ဘက်ထရီအားအကုန်မြန်စေတဲ့ စမတ်ဖုန်း App (၁၀) မျိုး

လေ့လာချက်အသစ်တစ်ခုကနေ တွေ့ရှိချက်အရ အောက်မှာဖော်ပြထားတဲ့ App တွေဟာ ဘက်ထရီအကုန်မြန်စေကြောင်း သိရှိရပါတယ်။ ဒီထဲမှာ Facebook ၊ Snapchat ၊ Netflix တို့လိုလူသုံးများတဲ့ App တွေလည်း ပါဝင်ပါတယ်။ ဒီလေ့လာချက်ကိုတော့ မိုဘိုင်းလုံခြုံရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Avast က Android အသုံးပြူသူပေါင်း (၃)သန်းကျော်ကို စစ်တမ်းကောက်ပြီးမှ သိရှိခဲ့တာဖြစ်ပါတယ်။

စစ်တမ်းအဖြေတွေကို အမျိုးအစား(၂)မျိုး ခွဲခြားထားပါတယ်။ ဖုန်းစစဖွင့်ချင်း တက်လာတဲ့ App တွေနဲ့ ကိုယ့်ဘာသာကိုယ် ဖွင့်ထားတဲ့ app တွေဆိုပြီးတော့ ဖြစ်ပါတယ်။ အောက်ကပုံမှာတော့ ဖုန်းနောက်ကွယ်မှာ Run နေတဲ့ ဘက်ထရီအစားအများဆုံး app တွေကို တွေ့ရမှာဖြစ်ပြီး Google Maps ၊ WhatsApp နဲ့ Facebook တို့ ပါဝင်တာကို ပါတွေ့ရမှာပါ။

Avast

ပုံမှန်အားဖြင့် Google Maps ဟာ မိမိရောက်ရှိနေတဲ့နေရာကို ခြေရာခံပါတယ်။ Facebook နဲ့ WhatsApp ကတော့ မိမိဆီိကိုဝင်လာတဲ့ message တွေကို အမြဲတမ်း noti ပြန်ပေးလို့ရအောင် အင်တာနက်နဲ့ ချိတ်ဆက်ထားရပါတယ်။ ဒါ့အပြင် စမတ်ဖုန်းအသုံးပြုတွေက တမင်တကာရည်ရွယ်ပြီး ဖွင့်လိုက်တဲ့အတွက် ပါဝါအစားမြန်တဲ့ app တွေကိုတော့ အောက်ကပုံမှာတွေ့ရမှာပါ။

Avast

Avast ကတော့ ဘက်ထရီအကုန်မြန်တာသက်သာစေဖို့ စမတ်အသုံးပြုပုံအကျင့်ကို ပြောင်းလဲပစ်ပါလို့ ဆိုထားပါတယ်။ တကယ်လို့ ဘက်ထရီကအရေးပါတယ်ဆိုရင် စာပို့တဲ့ app တွေကပို့လာတဲ့ noti တွေမတက်အောင် ပိတ်ထားတာ၊ စာပို့်တဲ့အကြိမ်အရေအတွက်ကို လျော့ချလိုက်တာ၊ သို့မဟုတ် တစ်ချိန်တည်းမှာ ဖိုင်တွေအများကြီး မဖွင့်ထားမိအောင် သတိထားတာမျိုးတွေလုပ်နိုင်ကြောင်း ကုမ္ပဏီကပြောပြပါတယ်။

နောက်တစ်ခုကတော့ စမတ်ဖုန်းဘက်ထရီတွေဟာ အချိန်ကြာလာတာနဲ့အမျှ စွမ်းဆောင်အား ကျဆင်းလာပါတယ်။ လက်ထဲမှာရှိတာ နှစ်ကြာလာလေလေ ဘက်ထရီကုန်တာ မြန်လာလေလေပါပဲ။ ဘက်ထရီအသုံးပြုနှုန်းကို လူတွေကမထိန်းနိုင်ကြပါဘူး။ ဒါ့ကြောင့် ကုမ္ပဏီတွေအတွက် ရေရှည်အကောင်းဆုံးနည်းလမ်းကတော့ ဘက်ထရီသက်တမ်းတိုးအောင် ကြိုးစားလုပ်ဆောင်ကြဖို့သာဖြစ်တယ်လို့ သိရပါတယ်။

လင်းလင်း (ShweMom)

READ
သမိုင်းအဆက်ဆက် နာမည်ကျော်ခဲ့တဲ့ ကမ္ဘာကျော်စပိုင်များ

Source: TheSun

SHARE