ကနေ Rockefeller Center ထိရောက်ခဲ့တဲ့ ဇီးကွက်လေး

Ravensbeard Wildlife Center

ယခုနှစ် Rockefeller Center ခရစ္စမတ်သစ်ပင်ကို အလှဆင်ခဲ့တဲ့ အမျိုးသားတစ်ဦးဟာ ပြီးခဲ့တဲ့ စနေတနင်္ဂနွေ ရက်သတ္တပတ်အတွင်းက သစ်ကိုင်းတွေကြားထဲပါလာတဲ့ ဇီးကွက်လေးတစ်ကောင်ကို တွေ့ခဲ့ရပါတယ်။ ဇီးကွက်လေးဟာ နယူးယောက် Oneonta မြို့ကနေ ၃နာရီကြာခရီးကြမ်းကိုဖြတ်သန်းပြီး Manhattan ကိုရောက်လာခဲ့တာဖြစ်တယ်လို့ insider သတင်းအရ သိရပါတယ်။

Ravensbeard Wildlife Center

သစ်ပင်အလှဆင်သူ အမျိုးသားဟာ ၇၅ ပေအမြင့်ရှိတဲ့ Norway spruce အပင်ကြားထဲမှာ Saw-whets ဇီးကွက်လေးကို တွေ့လိုက်ရတာပါ။ သူက ဇီးကွက်လေးကို ဖယ်ရှားဖို့ကြိုးစားပေမယ့် မအောင်မြင်ခဲ့ပါဘူး။ Kalish အမည်ရတဲ့ အမျိုးသမီးကတော့ “ခရစ္စမတ်သစ်ပင်မှာ အလုပ်လုပ်နေတဲ့လူတစ်ယောက်က ဇီးကွက်လေးကိုတွေ့တော့ သူ့မိန်းမကိုလှမ်းခေါ်တယ်။ သူ့မိန်းမက ကျွန်မနဲ့ခင်တော့ ကျွန်မကိုပြောပြတယ်။ ကျွန်မတို့ပဲ ဇီးကွက်လေးကို ခေါ်လာခဲ့တာ။ ဇီးကွက်လေးက ပျံလည်းမပြေးဘူး။” လို့ ဆိုပါတယ်။

Kalish ဟာ ဇီးကွက်လေးကို ဆေးခန်းသွားပြခဲ့ပါတယ်။ ဇီးကွက်လေးကိုတော့ Rockefeller ဆိုပြီး အမည်ပေးထားပါတယ်။ “သူက မြို့ထိရောက်အောင်လာခဲ့တာ။ သူနေကောင်းပါတယ်။ သူ့ကို အစာကျွေးပြီး အားဆေးသွင်းပေးထားတယ်။ သူ့ကြည့်ရတာ ကြံ့ခိုင်တယ်။ တိရစ္ဆာန်ဆရာဝန်ဆီက ဓာတ်မှန်ရမှပဲ သူ့အကြောင်းပိုသိရမယ်။ ဒါပေမဲ့ အခုတော့ သူ့ကိုမြန်မြန်ပြန်လွှတ်နိုင်ဖို့ မျှော်လင့်ပါတယ်။” လို့ Kalish က ပြောပါတယ်။

READ
ဝတ်ထားတဲ့ရှပ်အင်္ကျီနဲ့ပြန်ပတ်မိကာ လည်ပင်းအစ်ပြီးသေဆုံးခဲ့ရတဲ့ ကလေးငယ်
Ravensbeard Wildlife Center

Saw-whets ဇီးကွက်လေးတွေကို မြောက်အမေရိကသစ်တောတွေမှာ တွေ့ရတတ်ပါတယ်။ Kalish ဟာ Ravensbeard Wildlife Center ရဲ့ပိုင်ရှင်လည်း ဖြစ်ပါတယ်။ သူမကတော့ သူမရဲ့ စင်တာကို နှစ်စဉ် ဇီးကွက်တွေတစ်ကောင်မဟုတ် တစ်ကောင်ရောက်လာကြောင်းပြောပြပြီး လတ်တလောမှာတော့ စင်တာထဲမှာ သိမ်းငှက်နဲ့ ဇီးကွက်အကောင် ၂၀ရှိကြောင်း ပြောပြပါတယ်။

Ravensbeard Wildlife Center

ဒီစင်တာဟာ ရန်ပုံငွေတွေနဲ့ရပ်တည်နေတာဖြစ်ပါတယ်။ ငှက်တွေကိုတော့ ကိုက်ဖြတ်သတ္တဝါတွေကို အစာအဖြစ်ကျွေးပါတယ်။ ဇီးကွက်လေး ယာယီနေထိုင်ခဲ့တဲ့ The Rockefeller Center သစ်ပင်ကြီးကတော့ နှစ်ပေါင်း(၇၀-၈၀) သက်တမ်းရှိတဲ့အပင်ကြီးဖြစ်ပါတယ်။ ဒီသစ်ပင်ကိုတော့ Oneonta မှာရှိတဲ့ Daddy Al’s စတိုးဆိုင်ပိုင်ရှင် Al Dick က လှူဒါန်းခဲ့တာဖြစ်ပြီး သစ်ပင်ကြီးကိုတော့ ဒီဇင်ဘာ၂ ရက်နေ့ကစကာ မီးထွန်းညှိမှာဖြစ်တယ်လို့လည်း သိရပါတယ်။

READ
လမ်းလျှောက်လာတဲ့ အမျိုးသမီးအပေါ်ကို အုန်းပင်က တည့်တည့်လဲကျခဲ့

ShweMom

SHARE