ခရီးသွားစဉ် တစ်ကိုယ်ရည်တစ်ကာယ လုံခြုံရေးအတွက် သတိပြုရမယ့်အချက်များ

မကြာခဏဆိုသလို သတင်းစာတွေနဲ့ မဂ္ဂဇင်းတွေထဲမှာ ခရီးသွားဖို့ လုံခြုံစိတ်ချရတဲ့နိုင်ငံတွေနဲ့ အန္တရာယ်များတဲ့နိုင်ငံတွေကို ဖော်ပြပေးထားတာ တွေ့ရမှာပါ။ ဒါပေမယ့် တကယ်တမ်းမှာတော့ ဘယ်နိုင်ငံ ဘယ်နေရာသွားသွား လုယက်တိုက်ခံရဖို့ အခြေအနေဟာ အမြဲတမ်းရှိနေပါတယ်။ ဒါကြောင့် ခရီးမထွက်ခင်မှာ ကိုယ့်ရဲ့ တစ်ကိုယ်ရည်လုံခြုံရေးနဲ့ ပတ်သက်လို့ ကြိုတင်ပြင်ဆင်ထားတာ အကောင်းဆုံးပါ။ အောက်ဘက်မှာတော့ ကိုယ်တစ်ခါမှမသွားလာဖူးတဲ့ မြို့စိမ်း၊ နယ်စိမ်းတွေမှာ သက်တောင့်သက်သာနဲ့ လုံခြုံစွာသွားလာနိုင်ဖို့ လိုက်နာဖွယ်အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

ဓာတ်မတည့်တဲ့အရာတွေကို ချရေးထားပါ

brightside

တကယ်လို့ ကိုယ့်မှာ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်လောက်မယ့် ဓာတ်မတည့်မှုရှိနေတယ်ဆိုရင် ချရေးထားပါ။ ကိုယ်နဲ့ မတည့်တဲ့ဆေး သို့မဟုတ် အစားအသောက် နာမည်တွေကို ကိုယ်သွားမယ့် ဒေသရဲ့ ဒေသသုံးစကားနဲ့ ရေးမှတ်ထားပါ။

မြေပုံတွေနဲ့ ဘာသာပြန် app တွေကို ဒေါင်းလုပ်ဆွဲထားပါ

Instagram

Google Map ၊ Google Translate နဲ့ အခြား app တွေအတွက် အင်တာနက်ရှိဖို့ လိုပါတယ်။ ဒါပေမယ့် အင်တာနက်မလိုတဲ့ အခြား app တွေလည်း ရှိပါသေးတယ်။ တခြား offline version ရတဲ့ မြေပုံတွေ၊ ဘာသာပြန် app တွေကို ဒေါင်းလုပ်ဆွဲထားသင့်ပါတယ်။ ဒါမှ အင်တာနက်မရတဲ့အခါမှာ တစိမ်းနိုင်ငံမှာ သွားရလာရ အဆင်ပြေမှာဖြစ်ပါတယ်။

READ
ကမ္ဘာအရပ်ရပ်ကနေရာများကို အပေါ်စီးမှရိုက်ကူးထားသော ရင်သက်ရှုမောဖွယ်ဓာတ်ပုံများ

အများသုံးသယ်ယူပို့ဆောင်ရေးယာဉ်တွေရဲ့ အချိန်ဇယားကို လေ့လာပါ

Instagram

တကယ်လို့ ဈေးသက်သက်သာသာနဲ့ လိုရာခရီးရောက်ချင်ရင် အများသုံးယာဉ်တွေကို အသုံးပြုရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်အချိန်မှာ ဘယ်ဘတ်စ်ကားလာတယ်၊ မြေအောက်ရထားစနစ်က ဘယ်လိုစသဖြင့် လေ့လာပြီး ခရီးသွားတာက ကုန်ကျစရိတ်အများကြီး သက်သာစေမှာပါ။

