ဒီအချက်တွေနဲ့ ကိုက်ညီနေပြီဆိုရင် “ဂုဏ်ယူပါတယ်”၊ သင်ဟာ ဥာဏ်ကြီးရှင်ပါတဲ့

pexels/pixabay

သိပ္ပံနည်းကျလေ့လာချက်တွေအရ ဆဲတတ်တဲ့သူတွေနဲ့ ကြောင်ချစ်သူတွေဟာ အခြားသူတွေထက် ပိုပြီးဉာဏ်ကောင်းကြတယ်လို့ သိရပါတယ်။ ဒီအချက်တွေအပြင် လူတစ်ယောက်ရဲ့ဉာဏ်ရည်ကို အောက်ပါအချက်တွေနဲ့လည်း တိုင်းတာနိုင်ကြောင်း Brightside သတင်းစာမျက်နှာက ဆိုပါတယ်။

လမ်းလျှောက်မြန်တယ်

ဉာဏ်ရည်ဉာဏ်သွေးနဲ့ လမ်းလျှောက်တဲ့အရှိန်ကြားမှာ တိုက်ရိုက်ဆက်နွယ်မှုရှိပါတယ်။ အရှိန်ပိုမြန်လေလေ လူရဲ့သိမှုဆိုင်ရာ စွမ်းဆောင်ရည်အပေါ် အပြုသဘောဆန်တဲ့ လွှမ်းမိုးမှုရှိစေပါတယ်။ အိုင်ကျူစစ်ဆေးမှုတွေအရ လမ်းလျှောက်မြန်သူတွေဟာ လမ်းလျှောက်နှေးသူတွေထက် (၁၆) မှတ်လောက် ပိုသာနေတာကို တွေ့ရပါတယ်။ ဒါ့အပြင် လမ်းမြန်မြန်လျှောက်တဲ့သူတွေဟာ အသက်ကြီးတာ ပိုနှေးကွေးတယ်လို့လည်း သိရပါတယ်။

ရေပူနဲ့ ရေချိုးရတာ မကြိုက်ဘူး

ရေပူနဲ့ရေချိုးတာဟာ ခန္ဓာကိုယ်ကို အပန်းပြေစေပါတယ်။ ဒါပေမယ့် ဦးနှောက်အတွက်တော့ ရေအေးအေးနဲ့ ခပ်မြန်မြန်ချိုးတာက ပိုပြီး အကျိုးရှိပါတယ်။ ဒါကြောင့် ရေနွေးနဲ့မဟုတ်ပဲ ပုံမှန်ရေနဲ့ ရေချိုးခြင်းဟာ မှတ်ဉာဏ်ကို တိုးတက်စေတဲ့အပြင် ဦးနှောက်စွမ်းဆောင်ရေးနဲ့ စိတ်ခံစားမှုကိုပါ ပိုမိုကောင်းမွန်စေတယ်လို့ သိရပါတယ်။

READ
သင့်ကိုဖိအားတွေလျော့ကျစေနိုင်တဲ့ အလုပ်စားပွဲပေါ်က သစ်ပင်သေးသေးလေးတွေ
pexels/Andrea Piacquadio

စိတ်မတည်ငြိမ်ဘူး

ကမ္ဘာ့လူဦးရေ (၂.၅) ရာခိုင်နှုန်းမှာပဲ bipolar ရှိတတ်ပါတယ်။ Bipolar ဟာ စိတ်ဝေဒနာတစ်မျိုးပါပဲ။ စိတ်ဓာတ်ကျလွယ်ပြီး စိတ်မတည်မငြိမ်ခဏခဏ ဖြစ်တာပါ။ Bipolar ဟာ ဦးနှောက်ရဲ့ စွမ်းဆောင်ရည်အပေါ် အနုတ်သဘောဆောင်တဲ့ လွှမ်းမိုးမှုရှိပေမယ့် bipolar ဖြစ်နေတဲ့သူတွေဟာ အို်င်ကျူပိုမြင့်ပါတယ်။ ဥပမာ ပြောရရင် ဗင်းဆင့်ဗန်ဂိုးနဲ့ အားနက်စ်ဟဲမင်းဝေးတို့ဟာ bipolar ရှိပေမယ့် သူတို့ဟာ ကြီးကျယ်တဲ့ တီထွင်ဖန်တီးသူတွေကြီးလည်း ဖြစ်လာကြပါတယ်။

အခြားသူတွေရဲ့ ခံစားချက်ကို အရမ်းစာနာပေးတတ်တယ်

ဉာဏ်ရည်ဉာဏ်သွေးဆိုတာကို အိုင်ကျူတစ်ခုထဲနဲ့ ဆုံးဖြတ်နိုင်တာမဟုတ်ပါဘူး။ အီးကျူကလည်း အရမ်းအရေးပါပါတယ်။ အီးကျူကောင်းတဲ့သူတွေဟာ အခြားသူတွေရဲ့ စိတ်ခံစားချက်တွေကို ထုတ်ပြောစရာတောင်မလိုပဲ နားလည်ပေးတတ်သူတွေပါ။

pexels/Kate Romeo

လူတွေအစားစားတဲ့အခါ ကြားရတဲ့ တရှူးရှူးတရှဲရှဲအသံကို သည်းမခံနိုင်ဘူး

မကြာသေးခင်က လေ့လာချက်တစ်ခုအရ အချို့လူတွေဟာ မနှစ်မြို့စရာကောင်းတဲ့အသံတွေကို သည်းမခံနိုင်ကြပါဘူး။ ဒီအသံတွေထဲမှာ အသက်ရှူပြင်းသံ၊ လက်ဆစ်ခြေဆစ်တွေချိုးသံနဲ့ ဘောပင်နဲ့ကစားတဲ့အခါ ထွက်လာတဲ့အသံတွေလည်း ပါဝင်ပါတယ်။ ထူးဆန်းတဲ့ ဒီလိုစိတ်နေစိတ်ထားရှိသူတွေဟာ တကယ်တော့ misophonia လို့ခေါ်တဲ့ စိတ်ရောဂါတစ်မျိုးရှိနေသူတွေ ဖြစ်ကြပါတယ်။ ဒါဟာ ဘာကိုညွှန်ပြနေသလဲဆိုရင် အီးကျူအရမ်းမြင့်ပြီး တီထွင်ဖန်တီးနိုင်စွမ်းမြင့်တာကို ပြဆိုနေတယ်လို့လည်း သိရပါတယ်။

READ
ဆေးလိပ်ဖြတ်ချင်နေသူတွေ ... ဒီနည်းတွေနဲ့ ဘ၀အသစ်ကို ပြန်စကြည့်ပါ

လင်းလင်း (ShweMom)

SHARE