ဇနီးသည်ပျော်ရွှင်အောင် ခင်ပွန်းသည်တို့လုပ်ပေးသင့်သည့်အရာ(၇)ခု

အိမ်ထောင်သည်တွေအတွက် ရေရှည်တည်မြဲတဲ့ အိမ်ထောင်ရေးတစ်ခုကို ထူထောင်ဖို့အတွက် အမျိုးသားမှာလည်း တာဝန်ရှိသလို၊ အမျိုးသမီးမှာလည်း တာဝန်ရှိပါတယ်။ အခု Shwemom ရဲ့ အိမ်ထောင်သည် ပရိသတ်ကြီးအတွက် ခင်ပွန်းသည်တစ်ယောက်အနေနဲ့ ဇနီးသည်ပျော်ရွှင်အောင် ဘယ်လိုလုပ်ပေးသင့်တယ်ဆိုတာလေးတွေကို ဖော်ပြပေးလိုက်ပါ
တယ်။

(၁) လိင်မခွဲခြားဘဲ သာတူညီမျှဖြစ်အောင် နေထိုင်ပါ

နေရာတကာ ငါက ယောက်ျားပဲဆိုတာမျိုး စိတ်ထဲမှာ မထားသင့်ပါဘူး။ အမျိုးသမီးကို နေရာပေးရမှာဖြစ်သလို မိန်းမ လုပ် ရမယ့်အလုပ် ယောက်ျားပဲ လုပ်ရမယ့် အလုပ်ဆိုတာကိုလည်း ခွဲခြားတွက်ကပ်လို့ မတော်ပါဘူး။ ဒါကြောင့် ခင်ပွန်းသည်
ကလည်း အိမ်မှုကိစ္စတို့ကို တက်နိုင်သလောက် ၀ိုင်းဝန်းကူညီပေးဖို့ လိုသလို၊ အရာရာ ဦးစားပေး ဆက်ဆံဖို့လိုပါတယ်။

(၂) စိုးရိမ်မှုတွေကို ဂရုတစိုက် နားထောင်ပါ

အိမ်ထောင်သည် အမျိုးသမီးတွေဟာ နှစ်ရှည်လများ ကြာလာတဲ့အခါ ပိုပြီး စိုးရိမ်မှုတွေ မြင့်တက်လာလေ့ရှိပါတယ်။ အဲဒီအခါမျိုးမှာ ဗြစ်တောက်ဗြစ်တောက် ပြောတာမျိုးတွေ ပိုပြီးထူထပ်လာလေ့ရှိပြီး အမျိုးသားတွေ တော်တော်များများ စိတ်မရှည် ဖြစ်တတ်ပါတယ်။ သူတို့ရဲ့ စေတနာတွေလို့ နားလည်လိုက်ပါ။ ဒါကြောင့် သူတို့ပြောသမျှကို သင် အကုန်လိုက်ပြီး လုပ်စရာမလိုပေမယ့် ဂရုတစိုက် နားထောင်ပေးလိုက်ပါ။

READ
လိင်အင်္ဂါမှာ ဒီလိုထူးဆန်းတဲ့ လက္ခဏာတွေတွေ့ပြီဆိုရင် အမျိုးသားများ မပေါ့ဆသင့်

(၃) ကြင်နာစွာ ပြောဆိုဆက်ဆံပါ

အမျိုးသားတွေဟာ ဒေါသထွက်တဲ့အခါ နင်ပဲငစ နစ်နစ်နာနာ ပြောဆိုတတ်ကြပါတယ်။ ဒီထက်ပိုဆိုးတာက ထိုးကြိတ်
ရိုက်နှက် ချင်တာပါဘဲ။ ဒါမျိုးကို အထူး ရှောင်ရှားဖို့လိုပြီး ကြီးသော ပြဿနာကို ငယ်အောင်လုပ်ဖို့ ငြိမ်းချမ်းတဲ့ နည်းလမ်းကို အရင်ဆုံး စဉ်းစားပါ။ မိန်းမကို ကြင်နာစွာ ပြောဆိုဆက်ဆံပါ။ မိန်းမနဲ့ ကြောင်ဟာ ကြင်နာမှုကို အထူးနှစ်လိုသူတွေ
ဖြစ်ပါတယ်။

