လူတိုင်းမလုပ်ချင်ကြတဲ့ အိမ်သာဆေးပြီး ကုသိုလ်ယူခဲ့ကြတဲ့ စမိုင်းတို့ဇနီးမောင်နှံ

သရုပ်ဆောင်၊ကြော်ငြာမင်းသမီးတစ်ယောက်အဖြစ် ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိခဲ့တဲ့ မင်းသမီးတစ်ယောက်ဖြစ်တဲ့ စမိုင်းကတော့ ပြီးခဲ့တဲ့ နှစ်က အနုပညာလောကထဲကို ပြန်လည်ရောက်ရှိလာခဲ့ပြီး အနုပညာလှုပ်ရှားမှုတွေကို ပြုလုပ်ရင်းနဲ့ ဖေ့စ်ဘုတ်ပေါ်မှာလည်း ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်တဲ့ သူတစ်ယောက် ဖြစ်ပါတယ်။

ပရိသတ်တွေတိုင်း အားကျရတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ စမိုင်းကတော့ အလှူရေစက်လက်နဲ့မပြတ်တဲ့ အနုပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။ သူမကတော့ လတ်တလောမှာလည်း သူမရဲ့ ခင်ပွန်းဖြစ်သူနဲ့အတူ အဓိဠာန် ၃ ရက်ဝင်ခဲ့တာဖြစ်ပြီး အလှူအတန်းတွေလည်း ပြုလုပ်ခဲ့ပါသေးတယ်။

စမိုင်းနဲ့ သူမရဲ့ ခင်ပွန်းကတော့ လူတိုင်းမလုပ်ချင်ကြတဲ့ အိမ်သာဆေးပြီးလည်း ကုသိုလ်ယူခဲ့ကြပါသေးတယ်။ စမိုင်းတို့ဇနီးမောင်နှံကုသိုလ်ယူခဲ့ကြတဲ့ ပုံရိပ်တွေကို ပရိသတ်တွေ သာဓုခေါ်နိုင်ဖို့အတွက်တင်ဆက်ပေးလိုက်ပါတယ်။

Source: Smile

SHARE