သိပ်ချစ်ရတဲ့ သမီးလေးကို အလှဆုံးဓါတ်ပုံလေးတွေနဲ့ မွေးနေ့ဆုတောင်းပေးလိုက်တဲ့ စမိုင်း

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ သူတစ်ယောက်ဖြစ်တဲ့ နာမည်ကျော် မင်းသမီးစမိုင်းကတော့ အနုပညာလောကကို တကျော့ပြန်လည်ရောက်ရှိလာပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိနေတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ သူမကတော့ ပွင့်လင်းပြီး ချစ်စရာကောင်းတ့သူတစ်ယောက်ဖြစ်တာကြောင့် ယနေ့ထိတိုင် ပရိသတ်တွေရဲ့ အချစ်တွေရရှိနေတာလည်းဖြစ်ပါတယ်။ သမီးနှစ်ယောက်မိခင်ဖြစ်တဲ့ စမိုင်းကတော့ ဒီကနေ့မှာ ကျရောက်တဲ့ သူမရဲ့ သမီး အကြီးဖြစ်တဲ့ Portia အတွက် မွေးနေ့ဆုတောင်းပေးထားပါတယ်။

Portiaကတော့ ဒီကနေ့မှာ အသက် ၁၄နှစ်ပြည့်သွားခဲ့တာဖြစ်ပါတယ်။ မိခင်လိုပဲ ဆွဲဆောင်မှုရှိတဲ့အလှကို ပိုင်ဆိုင်ထားတဲ့ Portia ကတော ပရိသတ်တွေကြားမှာလည်း ရေပန်းစားနေတာဖြစ်ပါတယ်။ စမိုင်းကတော့ သူမရဲ့ သမီးလေးကို စာတွေ အရှည်ကြီးရေးပြီး မွေးနေ့ဆုတောင်းပေးထားတာဖြစ်ပါတယ်။

စမိုင်းကတော့ သမီးလေးရဲ့ အလှဆုံးပုံလေးတွေနဲ့ မွေးနေ့ဆုတောင်းစာကို သူမရဲ့ ဖေစ်ဘုတ် စာမျက်နာမှာ တင်ပေးထားတာဖြစ်ပါတယ်။ စမိုင်းတို့ သားအမိတွေကို ချစ်ကြတဲ့ ပရိသတ်တွေအတွက် ဓါတ်ပုံတွေကို တင်ဆက်ပေးလိုက်ပါတယ်။ စမိုင်းရဲ့ အနုပညာလှုပ်ရှားမှုတွေကိုလည်း အားပေးလိုက်ကြပါဦးနော် ပရိသတ်ကြီးရေ။

READ
မင်္ဂလာရက်နီးနေလို့ အပျော်ကြီးပျော်နေကြတဲ့ Priyanka Chopra တို့စုံတွဲ

Source: SMile

SHARE