(၄) စိတ်ကူးအိပ်မက်တွေကို ၀န်းရံကူညီပါ

ဇနီးမယားတွေ တော်တော်များများဟာ အိမ်မှုကိစ္စတွေ လုပ်နေရင်းနဲ့ အနားရတယ်လို့ မရှိပါဘူး။ ဒါပေမယ့် သူတို့တစ်တွေမှာလည်း မွေးရာပါ ပင်ကိုယ်ဗီဇနဲ့ ၀ါသနာတွေ ရှိတတ်ပါတယ်။ ဒါတွေကို အလေးထားဖို့ လိုပါတယ်။ အားလပ်ချိန်ရောက်
တိုင်း အိမ်မှုကိစ္စတွေကို ခဏနားခိုင်းပြီး သူမ ၀ါသနာပါရာတွေကို လုပ်ဖို့ သင်က တိုက်တွန်းပေးပါ။ သင့်ဇနီးဟာ အလွန်
ကံကောင်းတဲ့ ဇနီးသည်ဘ၀ကို ပိုင်ဆိုင်ထားရတယ်လို့ ခံစားမိစေမှာ ဖြစ်ပါတယ်။

(၅) ရုပ်ပိုင်းဆိုင်ရာ ယုံကြည်ချက် ပြည့်နေပါစေ

တစ်ချို့က တစ်သားမွေး တစ်သွေးလှကြပါတယ်။ တစ်ချို့ကကျတော့ တစ်သားမွေးပြီးတာနဲ့ တစ်ရွယ်ကျသွားတတ်ပါ
တယ်။ ဒီအတွက် သူတို့ကို စိတ်မပျက်ပါစေနဲ့။ သူ့အလှကို အချိန်မရွေး ချီးကျူးဖို့က သင့်တာဝန်ပါ။ မိန်းမဆိုတာ အရွယ် ဘယ်လောက်ထိ အိုသည်ဖြစ်စေ အရွယ်တင်လိုက်တာ-လို့တော့ အပြောခံချင်ကြပါတယ်။

READ
ကောင်မလေးတွေကို ဘယ်လိုချီးကျူးမြှောက်ပင့်မလဲ

(၆) တောင်းပန်ဖို့ ၀န်မလေးပါနဲ့

ကိုယ်မှားထားတာ ရှိရင်လည်း တောင်းပန်ဖို့ ၀န်မလေးပါနဲ့။ အမျိုးသမီးတွေဟာ ကြင်နာသနားတတ်သူတွေ ဖြစ်ပြီး၊ ရတန်
သလောက်တော့ ခွင့်လွှတ်နားလည်ဖို့ ကြိုးစားကြပါတယ်။ သူတို့ မသိအောင် လုပ်ထားတဲ့ ပြဿနာရပ်တွေကို သူတို့သိသွားတဲ့အခါ သင့် အမျိုးသမီးဟာ ကြောက်စရာအကောင်းဆုံး မိန်းမ ဖြစ်နေတတ်ပါတယ်။ ဒီတော့ အရာရာကို ဖွင့်ဟ
တိုင်ပင်ဖို့ လိုပါတယ်။

(၇) ချစ်တယ်ဆိုတဲ့စကား အမြဲပြောပါ

မိန်းမတွေဟာ သူတို့ကိုယ်တိုင်က နူးညံ့ကြသလို၊ သူတို့အပေါ်မှာ နူးညံ့တာမျိုးကိုလည်း အလွန်သဘောကျကြပါတယ်။ ဒါကို သင်လည်း ကောင်းကောင်း သဘောပေါက်ပြီး ဇနီးသည်ကို အမြဲလိုလို ပွေ့ဖက်ပါ။ အမြဲလိုလို နမ်းရှိုက်ကြင်နာပါ။ အ
မြဲလိုလို ချစ်ရကြောင်း ပြောပါ။

နတ်စည်တော် (Shwemom)

source : lifehack.org

 

SHARE