သူငယ်ချင်းစိုင်းစိုင်းခမ်းလှိုင် ယနေ့အထိ အောင်မြင်နေရတဲ့အကြောင်းကို ပြောလိုက်တဲ့ စမိုင်း

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ နာမည်ကျော် အဆိုတော်တစ်ယောက်ဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်ကတော့ သရုပ်ဆောင်တစ်ယောက်အဖြစ်လည်း နာမည်ကြီးတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အမြဲတမ်း လူငယ်တစ်ယောက်လို နုပျိုနေတဲ့ စိုင်းစိုင်းကတော့ ဒီကနေ့မှာ အသက် ၄၀ ပြည့်သွားခဲ့ပြီဖြစ်ပါတယ်။ နာမည်ကျော် မင်းသမီးတစ်ယောက်ဖြစ်တဲ့ စမိုင်းကတော့ ဒီကနေ့မှာ မွေးနေ့ကျရောက်တဲ့ စိုင်းစိုင်းခမ်းလှိုင်အတွက် မွေးနေ့ဆုတောင်းပေးခဲ့တာဖြစ်ပါတယ်။

စမိုင်းကတော့ စိုင်းစိုင်းနဲ့ စတွေ့စက အကြောင်းလေးတွေကို ရေးထားပြီး သူရဲ့ သူငယ်ချင်းဖြစ်သူ စိုင်းစိုင်းက ယနေ့အချိန်အထိ ဘာကြောင့် အောင်မြင်နေရလဲဆိုတဲ့အကြောင်းကို ပြောပြခဲ့တာဖြစ်ပါတယ်။ စမိုင်းရဲ့ ထင်မြင်ချက်ကို လက်ခံတဲ့ ပရိသတ်တွေကလည်း ကွန်းမန့်တွေရေးသားခဲ့ကြပါတယ်။

အမြဲတက်ကြွနေတဲ့ သူတစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိထားတဲ့ စိုင်းစိုင်းခမ်းလှိုင်လည်း ဒီထက်မက အောင်မြင်မှုတွေရရှိပါစေလို့ မွေးနေ့ဆုတောင်းပေးလိုက်ပါတယ်။

Source: Smile , Sai Sai

SHARE