အရေးကြီးတဲ့ စာရွက်စာတမ်းတွေကို စကန်ဖတ်ထားပါ

Instagram

နိုင်ငံကူးလက်မှတ်၊ ယာဉ်မောင်းလိုင်စင်၊ အာမခံ၊ ဗီဇာ၊ လက်မှတ်စတဲ့ အရေးကြီးစာရွက်စာတမ်းတွေကို စကန်ဖတ်ပြီး ကိုယ့်ဆီကို အီးမေးလ်တစ်စောင်ပို့ထားပါ။ တကယ်လို့ ကိုယ့်ဆီက နဂိုမူရင်းစာရွက်စာတမ်းတွေပျောက်ခဲ့တယ်ဆိုရင်တောင် အီးမေးလ်ထဲက မိတ္တူတွေနဲ့ ကိစ္စတော်တော်များများကို အဆင်ပြေစေမှာဖြစ်ပါတယ်။ အထူးသဖြင့် ကိုယ်နဲ့ ရင်းနှီးကျွမ်းဝင်မှုမရှိတဲ့ မြို့မှာ နိုင်ငံကူးလက်မှတ် ပျောက်မှာစိုးရိမ်တယ်ဆိုရင် မိတ္တူကူးပြီး သွားလေရာကို မိတ္တူဆောင်သွားတာ ကောင်းပါတယ်။

ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေကို အကျယ်ကြီးမပြောပါနဲ့

Instagram

ဟိုတယ်တည်းတဲ့အခါ ကိုယ့်ရဲ့ နာမည်၊ ဖုန်းနံပတ်နဲ့ အခြားအရေးကြီးအချက်အလက်တွေကို စာရွက်တစ်ခုမှာရေးပြီး ဟိုတယ်ဝန်ထမ်းကို ပေးလိုက်ပါ။ ဒါဆို တစ်ယောက်ယောက်က ခိုးနားထောင်လို့ ရမှာမဟုတ်တော့ပါဘူး။ ဟိုတယ်ဝန်ထမ်းကိုလည်း ကိုယ့်အခန်းနံပတ်ကို အကျယ်ကြီးပြောမခိုင်းပဲ စာရွက်တစ်ရွက်မှာ ရေးမှတ်ပေးခိုင်းတာက ပိုလုံခြုံမှုရှိမှာဖြစ်ပါတယ်။

READ
ကမ္ဘာ့အလှဆုံးတောင်ဝှမ်း(၅)ခု

ပြတင်းပေါက်တွေအားလုံးကို လော့ခ်ချထားပါ

Instagram

ကိုယ့်ဟိုတယ်ခန်း ပြန်ရောက်တဲ့အခါတိုင်း ပြတင်းပေါက်တွေနဲ့ လေသာဆောင်တံခါးတွေကို လော့ခ်ချထား၊ မထား သေချာစစ်ပါ။ ဘာကြောင့်လည်းဆိုတော့ တစ်ခါတစ်လေ ဟိုတယ်သန့်ရှင်းရေးဝန်ထမ်းတွေက သန့်ရှင်းရေးလုပ်ပြီး တံခါးတွေကို လော့ခ်ပြန်ချသွားဖို့ မေ့တတ်ကြတာကြောင့်ပါ။

ချောင်းကြည့်ပေါက်ပေါ်မှာ တိတ် သို့မဟုတ် စာရွက်ကပ်ထားပါ

Instagram

ဟိုတယ်ခန်းတွေမှာရှိတဲ့ ချောင်းကြည့်ပေါက်တွေကနေတဆင့် ဗီဒီယိုအရိုက်ခံရတာ၊ ချောင်းကြည့်ခံရတာစတဲ့ သာဓကတွေရှိဖူးပါတယ်။ ဒါကြောင့် ဟိုတယ်ခန်းထဲဝင်တာနဲ့ ချောင်းကြည့်ပေါက်ကို ရှာပါ။ တကယ်လို့ ချောင်းကြည့်ပေါက်လည်း မရှိဘူး။ ဒါမှမဟုတ် ပျက်စီးနေတယ်ဆိုရင် အဲဒီအခန်းကို လက်မခံပါနဲ့။ အခန်းပြောင်းပေးဖို့ ပြောပါ။ ချောင်းကြည့်ပေါက်တဲ့အခန်းထဲရောက်တဲ့အခါ အတွင်းကနေ ချောင်းကြည့်ပေါက်ကို တိတ် ဒါမှမဟုတ် စာရွက်နဲ့ ဖုံးထားလိုက်ပါ။ ဖော်ပြပါအချက်တွေကို သတိပြုမှတ်သားပြီး ခရီးသွားကြတဲ့ စာဖတ်သူတွေအနေနဲ့ ဘေးအန္တရာယ်ကင်းစွာ သွားလာနိုင်ကြဖို့ ဆန္ဒပြုလိုက်ပါတယ်။

လင်းလင်း (ShweMom)

Ref: Brightside

SHARE