အာဖရိကန် လယ်ယာလောကကို တခေတ်ဆန်းစေတော့မယ့် စမတ်လယ်ယာနည်းပညာ

အာဖရိက ဆာဟာရဒေသပိုင်းမှာရှိတဲ့ စိုက်ပျိုးရေးသမားတွေဟာ နည်းပညာရှင်တွေရဲ့ အကူအညီနဲ့ သီးနှံတွေရဲ့ အထွက်နှုန်းနဲ့ သီးနှံအမြတ်အစွန်းတွေကို တိုင်းတာနိုင်ခဲ့ပါတယ်။ လယ်သမားတွေဟာ လက်ကားရောင်းသူတွေကိုလျော့ပြီး စားသုံးသူတွေနဲ့ တိုက်ရိုက်ချိတ်ဆက်နိုင်ကာ ဥရောပနဲ့ မြောက်အမေရိကတစ်လွှားက စတိုးဆိုင်တွေမှာ လယ်ယာထွက်ကုန်ပစ္စည်းတွေ တင်ပို့ပေးနိုင်တော့မှာ ဖြစ်ပါတယ်။

asiaone

အသက်(၂၈) အရွယ် တယ်လီကွန်းမ်အင်ဂျင်နီယာတစ်ဦးဖြစ်တဲ့ အာဝသီယမ်ကတော့ သူမတည်ထောင်ထားတဲ့ Lifantou ကုမ္ပဏီဟာ ကျောင်းကန်တင်းတွေကို လယ်သမားတွေနဲ့ တိုက်ရိုက်ချိတ်ဆက်ပေးတယ်လို့ ဆိုပါတယ်။ သူမက (၂၅-၅၀) ရာခိုင်နှုန်းရှိတဲ့ ကျောင်းအစားအသောက်စရိတ်တွေဟာ ကြားခံလက်ကားရောင်းသူတွေလက်ထဲပဲ ရောက်သွားကြောင်း ပြောပြပါတယ်။ ကျောင်းတွေမှာလည်း ဘတ်ဂျက်ကန့်သတ်ချက်တွေ ရှိနေတာကြောင့် တကယ်လို့သာ လက်ကားရောင်းသူတွေကို လျော့ချလိုက်မယ်ဆိုရင် လယ်သမားနဲ့ ဈေးဝယ်သူ ပိုပြီးအလုပ်တွင်ဖို့၊ ဈေးနှုန်းချိုသာစွာရနိုင်ဖို့ မျှော်လင့်ကြောင်းနဲ့ ကလေးတွေအတွက်လည်း စားသောက်စရာအမယ်တွေ ပိုပြီးရွေးချယ်စရာ စုံလင်မှာဖြစ်ကြောင်း သိရပါတယ်။

asiaone

Pix Fruit အမည်ရတဲ့ ပရောဂျက်ကတော့ လယ်သမားတွေကို အသီးအနှံတွေ ရေတွက်ပေးတာနဲ့ သတ်မှတ်ထားတဲ့ စိုက်ခင်းဧကတွေဆီက သီးနှံတွေကိုရောင်းချတဲ့အခါ အသီးအရေအတွက်နဲ့ အကျိုးအမြတ်ဘယ်လောက်ထွက်မလဲဆိုတာကို တွက်ချက်ပေးပါတယ်။ လယ်သမားတွေဟာ စမတ်ဖုန်း အသုံးပြုပြီး သူ့လယ်ကွင်းထဲမှာရှိတဲ့ သစ်ပင်တွေကို ရွေးပြီးဓာတ်ပုံရိုက်နိုင်ပါတယ်။ Fruit-recognition နည်းပညာကို သုံးပြီး ယေဘူယျသီးနှံအထွက်နှုန်းကို တစ်ခါတည်း စမတ်ဖုန်းကနေ တွက်ချက်ပေးနိုင်တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ သရက်ပင်တွေက သရက်သီးတွေကို တွက်ချက်နေနိုင်ပါပြီ။ ဒါ့အပြင် ဒရုန်းတွေရဲ့ အကူအညီနဲ့ ရာသီဥတု အခြေအနေတွေ၊ မြေအနေအထားတွေကိုပါ ကြည့်နိုင်ပါသေးတယ်။

READ
ကြက်ခြေထောက်နဲ့ Leather Shoe ထုတ်ပြီး အောင်မြင်ခဲ့တဲ့ အင်ဒို စွန့်ဦးတီထွင်သူ
asiaone

ဒီနည်းအားဖြင့် လယ်သမားတွေဟာ စိုက်ခင်းဧက ဘယ်လောက်မှာ သီးနှံဘယ်လောက်ထွက်မယ်၊ ရောင်းချတဲ့အခါ အမြန်ဘယ်လောက်ကျန်နိုင်တယ်ဆိုတာကို စမတ်ဖုန်းဒေတာတွေကနေတဆင့် သိရှိနိုင်မှာပါ။ ဒါ့အပြင် စမတ်ဖုန်းနဲ့ ချိတ်ဆက်ထားတဲ့ Widim Pump သေတ္တာတွေကို sms နဲ့ အမိန့်လှမ်းပေးပြီး စိုက်ခင်းတွေထဲရေဖြည့်သွင်းတာတွေလည်း လုပ်နိုင်ပါသေးတယ်။ ဒါကြောင့် စမတ်ဖုန်းတွေဟာ လယ်ယာစိုက်ပျိုးရေးကဏ္ဏမှာလည်း အရေးပါလာပြီး Fruit-recognition နည်းပညာတွေရဲ့ အကူအညီနဲ့ အာဖရိကရဲ့ လယ်ယာစိုက်ပျိုးရေးကို ပိုမိုတိုးတက်လာအောင် စွမ်းဆောင်နိုင်လိမ့်မယ်လို့ ခန့်မှန်းရပါတော့တယ်။

asiaone

လင်းလင်း (ShweMom)

Ref: asiaone , SCMP

SHARE